tag:blogger.com,1999:blog-51438941535673523202024-03-19T11:13:36.920+06:30ပအိုဝ်းသမိုင်းပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.comBlogger136125tag:blogger.com,1999:blog-5143894153567352320.post-22865342483983444772011-10-16T15:40:00.001+06:302011-10-16T15:40:16.549+06:30ကထိန်ခင်းပွဲကထိန်ခင်းပွဲကို ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်ကထင် ” ဟုခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်း တိုင်းရင်းသားတို့သည် ကထိန်ခင်းပွဲ၊ တန်ဆောင်တိုင်ပွဲကို အထူးအထွေ မဆင်နွှဲကြသော်လည်း အောက်မြန်မာပြည် တောင်ငူခရိုင် ဇရပ်ကြီးကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့မူကား ပျော်ပျော်ပါးပါး၊ ခမ်းခမ်းနားနား ဆင်နွှဲကြသည်။ မြင့်မားပြီးလှပသော တန်ဆောင်းပြာသာဒ် သဏ္ဌာန် တည်ဆောက်ကာ၊ တန်ဆောင်တိုင် ပွဲတော်ကို ဆင်နွှဲကြသည်။ နတ်ရွာကျေးရွာသည် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ကျင်းပ၏။ ဇရပ်ကြီးကျေးရွာမူ၊ တန်ဆောင်မုန်း လပြည့်နေ့ရောက်မှသာ ကျင်းပလေသည်။

ဇရပ်ကြီး ကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့သည် သထုံမှ ပြောင်းရွှေ့လာကြသူများဟု ယူဆထားသည်။ ထို့ကြောင့် မိမိတို့ရှိ အပိုင်းလေးပိုင်းကိုလည်း၊ သထုံတွင်ရှိသော ရွာအမည်များဖြင့် ကျုံပါပိုင်း၊ တံတားဦးပိုင်း၊ နောင်ကုလားပိုင်းနှင့် အောက်ကျင်းပိုင်း ဟူ၍ ခွဲခြား ထားသည်။ တန်ဆောင်တိုင်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့် ကိုယ့်အပိုင်းနှင့်ကိုယ် ၀ါး၊ နှီးစသည့် တန်ဆောင်တိုင်လုပ်ရန် ပစ္စည်းကရိယာများကို စုဆောင်းထားရသည်။

အပိုင်းတစ်ပိုင်းတွင် “ ခိုဗန်တန် ” ခေါ် လူပျိုခေါင်းတစ်ဦးစီ ရှိ၏။ လူပျိုခေါင်းက ဦးစီး၍ သူ၏အိမ်တွင် တန်ဆောင်တိုက်ကို လုပ်ကိုင်ကြရသည်။ တန်ဆောင်တိုင်မှာ မီးပဒေသာပင် ဖြစ်၏။ ဇရပ်ကြီးကျေးရွာနေ ပအိုဝ်း တို့က “ တလှူမွူး ” ဟုခေါ်သည်။ တန်ဆောင်တိုင်ကို လုပ်ရန်အတွက် ၀ါးပိုးခပ်ကြီးကြီးကို ရှာရသည်။ သို့မှလည်း ဘုရားကို သယ်ဆောင်သွားကြရာ၌၊ တင်မရာ ကစားရာ၌ ကျိုးရန်မစိုးရိမ်ရတော့ပေ။

တန်ဆောင်တိုင်မလုပ်ခင် ပထမဦးစွာ မိမိတို့ လိုချင်သည့်ပုံကို အကြမ်းဖျင်း အရင်ရေးဆွဲရသည်။ ပုံကြမ်းရလျှင် လိုအပ်သော ၀ါးများကို ခွဲစိပ်ရ၏။ ဖြာရ၏၊ ပအိုဝ်းလူငယ် လူရွယ်များသည် အင်ဂျင်နီယာပညာ မတတ်မြောက်ကြသော်လည်း ဆန်းသစ်တီထွင်မှုကို ပြုကြသည်။

တန်ဆောင်တိုင်မှာ တစ်ပိုင်းနှင့်တစ်ပိုင်း ပုံသဏ္ဌာန်ချင်း မတူညီရပေ။ ဥပမာ - ကျုံပါပိုင်းက ခါးသေး၍ ရင်ချီသောပုံကို ပြုလုပ်လျှင် တံတားဦးပိုင်းက အထက်မှနေ၍ အောက်သို့အဆင့်ဆင့် ကြီးသွားသည့် ပုံမျိုးကို ပြုလုပ်ရသည်။ ပန်းချီမျက်စိဖြင့် ကြည့်လှစေရန်နှင့် သာမန်မျက်စေ့ဖြင့် ကြည့်လျှင်လည်း မရိုင်းစေရန်အတွက် စက္ကူကို ဆေးရောင်စုံခြယ်သကြ၏။

ထိုနောက် အတောင့်ဆုံး ၀ါးလုံးကိုစု၍ အလယ်အူတိုင်ကို ပြုလုပ်ရသည်။ အလယ်အူတိုင်ကို အပြင်မှနေ ကြည့်လျှင် မမြင်ရအောင် ရောင်စုံခြယ်ထားသော စက္ကူကတ်များကို လိုအပ်သည့်နေရာတွင် ချည်ရ၏။ ဆံဖွားများ၊ ကြာဖူးများ၊ ပန်းပွင့်များကို သူ့နေရာနှင့်သူ လိုအပ်သလို ထည့်ပေးရ၏။

တန်ဆောင်တိုင်ကို ဆင်သောအခါ ၀ါးလုံးရှည်အူတိုင်ကြီးကို လှဲ့ထားရသည်။ ဆင်ပြီးသောအခါ တန်ဆောင်တိုင်ကို ထူရန်အတွက် ကာလသား လူပျိုလူရွယ် ၂၀ မှ ၂၅ ယောက်အထိ အောက်ခြေတိုင်ပေါ်သို့ တက်ပေးရ၏။ ထိပ်ဖျားကိုလည်း ကြိုးနှင့်သိုင်းထားရသည်။ ထူရာတွင်လည်း လျင်မြန်စွာ ထူရသည်။ လျင်မြန်စွာ မထူနိုင်ပါက အောက်ခြေ ၀ါးစများသည် လူကိုပြန်ပိတတ်၏။ သို့သော်လည်း ဇရပ်ကြီးကျေးရွာတွင် တန်ဆောင်တိုင်ထူ၍ လူပိသည်ဟူ၍ မရှိသေးပေ။ တန်ဆောင်တိုင်ကို ထူပြီးသောအခါ မလဲအောင် အောက်ခြေကို ကြိုးများဖြင့် သိုင်းချီရ၏။ တန်ဆောင်တိုင်ကိုထူလျှင် ပအိုဝ်း အိုးစည်ဗုံမောင်းများဖြင့် တီး၍ ထူကြသည်။ အမျိုးသမီးများသည် အမျိုးသားများကို အားပေးသည့်အနေဖြင့် ကခုန်ကြသည်မှာ ပျော်စရာပင် ဖြစ်ပါသည်။

တန်ဆောင်တိုင်ကို ထူပြီးလျှင် ညသို့ရောက်သောအခါ တန်ဆောင်တိုင် ထိပ်ဖျားကို ကြိုးနှင့်ဆက်သွယ်ပြီး မီးပုံးများကို သွယ်တန်း ထွန်းညှိကြသည်။ အဝေးမှ လှမ်းမျှော်ကြည့်ပါက စေတီကို မီးပူဇော်ထားသည်ဟု ထင်မှတ်ရပါသည်။ တန်ဆောင်တိုင် မီးကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ဘုရားကို ပူဇော်ကြသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ (အဖိတ်နေ့) တွင်ပင် ကိုယ့်အပိုင်းနှင့်ကိုယ် သံဃာတော်များကို လှူဒါန်းရန်အတွက် ပဒေသာပင်ကို သီးကြသည်။ ပဒေသာပင်တွင် သီးကြသည့် လှူဖွယ်ဝတ္ထုများမှာ အများအားဖြင့် ထီး၊ ဖိနပ်၊ အိုး၊ ခွက် ရေပုံး စသည်တို့ဖြစ်ကြပါသည်။ ပဒေသာသီးများကို တန်ဆောင်တိုင်ပေါ်တွင် တက်ချိတ်ရ၏။ ချိတ်သည့်အခါတွင်လည်း လှုပ်သည့်အခါ မကျစေရန် မြဲမြဲချိတ်ထားရသည်။ တန်ဆောင်တိုင်သည် အမြင့်ပေ ၁၅၀ လောက်ရှိသဖြင့် မရန်လူ ၄၀ မှ ၅၀ ထိ လိုလေသည်။

ရွာနှင့်ဘုရားသည် သုံးဖာလုံ၊ လေးဖာလုံလောက်ဝေး၏။ တန်ဆောင်မုန်းလပြည့် ညနေပိုင်း ၂ နာရီ ထိုးသည်နှင့် ရွာမှဘုရားသို့သွား၇န် အဆင်သင့် ဖြစ်နေကြသည်။ အမျိုးသမီးများသည် ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားကိုပူဇော်ရန် ကြာသင်္ကန်း ပူဇော်ကြ၏။ အမျိုးသမီးများကလည်း ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားပူဇော်ရန်အတွက် ကြာသင်္ကန်းကို ရှေ့မှကိုင်ဆောင်သွားရ၏။ လူငယ်ပိုင်းတို့သည် တန်ဆောင်တိုင်ကို နောက်မှနေ၍ မချီကြရ၏။

လေးပိုင်းတွင်ရှိသော ကြာသင်္ကန်းအားလုံးကို ကန်တော့ပွဲနောက်မှ လိုက်သွားကြရ၏။ တန်ဆောင်တိုင်ကို လှည့်ရာတွင် ကြာသင်္ကန်းအားလုံးကို ကန်တော့ပွဲနောက်မှ လိုက်သွားကြရ၏။ တန်ဆောင်တိုင်ကို လှည့်ရာတွင် စည်ကားလှ၏။ အမြို့မြို့အနယ်နယ်မှ လာရောက်ကြည့်ရှု ကြသည်။ လူတွေများလွန်း၍ လမ်းပိတ်သွားတတ်၏။ လမ်းပိတ်သွားသောအခါ သွားလာရေးခက်ခဲသွား၏။ ထို့ကြောင့် လူအုပ်ကိုခွဲရန်အတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကျွဲရိုင်းဟု ဆိုကာ ကျွဲနှင့်တူအောင် နှစ်ကောင်သုံးကောင်ခန့် လုပ်ရ၏။ ကျွဲရိုင်းလူအုပ်ထဲ တိုးဝင်သောအခါမှသာ လူများလမ်းဖယ် ပေးကြ၏။ ထိုအခါမှ တန်ဆောင်တိုင်ကို သယ်ရန်လွယ်ကူလေသည်။ ကိုယ့်အပိုင်းနှင့်ကိုယ် အပြိုင်အဆိုင် ပြုလုပ်ကြ၏။

တန်ဆောင်တိုင်၏ နောက်တွင် အတီးအမှုတ်များပါသည်။ အများအားဖြင့် အိုးစည်ပင်ဖြစ်၏။ နောင်ကုလားပိုင်းမူကား ဗြောကိုတီးလေသည်။ တန်ဆောင်တိုင်ကို မ ရာတွင် လေးဘက်လေးတန် ညီညီ မ ရ၏။ ဤသို့မဟုတ်ပါက တန်ဆောင်တိုင်သည် တဖက်စောင်းနင်း ဖြစ်သွားတတ်၏။ ထို့ပြင် တန်ဆောင်တိုင်လုပ်စဉ်က အကယ်၍ အူတိုင်မခိုင်ပါက ကျိုးတတ်သည်။ ထို့ကြောင့် ညီညီညာညာ မ ကြစေရန် လူပျိုခေါင်းက ကြီးကြပ်ပေးရသည်။

တန်ဆောင်တိုင်ကို မ ကြရာတွင် တစ်ခါတည်း ဘုရားအရောက် မသယ်ကြပေ။ တန်ဆောင်တိုင်မှာ ကြီးလည်းကြီး လေးလည်းလေးသဖြင့် တစ်ရှိန်တည်း ဘုရားအရောက် မသယ်နိုင်ကြပေ။ တန်ဆောင်တိုင်ကို မ ရာတွင်လည်း ရိုးရိုး မ ကြသည်ထက် ပျော်ရွှင်စေရန်အတွက် လှည့်ပတ်ပြီး ဆောင့်၍ မ ကြသည်။ ဤသို့လှည့်ပတ်၍ ဆောင့်၍ မ ကြခြင်းမှာ မည်သည့် တန်ဆောင်တိုင်သည် ကစားခံသည်။ မည်သို့လှည့်လှည့် မည်သို့ ဆောင့်ဆောင့်၊ မကျိုးကြောင်း ပြလိုသည့်သဘောပင် ဖြစ်၏။ တန်ဆောင်တိုင်သည် အကယ်၍ အလယ်အူတိုင်က ၀ါးပျော့ဖြစ်ပါက ထိုတန်ဆောင်သည် ကျိုးကျတတ်၏။ ကိုင်းညွတ်သွားတတ်၏။ တစ်ပိုင်းနှင့်တစ်ပိုင်း သူသာသည့် အကြောင်း၊ ငါသာသည့်အကြောင်းကို ပအိုဝ်း ဘာသာဖြင့် စာချိုးကြ၏ မခံချင်အောင် စကြ၏။ ဤသို့ မခံချင်အောင် စကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဟော့ဟော့ရမ်းရမ်း၊ ရန်ဖြစ်သည်ဟူ၍ မရှိကြပေ။ ကစားရာတွင်လည်း အလွန်အကျွံ မဖြစ်အောင် ရပ်ကွက်လူကြီးများက ကြပ်မတ်ပေးရသည်။ ထိန်းပေးရသည်။

တန်ဆောင်တိုင်ကို ဆောင့်၍ မကြသဖြင့် မတော်၍ ကျိုးသွားလျှင်သော် လည်းကောင်း၊ လူနည်း၍ မ မ နိုင်လျှင်သော် လည်းကောင်း တစ်ပိုင်းကို တစ်ပိုင်းက ကူညီ၍ မပေးကြသည်။ ကိုယ့်အပိုင်းနှင့်ကိုယ် လုပ်ကြသည်ဟု ဆိုသော်လည်း၊ ဒုက္ခရောက်သောအခါ စည်းစည်းလုံးလုံးဖြင့် ကူညီကြသည်မှာ၊ ပအိုဝ်း တိုင်းရင်းသားတို့၏ ချစ်စရာ ဓလေ့တစ်ခုပင် ဖြစ်ပါသည်။

တန်ဆောင်တိုင်ကို ညနေ ၂ နာရီမှစ၍ ဘုရားသို့ မ ၍ သယ်ကြသည်မှာ ညနေ ၃ နာရီခွဲမှ ဘုရားသို့ ရောက်လေသည်။ အမြန်သွားပါက ၁၀ မိနစ်ပင် မကြာချေ။ တန်ဆောင်တိုင်ကို မ ၍ သွားရင်း၊ တန်ဆောင်တိုင်ကို ချ၍ က ကြရင်းဖြင့်၊ တဖြည်းဖြည်းနှင့် သွားကြသည်။ တန်ဆောင်တိုင်ရှေ့တွင် သွားသော အမျိုးသမီး ကြာသင်္ကန်းအဖွဲ့သည် ဘုရားသို့သွားစဉ်က အတူတူပင် ဖြစ်သော်လည်း၊ အမျိုးသမီး ကြာသင်္ကန်း အဖွဲ့သည် စေတီတော်နှစ်ဆူကို လက်ယာရစ်၍၊ ဘုရားကို ကြာသင်္ကန်း ကပ်လှူကြ၏။ ထိုနောက် ထိုအမျိုးသမီး အဖွဲ့သည် ကြာသင်္ကန်း ကပ်ပြီး၍ ကိုးခန်းဇရပ်တွင် ထိုင်နေကြပြီ ဖြစ်သော်လည်း တန်ဆောင်တိုင်ကို သယ်လာကြသည့် အမျိုးသားအဖွဲ့သည် ရွာထိပ်မှာပင် ရှိနေသေးသည်။

တန်ဆောင်တိုင်ကို သယ်ရာတွင် ကြည့်ရှုကြသည့် ပရိတ်သတ် များလွန်းသဖြင့် ကျွဲရုပ်ထဲတွင် လူဝင်၍ကပြီး၊ လမ်းရှင်းပေးရသည်။ ကျွဲနှစ်ကောင်ကို အောင်ဘာလေကျွဲနှင့် ၀ိုက်ကြီးကျွဲဟု နာမည်ပေးထား၏။ ကျွဲနှစ်ကောင် ဝှေ့ကြသည့်အခါ အိုးစည်ကို အမြန်ဆုံး တီးပေးကြသည်။ ကြည့်ရှုကြသည့် ပရိတ်သတ်များမှာ အပြုံးကိုယ်စီဖြင့် ပီတိဖြစ်ကြရသည်။ လူငယ်ကာလသားများကလည်း အောင်မြင်မှု အထိမ်းအမှတ် အဖြစ် ကကြ ခုန်ကြ သူများမှာလည်း ရေလောင်းထားသည့်အလား တစ်ကိုယ်လုံး ချွေးစို့နေတော့၏။ ရပ်ကွက်လူကြီးများသည် တန်ဆောင်တိုင် လေးပင်စလုံး ဘုရားသို့ ရောက်မှသာ စိတ်ချမ်းသာကြရသည်။ ၀မ်းသာကြရသည်။ မိမိတို့တွင် တာဝန်ရှိသူများပီပီ၊ တန်ဆောင်တိုင်ဘုရားသို့ မရောက်ခင် တာဝန်ရှိသူများ ပီပီ၊ တန်ဆောင်တိုင်ဘုရားသို့ မရောက်ခင် ဘာများဖြစ်လေမည်နည်းဟူ၍၊ စိုးရိမ်စိတ်များ အောင်မြင်ပါမလား ဟူသော သံသယစိတ်များဖြင့် စိုးရိမ်ခဲ့ကြရသည်။ ဘုရားသို့ ရောက်သောအခါ ကိုးခန်းဇရပ်တွင် တန်ဆောင်တိုင်လေးပင်ကို စီတန်း၍ ထားရ၏။

နောက်တစ်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညနေတွင် ပဒေသာ အသီးများ ဖြစ်သည့် လှူဖွယ်ဝတ္ထုများကို သံဃာတော်များအား မဲစနစ်ဖြင့် ကပ်လှူပူဇော်ကြပြီး တရားနာကြ၏။ ဤသို့ တန်ဆောင်တိုင်ပွဲတော်ကြီး ကျင်းပပြီးစီး ပွဲပြီးသောအခါ လူငယ်ကာလသားများက လူကြီးများအား ပအိုဝ်း ဘာသာဖြင့် ---

“ နိန်လေမှ၊ ထွားစိုင်းစိုင်း၊ မိုးဖြားသီးဖာဖြားသီး၊ ဖာနာင်သီး မိုးနာင်သီးနော၊ ဖေးနေးက ဟောင်တိုင်းဟန်နိန်ယို၊ နိသွန်းသီးအီကျိ စာလွေ၊ ဖေထိုင်းယန်းနော ”

(နောင်နှစ်မှ နောက်ထပ် သေသေချာချာ ထပ်ကြည့်ကြအုံးပေါ့ အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေးတို့ ဒီနှစ်ထက် ပိုကောင်းအောင် ကျွန်တော်တို့ လူငယ်တွေ ဆက်ပြီးကြိုးစားပါ့မယ် ထပ်ပြီးအားပေးပါဦး)

ဤကား အောက်မြန်မာနိုင်ငံ တောင်ငူခရိုင်၊ ဇရပ်ကြီး ကျေးရွာရှိ ပအိုဝ်း တိုင်းရင်းသားတို့၏ တန်ဆောင်တိုင်ပွဲ ကျင်းပပုံပင်ဖြစ်၏။ အလှူဒါနပြုပွဲ သာမက ပျော်ပွဲရွှင်ပွဲဟုလည်း ခေါ်နိုင်ပါသည်။ နှစ်စဉ်ပင် တန်ဆောင်မုန်းလ ရောက်တိုင်း တန်ဆောင်တိုင်ပွဲကို ဆင်နွှဲကြသည်။

နတ်တော်လတွင်း “ ခေါပုတ် ” ခေါ် ကောက်ညှင်းထောင်းပွဲကို ကျင်းပကြသည်။ ဤကောက်ညှင်းထောင်းပွဲကို ည ၇ နာရီ၊ ၈ နာရီခန့်တွင် ပြုလုပ်လေ့ ရှိသည်။ ဤတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ လယ်မှထွက်သော ကောက်ညှင်းဆန်သစ်များကို ချက်ပြီး၊ ထောင်းကြ၏။ ထိုနောက် အပြင်အလိုက် အပြားဝိုင်းများကို ပြုလုပ်၏။ စားစရာတွင် လက်နှင့် မကပ်စေ၇န် နှမ်းမှုန့်ကို ဖြူးပေးရသည်။ ကောက်ညှင်းထမင်းဖြင့် ထောင်းထားသည့် “ ခေါပုတ် ” ကို ကြံသကာရည်ဖြင့် တို့၍ စားရ၏။ ငါးခြောက်ကလေးများကိုလည်း ကြော်၍ ငါးခြောက်ကြော်ဖြင့် စားလေ့ရှိသည်။ နံနက်တွင် ညက ပြုလုပ်ထားသော “ ခေါပုတ် ” ကို ဘုန်းကြီးကျောင်းသို့ အရင်ပို့ပြီး သက်ကြီးရွယ်ကြီးနှင့် အိမ်နီးနားချင်း အိမ်များသို့ လိုက်လံပို့၍ ကုသိုလ် ပြုကြသည်။

ပြာသိုလတွင် “ စော်ယာကု ” ခေါ် ယာဂုပွဲတော်ကို နွှဲပျော်ကြ၏။ အိမ်တိုင်းလိုလို ကောက်ညှင်းဆန်ကို ချက်ပြီး ကြံသကာရည်နှင့် ရောရ၏။ ထိုနောက် ဗန်းများဖြင့် အပြင် ပြုလုပ်ကြသည်။ ပြုလုပ်ထားသည့် အပြင်များ ပေါ်တွင် လှော်ပြီးသော မြေပဲကို အခြမ်းလိုက် နှစ်ထား၏။ အချို့လည်း လှော်ပြီးသား မြေပဲကို ထောင်း၍ အပြင်ပေါ်တွင်ဖြူးကြ၏။ ထိုနောက် ကောက်ညှင်းပြင် ကိုလှီးဖြတ်၍ ဘုရားကို ဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း၊ ရွာတွင်းရှိ အိမ်နီးနားခြင်းများ၊ သက်ကြီးရွယ်အိုများသို့ လှူဒါန်းခြင်းများ ပြုလုပ်ကြလေသည်။

တပို့တွဲလတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် တောတွင်းသို့ လှည့်လည်ကာ စုပေါင်းပြီး ထင်းရှာပွဲ ပြုလုပ်ကြ၏။ တောတွင်းသို့ သွား၍ ထင်းများ၊ သစ်ခေါက်များ ရှာဖွေစုဆောင်း၍ ဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းကြ၏။ ဤလသည် အလွန် အေးသဖြင့်၊ သံဃာတော်များ အအေးဒဏ်မှ ကာကွယ်နိုင်စေရန်၊ မီးလှုံနိုင်ရန် အတွက် ထင်းများကို လှူလေ့ရှိ၏။ တပို့တွဲလတွင် “ ခရဲ ” ခေါ် မီးပူဇော်ပွဲကို ကျင်းပကြ၏။

“ ခရဲ ” ဆိုသည်မှာ မီးပူဇော်သည့် မီးတိုင်ကြီးတစ်မျိုး ဖြစ်၏။ “ ခရဲ ” ခေါ် မီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတွင် ပြုလုပ်ကြသည်။ ခရဲမီး ပြုလုပ်ပုံမှာ “ ကလော ” ခေါ် ကျူပင်ငယ် တစ်မျိုး၏ ရိုးတံများကို ၀ါးနက်ဝါး အူတိုင်တွင်၊ ကန်တော့ ထုချွန်သဖွယ် အထပ်ထပ် စည်းကြပ်ချည်နှောင်ထား၏။ ဤထုချွန်ကြီးပေါ်တွင် ၀ါးစိမ်းလေးလုံးဖြင့် ထပ်မံ၍ လေးဘက်လေးတန် ထိန်းချုပ်တွယ် နှောင်ထား၏။ ကန်တော့အခြေမျက်နှပြင်တွင်လည်း တစ်တောင်ခန့်အရှည်ကို ထုတ်ထား၏။

ဤခရဲခေါ် မီးတိုင်ကြီး တစ်ခုလုံးသည် အရှည် ၁၀ တောင်မှ ၁၅ တောင်အထိ ရှိတတ်ပြီး၊ အခြေဖက် မျက်နှာပြင်အ၀ိုင်းသည် အချင်းတစ်ပေမှ တစ်ပေခွဲ အထိ ရှည်လေသည်။ ကန်တော့ချွန်ရိုး တံစည်းကြိုးတွင် ကြိုးကွင်းများကို သီးသန့် ချည်နှောင်ထား၏။ ကြိုးကွင်းများတွင် ထမ်းပိုးများလျှိုကာ တစ်ဖက် တစ်ချက်စီ ထမ်းပိုးသယ်ဆောင်ကြလေသည်။

အမျိုးသားများသည် “ ခရဲ ” များကို မိမိတို့ အဖွဲ့အလိုက် သယ်ဆောင်ကြ၏။ စေတီရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ၊ တစ်ဖက်နှင့်တစ်ဖက် မခံချင်အောင် ပြောင်လှောင်ကြ၏။ တစ်ဖွဲ့နှင့်တစ်ဖွဲ့လည်း မီးတိုင်းချင်င်းကို အပြန်အလှန်ပြေး၍ ထိပ်ချင်းတိုက်ကြသည်။ ပရိတ်သတ်များသည် မီးတိုင်ရော လူများပါလဲအောင် တိုက်နိုင်သည့်အဖွဲ့ကို သြဘာပေးကြသည်။

ဤသို့ မီးတိုင်ချင်း တိုက်ကြသော်လည်း အခိုင်အခံ့ ပြုလုပ်ထားသဖြင့် ပျက်စီးခြင်း မရှိနိုင်ပေ။ သို့သော် အချို့ကမူ မိမိတို့၏ မီးတိုင်အစွန်းရှိ ၀ါးစိမ်းလေးချောင်းကို အတွင်းသို့ ကုပ်ထားသဖြင့် တစ်ဖက်မီးတိုင်၏ အခြေကို ထိခိုက်ပျက်စီးစေနိုင်ပေသည်။

မီးတိုင်ချင်း ထိပ်တိုက်ရာတွင် လူကိုထိခိုက်မှု မရှိနိုင်စေရန်၊ ထမ်းပိုးဝါးလုံးများ ရှည်မှသာ၊ လူကြီးများက ခွင့်ပြုလေသည်။ ဤသို့ မီးတိုင်ချင်း ထိပ်တိုက်ခြင်းသည် အပျော်အပါးနှင့် စွမ်းအင်ပြိုင်မှု သက်သက်သာ ဖြစ်၏။ မီးတိုင်ချင်း ထိပ်တိုက်ပွဲများကို ည ၉ နာရီလောက်တွင် ရပ်စဲကြ၏။

ထိုနောက် မီးတိုင်များကို စေတီတော် ပတ်လည်တွင် အသင့်တူးထားသော တွင်းများတွင်၊ အခြေ၀ါးများအတိုင်း စိုက်ပြီး မီးရှို့ ပူဇော်ကြသည်။ “ ကလော ” ခေါ် ကျူပင်တစ်မျိုး၏ ရိုးတံသည် ကောက်ရိုး၏ သဘောအတိုင်းပင် ဖြစ်၏။ မီးရှို့စတင်သည်မှာ ၂၄ နာရီမျှ ကြာမြင့်စွာ မီးတငွေ့ငွေ့ လောင်ကျွမ်းလေသည်။ မီးလောင်ကျွမ်းနေစဉ် ပေါက်ကွဲသံများ ထွက်ပေါ်စေရန်လည်း၊ ၀ါးလုံးစိန်းများကို ထည့်သွင်းထားတတ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပီပီ၊ တပေါင်းလတွင် သဲပုံစေတီပွဲနှင့် စေတီပုထိုးများတွင် တပေါင်း ဘုရား ပွဲတော်ကို ကျင်းပကြသည်။ တပေါင်းဘုရားပွဲတော်ကို ကုသိုလ်ပြုရင်း၊ ဖူးမြော်ကန်တော့ရင်း ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ထို့ပြင် တပေါင်းလတွင် ပဉ္ဇင်းတက်ပွဲ၊ ရဟန်းခံပွဲ တို့ကိုလည်း ကျင်းပလေ့ရှိ၏။ ကျင်းပပုံမှာလည်း မြန်မာများ ကျင်းပပုံနှင့် ဆင်လေသည်။ ရှင်ပြုပွဲ၊ ပဉ္ဇင်းတက်ပွဲများကို ကျင်းပခြင်းဖြင့် မိဘတို့ဝတ္တရား ကျေပွန်သည်။ ပဉ္ဇင်းတက် - ရဟန်းခံသူ ယောက်ျားလေး များကလည်း ဘုန်းကံရှင်များ ဖြစ်လာသည်ဟု ယုံကြည်ကြလေသည်။

အချုပ်အားဖြင့်ဆိုလျှင် ပအိုဝ်း တိုင်းရင်းသားတို့ ကျင်းပသော ရာသီပွဲတော်များသည် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆအရ ကုသိုလ်ဒါန ပြုခြင်းဖြင့် နိဗ္ဗာန်ရောက်နိုင်သည်ဟူသော ယူဆချက်များကို လိုက်နာပြီး ဆောင်ရွက်ကြသည့် ဘာသာရေး ပွဲတော်များပင် ဖြစ်ပေသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့၏ ရာသီပွဲတော်များသည် ပျော်ရွှင်မှုကိုသာ ဦးမတည်ဘဲ ကုသိုလ်ဒါန ပြုရေးကိုသာ ဦးတည်ကြောင်း တွေ့ရပေသည်။ ကုသိုလ်ဒါန ပြုရေးကိုသာ ဦးတည်ကြောင်း တွေ့ရပေသည်။ ကုသိုလ်ဒါန ပြုရာတွင် လူငယ်ပိုင်းက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြရာ၌၊ မငြီးငွေစေရန် ပျော်ပွဲရွှင်ပွဲ များကို ထည့်သွင်းတတ်ကြလေသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com1tag:blogger.com,1999:blog-5143894153567352320.post-34597324138206558882011-10-16T15:36:00.001+06:302011-10-16T15:36:25.248+06:30ပွယ်လောပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူပါက မြန်မာမားနည်းတူ ဘုန်းကြီးပျံပွဲကို စည်စည် ကားကား ခမ်းခမ်းနားနား ကျင်းပကြ၏။ ဘ၀နတ်ထံ ပျံလွန်တော်မူလေပြီးသော ဆရာတော် ဘုန်းတော်ကြီးအား မီးသင်္ဂြိုဟ်ပူဇော်သည့် ဘုန်းကြီးပျံ ပွဲတော်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်လော ” ဟုခေါ်၏။ “ ပွယ်လော ” မှာ “ လှည့်းပွဲ ” ဟု အဓိပ္ပါယ် ရလေသည်။ ဘ၀နတ်ထံ ပျံလွန်တော် မူသော ဆရာတော် ဘုန်းကြီးသည် သက်တော်ဝါတော်ကြီး ဆရာတော်၊ တကားများက ရိုသေကြည်ညိုသည့် ဆရာတော် ဖြစ်ပါက တကာများ၏ ဆန္ဒအပေါ် မူတည်၍ ခမ်းခမ်းနားနား ကျင်းပကြသည်။ သက်တော်ဝါတော်ကြီး ဘုန်းကြီးသာမက သက်တော်ဝါတော်ကြီး ဦးပဉ္ဇင်း ပျံလွန်တော် မူပါကလည်း၊ ဘုန်းကြီးပျံပွဲကို ကျင်းပလေ့ရှိကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် “ ပွယ်လော ” ခေါ် ဘုန်းကြီးပျံပွဲကို တောင်ယာလုပ်ငန်း ခြံလုပ်ငန်း အားလပ်ချိန်များ ဖြစ်သည့် ပြာသို၊ တပို့တွဲ လများတွင် ကျင်းပကြလေသည်။ အလုပ်အားချိန်တွင်သာ ကျင်းပကြသဖြင့် ပွဲတော်ရက် ကြာတတ်လေသည်။ အချို့ကလည်း ပွဲတော်ခမ်းနားရေးအတွက် ပစ္စည်းစုဆောင်း ပြင်ဆင်ရ၍ အချိန်ကြာလေသည်။

ဘုန်းတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူသည်နှင့် ကျောင်းရှေ့တွင် ပြာသာဒ်ကို ဆောက်ကာ ရိုးရာစပ်ပန်းချီဖြင့် လှပစွာ မွမ်းမံအလှဆင်ကြ၏။ ထိုပြာသာဒ်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ကျောင်နိဗ္ဗာန် ” ဟုခေါ်၏။ ထိုနောက် ရုပ်ကလာပ်တော်ကို “ ကွမ် ” ခေါ် လောင်တိုက်ထဲသို့ထည့်ကာ လုံအောင်ပိတ်ပြီး ပြာသာဒ်ကို ပြောင်းရွှေ့လေသည်။ အချို့ဘုန်းတော်ကြီးတို့သည် “ ကွမ် ” ခေါ် လောင်တိုက်ကို ဘ၀နတ်ထံ မပျံလွန်တော်မူမီ ကြိုတင်ပြုလုပ်ထားတတ် ကြ၏။

ရုပ်ကလာပ်တော် ပြဿဒ်တွင် စံနေတော်မူစဉ် ရွာသားများ အလှည့်ကျစောင့်ကြရ၏။ အခြားရွာမှလည်း လာ၍ အလှူငွေ ထည့်ဝင် လှူဒါန်းကြ၏။ ရိုးရာ စပ်ပန်းချီဆရာက ကုဝေရ၊ ၀ိရူပက္ခ၊ ဓတရဋ္ဌ၊ ၀ိရုဠက စသော နတ်မင်းကြီးလေးပါး အရုပ်ပန်းချီကားကို ရေးဆွဲ၏။ နတ်မင်းကြီးလေးပါး အရုပ်ပန်းချီကား ရေးဆွဲပြီးသောအခါ ထိုနတ်မင်း အရုပ်ပန်းချီကားဖြင့် ရုပ်ကလာပ်တော်ကို စောင့်စေ၏။ နတ်မင်းကြီးလေးပါ အရုပ် စောင့်ပြီးပါက ရွာသားများ စောင့်စရာ မလိုတော့ချေ။

ရုပ်ကလာပ်တော်ကို ကျောင်းပေါ်မှနေ၍ “ ကျောင်နိဗ္ဗာန် ” ခေါ် ပြာသာဒ်သို့ ပြောင်းရွှေ့သည့်နေ့တွင် ပွဲလာဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး၏။ “ မော် ” ခေါ် ပအိုဝ်း စာဟောဆရာကလည်း တရားကို ဟောပြော၏။ ရုပ်ကလာပ်တော် ပြာသာဒ်တွင် စံနေတော်မူစဉ် ကာလအတွင်း ရွာမှဖြစ်စေ၊ အခြားရွာမှ ဖြစ်စေ လင်္ကာကျွမ်းကျင်သူ အမျိုးသမိး လေးငါးယောက်တို့သည် ဘုန်းတော်ကြီးကို တမ်းတလွမ်းဆွတ်သည့် အကြောင်းနှင့် သံဝေဂတရား ရစေသည့် အကြောင်းကို သံနေသံထားဖြင့် လင်္ကာရွတ်ဆို၏။ ထိုသို့ လင်္ကာရွတ်ဆိုခြင်းသည် ကုသိုလ်ရသည်၊ ကုသိုလ်ကြီးသည်ဟု ယုံကြည့်ယူဆ ကြလေသည်။

ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တော့မည် ဆိုပါက နှစ်ရက်ကြာပွဲကျင်းပ၏။ ပွဲပထမနေ့ကို “ ခမ်ထင် ” (ဧည့်ခံပွဲ)ဟု ခေါ်ပြီး ထိုနေ့တွင် ပွဲလာသူတို့အား ဧည့်ခံကျွေးမွေးလေသည်။ ထိုနေ့တွင်လည်း “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာ ပအိုဝ်း ဇာတ်ကို ပင့်ဖိတ်ကြ၏။ ရုပ်ကလာပ်တော်ကို “ ကျောင်နိဗ္ဗာန် ” ခေါ် ပြာသာဒ်မှချသည်နှင့် “ ကျောင်နိဗ္ဗာန် ” ကို ချက်ချင်းဖျက်ရသည်။

ရုပ်ကလာပ်တော်ကို မီးမသင်္ဂြိုဟ်မီ ရုပ်ကလာပ်တော်ကို တင်ဆောင်ရန် ရှစ်လက်မခန့်ထူသည့် သစ်သားကြီးများဖြင့် ပြုလုပ်ပြင်ဆင်ကြသည်။ ထို့နောက် ထွင်းထုထားသော သစ်သားဘီးဖြင့် တပ်ကာ နှီးကြိုးကြီးများဖြင့် ဆွဲကြသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်လော ” (လှည်းဆွဲပွဲ) ဟုခေါ်ကြခြင်း ဖြစ်၏။ ယခုအခါ လွယ်ကူမှုကိုလိုက်၍ လှည်းဘီးကို ဖြုတ်၍တပ်ကြသည်။ ပွဲပြီးလျှင် ပိုင်ရှင်ကို ပြန်ပေး၏။ အချို့က ဘီးမတပ်ဘဲ ဆွဲရာ ထိုဆွဲနည်းကို “ ထို့ကျွတ် ” ဟုခေါ်၏။ ဤဆွဲနည်းမှာ ဘေးကင်းပြီး ဆွဲသည့်လူအားပေါ်တွင် မူတည်၍သွားလေသည်။ ဘီးမပါသဖြင့် အဆွဲရပ်သောအခါ နေရာလည်း မရွှေ့ပေ။ ရုပ်ကလပ်တော်ကို တင်သည့် လှည်းကိုဆွဲရာတွင် အမဲသားစိမ်း ကျွေးပေးရ၏။ သို့မဟုတ်ပါက လှည်းဆွဲ သူတို့အား ထိခိုက်ဒဏ်ရာရစေတတ်သည်ဟု အယူရှိကြလေသည်။

ရုပ်ကလာပ်တော်ကို တည်သည့်လှည်းကို ဆွဲရန်နှီးကြိုးကြီးကို ကျစ်ရန်အတွက် ရွာမှလူအင်အား နည်းပါက အခြားရွာကို တာဝန်ပေး ကျစ်ခိုင်းကြသည်။ လှည်းဆွဲမည့် နေရာပေါ် မူတည်၍ ကြိုးအတိုအရှည်ကို ကျစ်ကြလေသည်။ နှီးကြိုးကြီးမှာ လုံးပတ်ခြောက်လက်မခန့် ရှိ၏။ နှီးကြိုးကြီးမှာ လုံးပတ် ခြောက်လက်မခန့် ရှိ၏။ နှီးကြိုးကြီးမှာ နှီးကြိုးငယ် ကိုးပင်ကို စုပေါင်းကျစ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ထိုကြိုးကို “ ကောက်ကြို ” (ကိုးပင်ကြိုး)ဟု ခေါ်သည်။ ရုပ်ကလာပ်တော်ကိုတင်သည့် လှည်းဆွဲရာတွင် တစ်ရွာနှင့်တစ်ရွာ၊ တစ်ဒေသနှင့်တစ်ဒေသ ပြိုင်၍ဆွဲလေ့ရှိကြ၏။ နိုင်သူတို့က ရှုံးသူတို့အား “ ယီးယီး ” ဟု လက်ညှိုးထိုးကာ လှောင်ပြောင်ကျီစယ် ကြလေသည်။

မီးသင်္ဂြိုဟ်ရက် နီးလာသည်နှင့် မီးသင်္ဂြိုဟ်ရာတွင် လိုအပ်မည့် ဓား၊ ရဲဒင်း၊ တူ၊ လွှ စသည်တို့ကို ငွေရောင်၊ ရွှေရောင် စက္ကူဖြင့် ကပ်ကြသည်။ မီးသင်္ဂြိုဟ်သည့် နေ့တွင် ထိုပစ္စည်းကို အသုံးပြုပြီး အသုံးပြုသူသည် ထိုပစ္စည်းကို မိမိအိမ်သို့ ယူသွားခွင့်ရှိ၏။ မီးသင်္ဂြိုဟ်ရန် ထင်းကို ရွာသားများက စုဆောင်းကြရသည်။ ထင်းရိုင်းများအပေါ်တွင် “ စိုနမ်စာ ” ခေါ် နံ့သာထင်း လေးချောင်း သို့မဟုတ် ရှစ်ချောင်းကို တင်ထားရ၏။ ရုပ်ကလာပ် အပေါ်တွင်လည်း “ မို့ ” ခေါ် ပိတ်ဖြူကို ဖြန့်မိုးထားရ၏။ မွန်းလွဲ ၂ နာရီခန့်တွင် မီးသင်္ဂြိုဟ် ကြလေသည်။

လောင်တိုက်ကို မီးသင်္ဂြိုဟ်ရာတွင် “ မေရှူး ” ခေါ် မီးရှူးဖြင့် မီးရှို့လွှတ်သင်္ဂြိုဟ်ကြ၏။ “ မေရှူး ” ခေါ် မီးရှူးကို အောက်မှနေ၍ သွပ်ကြိုးဖြင့် တန်းကာ ရှို့လွှတ်ကြသည်။ ထိုအခါ “ မေရှူး ” ခေါ် မီးရှူးသည် သွပ်ကြိုးတစ်လျောက် ပြေးပြီး လောင်တိုက်ကို ထိမှန်ကာ မီးလောင်ကူးစက်လေသည်။ အချို့က ပုခက်သဖယ်ပြုလုပ်၍ သင်္ဂြိုဟ်ကြသည်။ သင်္ဂြိုဟ်ပုံမှာ လူလေးယောက်ကို တစ်ဖက်နှစ်ယောက်စီ ရုပ်ကလာပ်တော်ကို ပုခက်လွှဲ၍ မီးသွေးဖြင့် သင်္ဂြိုဟ် ကြခြင်းဖြစ်၏။ မီးသင်္ဂြိုဟ်ရာတွင် မီးလုံးဝ မကြွင်းကျန်စေရပေ။ မီးကြွင်းမီးကျန် ရှိနေပါက ရွာကိုထိခိုက်တတ်သည်ဟု အယူရှိကြသည်။ သင်္ဂြိုဟ်ပြီးသော အခါ အရိုးကိုကောက်ပြီး ရွာ၏ “ သီရိ ” မြေနေရာတွင် “ မုတ် ” ခေါ် ဂူကိုတည်ကြလေသည်။ “ ပွယ်လော ” ခေါ် ဘုန်းကြီးပျံ ပွဲတော်သည်လည်း “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပွဲကဲ့သို့ ပအိုဝ်းရိုးရာ ဓလေ့ပွဲတော်များတွင် အပျော်ဆုံး ပွဲတစ်မျိုးပင်ဖြစ်၏။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com1tag:blogger.com,1999:blog-5143894153567352320.post-83706190540523045272011-10-16T15:34:00.004+06:302011-10-16T15:34:42.549+06:30ရာသီပွဲတော်များပအိုဝ်း တိုင်းရင်းသားတို့တွင် ဆယ့်နှစ်ရာသီစလုံး ပွဲတော်များ ရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲ၊ ၀ါကျွတ်ပွဲ၊ ကထိန်ခင်းပွဲ များကိုသာ ခမ်းခမ်းနားနား၊ သိုင်းသိုင်းဝိုင်းဝိုင်း ကျင်းပကြသည်။ အခြားလများတွင်လည်း ရာသီအလိုက် ပွဲတော်များ ကျင်းပကြ၏။

နှစ်သစ်သို့ ကူးပြောင်းချိန်ဖြစ်သော အတာသင်္ကြန် ရက်များတွင်လည်း ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာများနည်းတူ သင်္ကြန်ပွဲတော်ကို နွှဲပျော်ကြသည်။ သင်္ကြန်ကျရက်မှ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကန်တော့ပွဲများဖြင့် ရွာတွင်းရှိ သက်ကြီးရွယ်အိုများကို သွားရောက်ကန်တော့ ကြသည်။ အသက်အရွယ် မကြီးသော်လည်း ဥပုသ်သီလ ဆောက်တည်သူများကို အကန်တော့ခံ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ကန်တော့ကြသည်။

သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန် ဇရပ်များသို့ ရွာလုံးကျွတ် သွားရောက်၍၊ ဗုဒ္ဓရုပ်ပွားတော်များ စေတီတော်များကို ရေသပ္ပါယ်ကြသည်။ သက်ကြီး ရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ချိုးရေခပ်ပေးခြင်းများ ပြုလုပ်ပေးကြသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်နိုင်ရန် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် နေရာသီးသန့် ပြုလုပ်ထားကြသည်။

ထို့ပြင် သင်္ကြန်ကာလ သုံးရက်အတွင်း မည်သည့်တောင်ယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကိုမျှ မပြုလုပ်ကြချေ။ အစားအသောက်မှအစ သုံးရက်စာ ကြိုတင် သိုလှောင်ထားကြသည်။ အချို့မှာ သောက်သုံးရေကိုပင် သုံးရက်အတွက် ကြိုတင် ခပ်ထားကြသည်။

သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးမကျန် အိုးစည်ဗုံမောင်းများတီးကာ၊ သွားရောက် ကန်တော့ကြသည်။ ဤသို့ဘုန်းကြီးကျောင်း တက်သည်ကို ပအိုဝ်း ဘာသာအားဖြင့် “ ထန်ကျောင် ” ဟုခေါ်၏။

သင်္ကြန်ကျချိန်တွင် မြန်မာများကဲ့သို့ပင် ရေပက်သော အလေ့အထရှိ၏။ အများအားဖြင့် သင်္ကြန်အတက်ရက်တွင် ရေပက်လေ့ရှိကြသည်။ ဘုရားသွား ကျောင်းတက် သူများကိုမူကား မပက်ကြပေ။

ကဆုန်လနှင့် နယုန်လတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် ကုသိုလ်ပြုရန် ဘုန်းတော်ကြီးကျောင်းသို့ စုပေါင်း၍ သွားလေ့ရှိကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း၍ ဆွမ်းချက်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်သူများကို ထမင်းကျွေးခြင်း စသည်တို့ကို ပြုလုပ်ကြလေသည်။ ထို့ပြင် ကဆုန်လတွင် ပျော်ရွှင်မှုအတွက် “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပြိုင်ပွဲကို စုပေါင်းဆင်နွှဲကြသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည် ကဆုန်လ၊ နယုန်လကို နှစ်သစ်လ ဟု ယူဆကြ၏။ ထို့ကြောင့် တောင်ပေါ်ရှိ စေတီများတွင် ဆွမ်းလောင်းပွဲ ကျင်းပကြသည်။ ဆွမ်းလောင်းပြီးလျှင် “ လုဖိုင် ” ခေါ် ဒုံးကို ရှို့လွှတ်ကြသည်။ “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပွဲသည် ပအိုဝ်း တိုင်းရင်းသားတို့၏ ပျော်စရာကောင်းသော ပွဲတစ်မျိုးပင်ဖြစ်၏။ ကဆုန်၊ နယုန်လများတွင် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲကိုလည်း ကျင်းပကြသေး၏။

အများအားဖြင့်၊ ဘုန်းတော်ကြီးကျောင်း အနီးတွင် ဆယ်ပေပတ်လည်ရှိသော လေးထောင့်ပုံပတ်လည် အဆောက်အအုံကို ပြုလုပ်ထားလေ့ရှိ၏။ တိုင်လေးတိုင် စိုက်ထူထားပြီး အကာမရှိဘဲ၊ အမိုးမိုးထား၏။ အလယ်နေရာတွင် ဘုရားရုပ်ပွားတော်များ တင်ထားရန်စင်ဖြင့် ပြုလုပ်ထား၏။ ပွင့်ပြီးသော ဘုရားလေးဆူကို ရည်မှန်း၍ ဘုရားလေးဆူ တင်နိုင်ရန် ပြုလုပ်ထား၏။ ကျောင်းဆောင်နှင့် ဆယ်ပေအကွာနေရာတွင် ငါးပေခန့်အမြင့်ရှိသည့် ရေတံလျှောက်မှ ရေစီးလာလျှင် ရေများလည်၍ စီးဆင်းနိုင်စေရန် သစ်သားပြားအ၀ိုင်း ပြုလုပ်ထား၏။ ရုပ်ပွားတော်များပေါ်သို့ နိမ့်လျောသော ရေတံလျှောက် ပြုလုပ်ထားသဖြင့် ရေတံလျှောက်မှ ရေများ ရုပ်ပွားတော်များပေါ်သို့ စီးကျစေပြီး၊ ရေသပ္ပါယ်ပြီးသား ဖြစ်သွား၏။ အိမ်တွင်လည်း ဘုရား ရေသပ္ပါယ်လေ့ရှိကြ၏။ အများအားဖြင့် အမျိုးသားများက ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ကို ကိုင်ပြီး သန့်ရှင်းစေရန် ရေသပ္ပါယ်လေ့ ရှိကြ၏။ နှစ်ဟောင်းမှ အညစ်အကြေး စင်ကြယ်၍ နှစ်သစ်တွင် သန့်ရှင်းစေလိုသော စေတနာသဒ္ဒါတရားဖြင့် ကုသိုလ်ပြုကြခြင်း ဖြစ်၏။

ထို့ပြင် သက်ကြီးရွယ်အိုများကို ရေချိုးပေးခြင်း၊ ခြေဆေးလက်ဆေး ပေးခြင်း၊ ကျောင်း၊ ဘုရားသို့သွား၍ ဘုရားပန်းအိုးများ ဆေးကြောသန့်စင်ခြင်း၊ ရေအသစ်လဲခြင်း၊ ပန်းများအသစ်လဲခြင်း ကုသိုလ်ကောင်းမှုပြုကြ၏။ ပန်းကတော့များ ပြုလုပ်၍လည်း ဘုရားကို ကပ်လှူပူဇော်လေ့ရှိ၏။

သက်ကြီးများကိုလည်း ခေါင်းလျှော်ပေးကြ၏။ ခေါင်းလျှော်ရာတွင် ပထမဆုံး မိမိတို့ကျောင်းတက်စဉ်က ဘုရားတွင် လှူထားသော ရေကို အိမ်သို့ ယူဆောင်၍ ခေါင်းဆေးမင်္ဂလာပြုလေ့ ရှိကြသည်။ နေ့သားအလိုက် အရိပ်ကောင်းသော သစ်ပင်အောက်တွင် စုရုံး၍ ခေါင်းဆေးမင်္ဂလာ ပြုလေ့ရှိကြ၏။ ခေါင်းဆေးမင်္ဂလာ ပြုကြမည့်သူများအား ရေကို ခွဲဝေပေးလေသည်။

ရေကစားသည့် အလေ့ရှိသော်လည်း အနည်းအကျဉ်းလောက်သာ ကစားကြလေသည်။ ရေပက်ကစားခြင်းနည်း၏။ ရှေးအခါက၊ အမျိုးသားများသည် အမျိုးသမီးအား ရေလောင်းကစားကြ၏။ ရေလောင်းပုံမှာ ရေကို ဘူးတွင်ထည့်၍ အမျိုးသမီး၏ ကျောပြင် လက်မောင်း စသည်တို့ကို လောင်းလေ့ရှိ၏။ ရာသီဥတုအေးသဖြင့် ရေများစွာ လောင်းခြင်း၊ ပက်ခြင်းကို ရှောင်ကြဉ်ကြခြင်း ဖြစ်မည်ဟု ယူဆရပေသည်။

တန်ခူးလတွင် “ မုန်ဆီကျော်နှင့် မုန့်ဖက်ထုပ်များကို ပြုလုပ်၍ ဝေငှပေးလှူကြ၏။ မုန့်ဆီကြော်မှာ ကောက်ညှင်းမှုန့်ကို ကြံသကာရည်ဖြင့် ဖျော်၍ ဆီဖြင့် ကျော်ထားခြင်း ဖြစ်၏။ မုန့်ဖက်ထုပ်မှာ ကြံ့သကာရည်ဖြင့် ဖျော်ထားသော ကောက်ညှင်းမှုန့်ကို ငှက်ပျောဖက်ဖြင့် ထုပ်ထားခြင်းဖြစ်၏။ ပအိုဝ်း တိုင်းရင်းသားတို့က “ မုန့်ဆီကြော် ” ကို “ တခိုးစွမ် ” ဟု လည်းကောင်း၊ မုန့်ဖက်ထုပ်ကို “ တခိုးလွမ် ” ဟုလည်းကောင်း ခေါ်ကြသည်။ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ် တို့ကို ဘုရားတင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း ပြုကြသည်။ အနီးအနား ပတ်ဝန်းကျင်ရွာများမှ ဆွေမျိုး မိတ်သင်္ဂဟ များကိုလည်း သွားရောက်ဝေငှ ပေးလှူကြ၏။

သင်္ကြံန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးပါမကျန် အိုးစည်ဗုံမောင်းများတီးကာ သွားရောက်ကန်တော့ကြသည်။ ကျောင်းတက်သည်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ထန်ကျောင် ” (ကျောင်းတက်သည်) ဟုခေါ်၏။ သင်္ကြံန်ရက် များတွင် ရွာလုံးကျွတ် ၃ ရက်မှ ၁၀ ရက်ခရီးအထိ လှူဖွယ်ပစ္စည်း စုံလင်စွာဖြင့် ကျောင်းတက်ကန်တော့ကြလေသည်။ ဘုန်းကြီးကျောင်း ကန်တော့ သွားရာတွင် အမျိုးသမီးများသည် ဆွမ်းဟင်းခဲဖွယ်များကို ချိုင့်နှင့်ဖြစ်စေ၊ ဖက်နှင့်ထုပ်၍ ဖြစ်စေ ယူဆောင်သွားလေ့ ရှိကြပြီး။ ဘုရားဆွမ်းတော်ကပ်ခြင်း၊ ဘုန်းတော်ကြီးကို ဆွမ်းကပ်ခြင်း ပြုလေ့ရှိကြသည်။ အချို့မှာ ကန်တော့ပြီး နောက်သီလယူ၍ ဥပုသ်စောင့်လေ့ ရှိကြသည်။ “ မော်အေး ” (ကွက်စိပ်ဟော) သည်ကို နားထောင်ကြသည်။

တန်ခူးလတွင် လက်ထပ်ခြင်းကို ရှောင်ကြဉ်ကြ၏။

ဝါတွင်းချိန်ခါ ဖြစ်သည့်ဝါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများတွင် ကျင်းပကြသည့် ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသည့်ပွဲမှာ “ သွံဥပုသ် ” ခေါ် ဥပုသ်ဆွမ်းပွဲပင် ဖြစ်၏။ အချို့ဒေသတွင်မူ “ စာဂ ” (ကျွေးမွေးသည်) ဟုခေါ်၏။ ဥပုသ်ဆွမ်း ကျွေးမွေးလှူဒါန်းသည့်ပွဲကို ၀ါတွင်းသုံးလဖြစ်သည့် ၀ါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ၊ လပြည့် လကွယ်နေ့တိုင်း မနက်ပိုင်းတွင် ကျင်းပကျ၏။ ဥပုသ်ဆွမ်းပွဲမှာ ဥပုသ်စောင့်သူများကို ကျွေးမွေးသည့် ပွဲပင်ဖြစ်၏။ ဤဓလေ့ကို ရှမ်းပြည်နယ်မှ ပအိုဝ်း တိုင်းရင်းသားများလည်း ကျင်းပကြသည်။ ၀ါတွင်းကာလတွင် “ မော် ” ခေါ် စာဟောဆရာကို ပင့်ဖိတ်ကာ စာဟောစေခြင်း စာဂ ကျွေးမွေးခြင်း ပြုကြသည်။

ဥပုသ်ဆွမ်းကို ရပ်ကွက်အလိုက် လည်းကောင်း၊ တစ်ရွာလုံးအနေဖြင့်လည်းကောင်း၊ ကျင်းပကြသည်။ ရွာကြီးပါက ရပ်ကွက်အလိုက် တာဝန်ယူကျင်းပ ကြသည်။ တာဝန်ကျသည့် ရပ်ကွက်သည် အလှူငွေ၊ ဆန် စသည်တို့ကို ရပ်ကွက်တစ်ခုလုံးတွင် ကောက်ခံ၍ ကျင်းပ၏။ ငွေအင်အားအလိုက် သင့်တော်သလို ကျွေးမွေးလှူဒါန်း၏။ အလှူငွေကောက်ခံခြင်း၊ ချက်ပြုတ်ခြင်း စသည်တို့ကို လူကြီး လူငယ်၊ အပျို အအိုမရွေး စုပေါင်းလုပ်ဆောင် ကြသည်ကို တွေ့ရသည်။

ဥပုသ်နေ့ညနေ ၃ နာရီမှ ၅ နာရီးအကြေားတွင် ကာလသား နှစ်ယောက်ခန့်သည် ပေါက်ပေါက်၊ အိုး၊ ဖယောင်းတိုင်၊ မီးခြင်း၊ ဆေး စသည်တို့ကို ယူဆောင်၍ ဥပုသ်ဇရပ်သို့ သွားရ၏။ ထိုနောက် ဥပုသ်စောင့်သူ လူကြီးသူမများကို ၄င်းတို့အဆင်သင့် ထားရှိသော ကွမ်းအစ်ဖုံး ခွက်စသည်တို့တွင် ပေါက်ပေါက် နည်းနည်းစီ ထည့်ပေးကြ၏။ ဥပုသ်သည်များကို ရိုသေစွာ ရှိခိုး၍ ရိုးရိုးစကားများဖြင့် လည်းကောင်း၊ ကဗျာ လင်္ကာဖြင့် လည်းကောင်း ပင့်ဖိတ်ရသည်။

ဥပုသ်သည် များကလည်း မိမိတို့ လက်ခံပါကြောင်းကို ရိုးရိုးစကားဖြင့် လည်းကောင်း၊ ကဗျာလင်္ကာဖြင့် လည်းကောင်း ပြန်လည်ဖြေကြားသည်။ ဥပုသ်သည်များကို ဖိတ်ရာတွင် ဘုန်းတော်ကြီးကို အလျင်အကြောင်းကြား ဖိတ်မန္တက ပြုပြီးမှ ဥပုသ်သည်များကို ဖိတ်ရ၏။ ထိုညတွင် ဥပုသ်စောင့် သူများသည် ဇရပ်တွင်ပင် အိပ်ကြရ၏။ ဥပုသ်သည်များကို ဆွမ်းကျွေးမွေးလှူဒါန်းရခြင်းမှာ ဥပုသ်သည်များသည် ကျောင်းသို့သွား၍ မိမိတို့ သားသမီးများကို ခွဲခွာကာ သံယောဇဉ်ဖြတ်သူ၊ ဥပုသ်စောင့်ကြသူများ ဖြစ်သဖြင့် ပို၍ အကျိုးရှိသည်ဟု ယူဆကြ၏

ဥပုသ်သည်များသည် ကာလသားတို့ ပင့်ဖိတ်သည်ကို လက်ခံကြောင်း ပြောကြရ၏။ ထိုသို့ပြောရာတွင် “ သားတို့သမီးတို့ ပင့်ဖိတ်သည်ကို လက်ခံပါသည် ” ဟု မပြောရပေ။ သားတို့သမီးတို့အစား “ မောင်တို့မယ်တို့ ” ဟု ပြောရသည်။ သားတို့ သမီးတို့ဟု ပြောပါက ဥပုသ်စောင့် သူများသည် သံယောဇဉ်မကုန်ဟု ယူဆကြ၏။

နောက်မနက် မိုးလင်းချိန်တွင် ဥပုသ်ဆွမ်းကျွေးရန် တာဝန်ကျသူ ကာလသား၊ ကာလသမီးများသည် ထမင်းဟင်းများကို ကျောင်းသို့ သယ်ဆောင်၍ ဘုန်းတော်ကြီးကို ဆွမ်းကပ်၏။ ထို့နောက် ဥပုသ်သည်များကို ကျွေးမွေးလေသည်။ ဥပုသ်ဆွမ်း ကျွေးမွေး ပြီးသောအခါ ဥပုသ်သည် တစ်ယောက်စီ အတွက် ဆေးလိပ်တစ်လိပ်စီ၊ အသင့်ရာထားသော ကွမ်းယာတစ်ယာစီ ဝေငှလေသည်။ ဤအမှုများ ပြီးသောအခါ ဥပုသ်စောင့်သူများရော၊ ကာလသား၊ ကာလသမီးများပါ တရားတော်ကို အတူတကွ နာယူကြ၏။ တရားတော် နယူပြီးသောအခါ မိမိတို့အိမ်သို့ ပြန်ကြလေသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည် တစ်လလျှင် နှစ်ကြိမ်ကျ ဥပုသ်ဆွမ်းကျွေးပွဲကို ကျင်းပပြီး၊ ၀ါတွင်းသုံးလအချိန်ကို ကုန်လွန်စေသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် သီတင်းကျွတ်လတွင် ၀ါကျွတ်ပွဲကို ဆင်နွှဲကြပြန်၏။ ၀ါကျွတ်ပွဲကို ဂေါတမ မြတ်စွာဘုရား တာဝိံသာ နတ်ပြည်မှ ကြွဆင်းသည့် အချိန်အခါအဖြစ် ဆင်နွှဲကြ၏။ ၀ါကျွတ်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့မှ လဆန်း ၁၅ ရက် လပြည့်နေ့အထိ နှစ်ရက်ကြာ ဆင်နွှဲကြ၏။ ဤနှစ်ရက်လုံးတွင် ဘုရားကို ဆီမီးပူဇော်ကြသည်။ ဤပွဲကို “ ပွယ်ပန်မေဗို ” ဟုခေါ်၏။

“ ပွယ်ပန်မေဗို ” ခေါ် ၀ါကျွတ်မီး ပူဇော်ပုံမှာ တစ်တိုင်နှင့်တစ်တိုင် ဆယ်ပေခန့် ကွာဝေးသည့် ၀ါးတိုင်ကလေများပေါ်တွင် ၀ါးခြမ်းရှည် ခပ်ပါးပါးကို ဆက်၍သွယ်တန်းထား၏။ ထိုဝါးခြမ်းရှည်ပေါ်တွင် မီးပုံးများကို ချိတ်ဆွဲထွန်းညှိထား၏။ မီးတိုင်များကို အမျိုးသမီးများ တစ်ယာက်တစ်တိုင်စီ ကိုင်ကြ၏။ အိုးစည်ဗုံမောင်းတီး၍ ထိုဆီမီးတိုင်ကို စေတီတို့ သယ်ဆောင်ပူဇော်ကြသည်။ ဤသို့သယ်ဆောင်ရာတွင် မီးပုံးတန်းကြီးမှာ စေတီသို့အရောက် လမ်းတစ်လျှောက်တွင် နှစ်ဖာလုံခန့် ရှည်လျားပြီး၊ တပျော်တပါး သယ်ဆောင်ကြသည်။ စေတီယင်ပြင်သို့ရောက်လျှင် ယင်းမီးပုံးတန်းကြီးကို စေတီပတ်လည် ၀ိုင်းရံ၍ စိုက်ထူပူဇော်ကြသည်။

စေတီပတ်လည်တွင် ထိုးထားသည့် အမြင့်လူတစ်ရပ်၊ အကျယ်တစ်ပေခွဲခန့်ရှိ စင်များပေါ်တွင် ဆီမီးခွက် ၁၀၀၀ တိတိကို ညနေ ၆ နာရီလောက်မှစ၍ မီးထွန်းညှိ ပူဇော်ကြ၏။ ဆီမီးခွက်စင်၏ အောက်တွင်လည်း ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းပွင့်များနှင့် ယာခင်းတွက် သစ်သီးဝလံများကို ကြိုးဖြင့် ချိတ်ဆွဲ ကပ်လှူကြလေသည်။

အချို့မှာ ဘုရားကျောင်းဆောင်ကို နှီးတို့ဖြင့် ယက်လုပ်၍ ဆေးရောင်ခြယ်ခြင်း၊ ရောင်စုံစက္ကူကပ်ခြင်းဖြင့် လှပအောင် ပြုလုပ်ထား၏။ ဘုရားကျောင်းဆောင်၏ ထောင့်လေးထောင့်တွင် ငှက်ပျောပင်၊ ကြံပင်များကို စိုက်ထူချည်နှောင်ထား၏။ ဘုရားကျောင်းဆောင် အောက်တွင်လည်း ခြံထွက်သစ်သီးဝလံများကို ချိတ်ဆွဲလှူဒါန်းကြ၏။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့ညဘက်တွင် ဘုရားကျောင်းဆောင်တွင် ပန်း၊ ဆီမီး၊ ရေချမ်း တို့ဖြင့် လှူဒါန်းပူဇော်ကြ၏။ ဘုရားကျောင်းအောက်တွင် ချိတ်ဆွဲထားသော သစ်သီးဝလံကို သီတင်းကျွတ် လပြည့်ကျော် သုံးရက်လွန်မှသာ မိမိတို့ ပူဇော်ထားသော သစ်သီးဝလံများကို စွန့်ပစ်ကြသည်။ ဘုရားကျောင်းဆောင်ကိုလည်း လူနှင့်ဝေးရာတွင် စွန့်ပစ်ကြသည်။ သစ်သားဖြင့် အခိုင်အခန့် ပြုလုပ်ထားသူများအဖို့မူ နောင်နှစ်တွင် ဆက်လက် ပူဇော်လှူဒါန်းနိုင်ရန် သိမ်းဆည်းထားကြသည်။

သီတင်းကျွတ် လပြည့်ကျော် တစ်ရက်ညဘက်တွင် ပအိုဝ်း အမျိုးသမီးများသည် ထင်းရှူးသားများကို စုစည်း၍ လည်းကောင်း၊ ဖယောင်းတိုင် ဆီမီးခွက် တို့ဖြင့် လည်းကောင်း ဘုရားသို့သွား၍ ပူဇော်လေ့ရှိ၏။ တံခါးပေါက်၊ အိမ်လှေကားဦး၊ အိမ်ဝင်ပေါက်၊ မီးဖို၊ ဆန်အိုး၊ အ၀တ်သေတ္တာ၊ ရွာထိပ်ရှိ နတ်စင်ပါမကျန် မီးထွန်းညှိ ပူဇော်လေ့ ရှိကြ၏။ သီတင်းကျွတ်လတွင် လူပျို၊ အပျို စုပေါင်း၍ ကျောင်းသွားလမ်း၊ ဘုရားလမ်းတို့ကို လုပ်အားပေး ကုသိုလ်ပြုလေ့ ရှိကြသည်။

ဝါတွင်းချိန်ကာလတွင် ပအိုဝ်း တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများ သာမက ဗုဒ္ဓဘာသာကို မည်မျှသက်ဝင် ယုံကြည်ကြောင်းကိုပါ လေ့လာသိရှိ နိုင်ပေသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-60048954230046685932011-10-16T15:34:00.002+06:302011-10-16T15:34:10.300+06:30ဒုံးလွတ်ပွဲ အနိုင်အရှုံးရှေးက ဘုရားကို ရှို့လွှတ်ပူဇော်သည့် ပွဲအဖြစ် အမြင့်ဆုံး ရောက်အောင် ရှို့လွှတ်ကြ၏။ ထိုသို့ ရှို့လွှတ်ရာတွင် အသံစုံ “ ၀ီ - ၀ီ ” ထွက်စေရန်အတွက် ၀ါးပြောင်းငယ် တိုရှည်များကို ထိပ်ပိုင်းတွင် တပ်ဆင်ကြ၏။ သို့သော် ယခုအခါတွင် အမြင့်သို့ မရှို့လွှတ်တော့သဖြင့် မတွေ့ရတော့ပေ။ မည်သူ့ဒုံး အဝေးရောက်သည်ကို ယှဉ်ပြိုင်ကြ၏။ အဝေးလွှတ်ကို ယှဉ်ပြိုင်သည့် ဒုံးသည် ဒုံးမလွှတ်ခင် ဆုကြေးငွေကို ထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီး ဒုံးသည် အခြားဒုံးများထက် ဆုကြေးပိုထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီးဒုံးများမှာ “ ရွိုင်၊ ဘုရားဗွာ၊ ကော်သာရွေး ” တို့ဖြစ်ကြ၏။

ယခင်က ဒုံး အနိုင်အရှုံးကို ဆုံးဖြတ်ရာတွင် ရှေ့ပိတ်ဟူသော စကာလုံးကို သုံးကြသည်။ ရှေ့ပိတ်ဟူသော အဓိပ္ပါယ်မှာ ဒုံးနှစ်လုံးကို တောင်အရပ်မှနေ၍ မြောက်အရပ်သို့ လွှတ်လိုက်ရာ ဒုံးတစ်လုံးသည် မြောက် စူးစူးသို့သွားပြီး ကျန်တစ်လုံးသည် အရှေ့မြောက်စူးစူးသို့ သွားသည်ဆိုပါစို့ ဒုံးနှစ်လုံးသည် တစ်တန်းတည်း ကျနေလျှင် အရှေ့မြောက်စူးစူးသို့ သွားသော ဒုံးသည် မြောက်စူးစူးသို့ သွားသော ဒုံးထက်ပို၍ ဝေး၏။ သို့သော်လည်း ရှေ့ပိတ်ဟူသော ဒုံးဥပဒေကြောင့် အရှေ့မြောက်စူးစူးသို့ သွားသောဒုံးသည် ဝေးပင်ဝေးသော်လည်း မြောက်စူးစူးသို့ သွားသောဒုံးကို မနိုင်ချေ။

အနိုင်အရှုံးအတွက် အုပ်စုတစ်စုနှင့်တစ်စု ဒုံးကျသည့်နေရာ အကွာအဝေးကို ပြိုင်ကြသည်။ ယခင်က ဒုံးအသံမြည် ပြိုင်ကြသည်ဟု မှတ်သားရသည်။ အများအားဖြင့် တွေ့ရသည်မှာ ပစ်မှတ်အတွင်း ၀င်မ၀င် ပြိုင်ကြသည်က များလေသည်။ တောင်ကြီးမြို့နယ်တွင် အကွာအဝေးချင်း တူနေလျှင် ဂိုး၏ဗဟိုနှင့် နီးသူက နိုင်၏။ ပင်လောင်းမြို့နယ်တွင် ဤသို့မဟုတ်ဘဲ အကွာအဝေးတူနေလျှင် အညီအမျှ ခွဲဝေယူကြသည်။ ဒုံးအနိုင်အရှုံးကို ဆုံးဖြတ်နိုင်ရန်အတွက် အဝေးမှနေ၍ စောင့်ကြပ်ရသည်။ ဂိုးထား၍ အနိုင်အရှုံး ဆုံးဖြတ်ပါက ဂိုးအပြင်ဘက်တွင် ကျရောက်သော ဒုံးကို အရှုံးဟု သတ်မှတ်သည်။ ဒုံးလွှတ်ပြီးပါက ဒုံးကိုတူးယူပြီး အကွာအဝေး တိုင်းထွာကာ အနိုင်အရှုံး ဆုံးဖြတ်ကြသည်။ ယခုအခါ ဒုံးကြီးများသည် ဂိုးမထားတော့ဘဲ ဗဟိုပစ်မှတ်ကိုထားကာ အကွာအဝေး ဆုံးဖြတ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးတက်ပြီဆုသည်နှင့် ညာသံပေးကာ ပျော်ကြ၏။ မိမိတို့ဒုံးသည် အခြားသူများ ဒုံးထက်သာကြောင်း လင်္ကာဖြင့် စောင်းမြောင်း၍ ရွတ်ဆိုကြ၏။ ရှေးက မိမိတို့ဒုံးတက်လျှင် ခေါင်းပေါင်း၊ အင်္ကျီများကိုပင် ချွတ်၍ ပျော်ကြသည်။ ရွှံ့တွေ့ပါကလည်း လူးလိမ့်ကာ ပျော်ကြ၏။ တစ်ဘက်လူကိုလည်း မခံချင်အောင် လက်ညှိုးထိုး၍စ၏။ ဒုံးမတက်သူများ ဒုံးတက်သူ၏ ကျီစယ်သမျှကို ခေါင်းငုံ့၍ ခံရရှာသည်။ အချို့က အိုးမဲဖြင့် တစ်ဘက်လူ၏ မျက်နှာကို သုတ်လိမ်းသည်အထိ ကျီစယ်ကြလေသည်။ တစ်ဘက်နှင့်တစ်ဘက်၊ တစ်ယောက်နှင့်တစ်ယောက် မည်မျှပင် လှောင်ပြောင် ကျီစယ်ကြသော်လည်း ခိုက်ရန်ဖြစ်ခြင်း၊ စိတ်ဆိုးခြင်း လုံးဝမရှိပေ။ လှောင်ပြောင် ကျီစယ်ခံရသူသည် နောင်နှစ်တွင် မိမိတို့ဒုံး သူတို့ထက် သာသွားပါက သူတို့ကို ပြန်၍ တုံ့ပြန်လှောင်ပြောင်ကြလေသည်။

ဒုံးလွတ်ခြင်းမှာ အန္တရာယ်များသဖြင့် လူနေအိမ်ခြေ မရှိသော ကွင်းပြင်သို့သာ ပစ်လွှတ်ကြသည်။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ)ကို ပအိုဝ်း တို့သာမက မြို့ပေါ်တွင် နေထိုင်ကြသည့် အခြားလူမျိုးများပါ စိတ်ဝင်စားကြသည်။ သူတို့သည် ပအိုဝ်းတို့နှင့်ရော၍ ပျော်ကြ၏။ ပအိုဝ်းတို့ “ ပွယ်လုဖိုင် ” သည် ကြီးသည်၊ ငယ်သည်၊ ချမ်းသာသည်၊ ဆင်းရဲသည် မခွဲခြားဘဲ၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေး ပျော်နိုင်သော၊ ပျော်ကြသော ပွဲပင်ဖြစ်၏။ ပအိုဝ်း “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ) သည် ပျော်ပွဲရွှင်ပွဲ အသွင်ကို ဆောင်ထားသော်လည်း စေတီကိုပူဇော်သည့် နှစ်သစ်ကူးပွဲတော်၊ ဘာသာရေးအသွင် သဏ္ဌာန်မှာ ပျောက်ပျက်မသွားပေ။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာနှင့် တစ်ရွာ ငြင်းခုံခိုက်ရန် ဖြစ်ပွားခြင်း မရှိပေ။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ)ကို လေ့လာလျှင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်း၊ စည်းလုံးသော အသွင်ကို ဆောင်ခြင်း၊ ဦးစီးခေါင်းဆောင်သူဖြစ်၏ စကားကိုနာခံခြင်း၊ ပွဲတော်ကော်မတီ၏ အဆုံးအဖြတ်ကို နာခံခြင်းများကို တွေ့ရပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ခြင်း)ကို ၀ါသနာပါ ကျွမ်းကျင်ရုံသာမက ဂုဏ်လည်းယူကြ၏။ ယခုခေတ်တွင် အာကာသသို့ ဒုံးပျံများ ပစ်လွတ်သည်ကို သိသောအခါ မိမိတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀ ကျော်ကတည်းက ဒုံးကိုလွှတ်လာတာ လုပ်လာတာ အဆန်းမဟုတ်ပါဘူးဟု ဂုဏ်ယူပြောဆိုကြ၏။ သို့သော် “ ပွယ်လုဖိုင် ” ခေါ် ဒုံးပြုလုပ်သည့် အတတ်မှာ ရှေ့ကအတိုင်းပင် ရှိ၏။ တိုးတက်မှုမရှိပေ။ အကယ်၍ ဒုံးလွတ်သည့် အတတ်ကို တိုးတက်ကြံဆ တီထွင်နိုင်လျှင် ---ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-52286124383504666432011-10-16T15:33:00.004+06:302011-10-16T15:33:32.789+06:30ပအိုဝ်းတို့ပျော်သည့်ပွဲဒုံးကို လူနေအိမ်ခြေ မရှိသည့် ကွင်းပြင်သို့သာ ပစ်လွှတ်ကြ၏။ ဒုံးလွှတ်ပွဲ ကျင်းပရန် တာဝန်ယူထားသည့် ရွာသည် တစ်ရွာလျှင် တစ်လုံးကျ မိမိကြိုက်နှစ်သက်သည့် ဒုံးဆရာကို ခိုင်းနိုင်၏။ ဒုံးကြီးတစ်လုံးကို ကျပ် ၆၀၀၀ မှ ၁၀၀၀၀ ထိ ပေးရ၏။ နာမည်ကြီး လွိုင်ကော်/ရွိုင်/ဘုရားဗွာ (ဘုရားဖြူ) တောင်ကြီး၊ ကော်သာရွေးဒုံးများမှာ ၈၀၀၀ ကျော်ပေးရ၏။ ဒုံးလွှတ်ပွဲ ကျင်းပသည့် နေ့ ၁၂ နာရီလောက်တွင် မိမိတို့ဒုံးများကို ထမ်းကာစေတီကို သုံးပတ် ပတ်ကြ၏။ အားအင်ပြည့်ဖြိုး၍ သန်မာထွားကြိုင်းသူသည် ဒုံးကိုထမ်းရ၏။ အချို့ရွာမှ မထမ်းနိုင်သူများသည် ဗလကောင်းသူကို ၅၀ ကျပ်လောက်ပေး၍ ငှားထမ်းကြ၏။ သို့သော်နည်း၏။ မိမိတို့ဘာသာ ထမ်းကြသည်က များလေသည်။

နေ့ဆွမ်းကပ်ပြီးသည်နှင့် ဒုံးကို စေတီရှိရာသို့ ယူဆောင်၍ အိုးစည်တီးကာ ညာသံပေး၍ ကကြ၏။ အချို့က သိုင်းကွက်များဖြင့် ကကြ၏။ ထိုးကွင်းထိုးထားသူ လူကြီးများက မိမိတို့ ထိုးကွင်းပေါ်အောင် ဘောင်းဘီကိုပင့်၍ ယဉ်ယဉ်ကျေးကျေး ကကြ၏။ အချို့ အမျိုးသမီးများမှာ အမျိုးသားများ ပျော်၍ကသည်ကို ကြည့်ရှုအားပေးကြ၏။ ပအိုဝ်း တိုင်းရင်းသားတို့ ကျင်းပသော ပွဲတော်များအနက် ဒုံးလွှတ်ပွဲသည် ပအိုဝ်းတို့ အပျော်ဆုံး ပွဲတော်ဖြစ်၏။ စေတီတော်ကို သုံးကြိမ်လှည့်ပတ် ပူဇော်ပြီးသောအခါ ရှို့လွှတ်ရန်အတွက် ဖြောင့်အောင်လုပ်ထားသည့် ၀ါးဖြင့် ဒုံးကို အမြီးတပ်ရ၏။ အမြီးတပ်ရာတွင် သွပ်ကြိုးဖြင့် တင်းအောင် ရစ်ပတ်ချည်နှောင်ရ၏။ တင်းအောင်မချည်နှောင်ပါက ဒုံးသည် သွားချင်ရာသို့ သွားတတ်၏။ ထို့ကြောင့် တင်းအောင် မြဲအောင် ချည်နှောင်ရလေသည်။

ဒုံးကို အမြီးတပ် ချည်နှောင်ပြီးသောအခါ စေတီတစ်ပတ် ပြန်ပတ်ရသေး၏။ ထိုနောက် ဒုံးပစ်လွှတ်စင်သို့ မိမိတို့အဖွဲ့အလိုက် အိုးစည်ဗုံမောင်းတီးကာ ကခုန်၍ ဒုံးကိုထမ်းသွားကြလေသည်။ ဒုံးပစ်လွှတ်စင်ကို ပအိုဝ်းတို့က “ လုဖိုင်ကဲန်း ” (မီးစင်) ဟုခေါ်၏။ ဒုံးပစ်လွှတ်သူသည် ချိန်ရွယ်ထားသော အရပ်မျက်နှာဘက်သို့ စနက်တံကို တပ်ပြီး မီးရှို့ရသည်။ စနက်တံကို မီးရှို့စဉ် အချို့ဒုံးဆရာသည် လေယာဉ်ပျံ ကိုယ်ထည် သတ္တုစကို သေးသေးလေး ညှပ်၍ ထည့်ထားသဖြင့် အဝေးမှကြည့်လျှင် ဖွေးကနဲ မြင်နေရသည်။ မီးရှို့စဉ် ရှို့သူက မည်သည့်ရွာမှ ဒုံးဖြစ်ကြောင်း ခေါင်းပေါင်းကို ဝှေ့ယမ်းကာ ကြေညာပေးသည်။ စနက်တံမှ စလောင်ပြီး ယမ်းကို မီးကူးသည်နှင့် ယမ်း၏ တွန်းကန်မှုကြောင့် ဒုံးသည် ရုန်းကန်ထွက်ပြေး လေတော့၏။ အချို့မှာ ပြုလုပ်စဉ်က အချိုးအစား မမှန်သဖြင့် ပေါက်ကွဲတတ်လေသည်။ ဒုံးတွင်းမှ ယမ်းကို မီးလောင်ရာတွင် ဒုံး၏ ထိပ်ပိုင်းမှ စလောင်၏။ ဒုံးသေးကလေးများမှာ အလယ်တွင် စလောင်ပြီး အောက်သို့ဆက်လောင်၏။ ထိုနောက် တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့လောင်၏။ ဒုံးစလွှတ်သည့်အချိန်နှင့် ဒုံးတက်သွားသည့် အချိန်တွင် ခေါင်းပေါင်း ဝှေ့ယမ်း၍ က ကြသည်မှာ ပျော်စရာကောင်းလှ၏။

ဒုံး၏စနက်တံကို ရှို့သူသည် တစ်ခါတစ်ရံ ပေါက်ကွဲတတ်သဖြင့် အန္တရာယ် မဖြစ်စေရန်အတွက် ဒုံးလွှတ်စ်ပေါ်မှ အချိန်မီပြန်ဆင်းနိုင်ရန် စီစဉ်ထားရ၏။ အချို့မှာ တစ်ကြိမ် ရှို့၍ မလောင်ပါက သုံးကြိမ်ထိ ရှို့ရသည်လည်းရှိ၏။ ရှေးကဒုံးတို့သည် နေ့ဝက်ခရီးမျှအထိ သွားသည်ဟု ကြားဖူးသည်။ ခုခေတ်ကာလ ဒုံးများမှာ သုံးမိုင်မှ ခြောက်မိုင်အထိ သွားလေသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-33138446282031153112011-10-16T15:33:00.001+06:302011-10-16T15:33:06.353+06:30ဒုံးလုပ်ပုံအဆင့်ဆင့်ဒုံးပြုလုပ်မည့် သံပြောင်းငယ်၏ ထိပ်ကို ပိတ်ထားရ၏။ ထိုထိပ်ပိတ်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ကတူ ” ဟုခေါ်၏။ ထိပ်တွင် ရွှံ့ကောင်းကောင်းကို နယ်၍ ထည့်လေ့ရှိ၏။ ဤသို့ပြုပြီးပါက မီးသွေးမှုန့် ရောစပ်ထားသောယမ်းကို ဒုံးပြုလုပ်မည့် သံပြောင်းထဲသို့ ရိုက်သွင်းနိုင်ပြီဖြစ်၏။ ယမ်းကို ရိုက်သွင်းရာတွင် ယမ်းကို ရေအနည်းနယ်ရော၍ ရိုက်သွင်းရ၏။ ရေမထည့်ပါက မီးလောင်တတ်လေသည်။ ယခုအခါ မော်တော်ကားဂျိတ်ဖြင့် ညှပ်၍ ရိုက်သွင်းကြ၏။ သံပြောင်းထဲသို့ ယမ်းရိုက်သွင်းရာတွင် ဒုံးပြုလုပ်သည့်ဆရာက ယမ်းကို အချိုးအစား အလိုက်ထည့်လေ၏။ ယမ်းထောင်းရာ ရိုက်သွင်းရာတွင် အချို့က လက်တွင် ပုတီးကို ကိုင်၍ ယမ်းတစ်ဇွန်းလျှင် ပုတီးစေ့ မည်မျှကျလျှင် ရပြီဟု သတ်မှတ်ထားတတ်ကြ၏ အချို့က ယမ်းစေးစေရန် ယမ်းကို ငှက်ပျောရည်၊ ထမင်းရည် တို့ဖြင့် ထည့်လေ့ရှိ၏။ ယမ်းရိုက်သွင်းသည့် အလုပ်ပြီးပါက နောက်ပိတ်ကို “ ဟမ်းဗော့ ” ခေါ် မြေစေးဖြင့် ပိတ်ရ၏။ ထိုမြေစေးပေါ်တွင် သံပြားပါးပါးကို ကပ်၍ ပိတ်ရ၏။ ဒုံးအငယ်များမှာ သံပြားပိတ်ရန် မလိုချေ။ ဒုံးရိုက်သွင်းသည့် သံပြောင်းသည် (၃) ပေမှ (၇) ပေ၊ (၈) ပေအထိ အရွယ်အစား အမျိုးမျိုး ရိုက်သွင်းပြုလုပ်ကြသည်။

ယမ်းများကို ရိုက်သွင်းပြီးသောအခါ မြေစေးဖြင့် ပိတ်ထားသည့် နောက်ပိတ်မှနေ၍ “ အူကြောင်း ” ဟုခေါ်သည့် လမ်းကြောင်းကို သံချောင်းဖြင့် လိုအပ်သလို ထိပ်အထိ ခြစ်ဖောက်ပေးရသည်။ ၄င်းကို ပအိုဝ်း တို့က “ ခရဲမေ ” (မီးချဲ့သည်) ဟုခေါ်၏။ အူကြောင်းကို ဖောက်ရာတွင် အ၀တွင် ကျယ်ပြီး ထိပ်သို့ တစ်ဖြည်းဖြည်းနှင့် ကျဉ်းသွား၏။ ဤသို့ အူကြောင်းကို ဖောက်ပေးရခြင်းမှာ မီးအလွယ်တကူ လောင်ကျွမ်းနိုင်ရေးအတွက် “ မေဆာ ” (မီးစာ) ခေါ် “ စနက်တံ ” ကိုထည့်ရန်ဖြစ်သည်။ အူကြောင်းကို ခြစ်ရာတွင် ထိပ်ကျဉ်းလေ ဒုံးပိုပြေးလေ ဖြစ်၏။ သို့သော်လည်း အူကြောင်းထိပ် ကျဉ်းလွန်းပါက မီးထွက်လမ်းကြောင်းကျဉ်း၍ ဒုံးကွဲတတ်လေသည်။ “ စနက်တံ ” ကို ရှမ်းစက္ကူတွင် ယမ်းမှုံထည့်၍ လိပ်ပြီး အဆစ်ဖောက်ထားသော ကျူရိုး သို့မဟုတ် အဆစ်ဖောက်ထားသော ၀ါးအတွင်းသို့ ထိုးထည့်ရသည်။ “ မေဆာ ” (မီးစာ) စနက်တံကို ဒုံးလွှတ်သည့်အခါမှ တပ်ဆင်ကြ၏။

ဒုံးကိစ္စပြီးလျှင် ဒုံးတက်သည့်အခါ ပဲ့သဘောအဖြစ် ဒုံးကိုထိန်းရန် အမြီးလို၏။ အမြီးကို ၀ါးဖြင့်ပြုလုပ်ရသည်။ ထိုအမြီးကို ပအိုဝ်းတို့က “ အတာ ” ဟုခေါ်၏။ ဒုံးအမြီးကို ဒုံးအလေးချိန်နှင့် ချိန်ဆရသည်။ ရှေးက ယမ်းပိဿာချိန် ၃၀၊ ၆၀ ခန့်လေးသော ဒုံးကြီးများကို ပြုလုပ်ရာတွင် ဒုံး၏အလေးချိန် ညီမျှစေရန်အတွက် ဒုံး၏အမြီး ပြုလုပ်မည့်ဝါးကို အဆစ်များဖောက်၍ သဲများလောင်းထည့်ရသည်ဟု မှတ်သားရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က ပအိုဝ်း တိုင်းရင်းသားတို့သည် ယမ်းပိဿာချိန် ၂၀ မှ ၃၀ ခန့်ရှိသည့် ဒုံးများကို ပြုလုပ်ခဲ့ကြသည်။ ထိုဒုံးကြီးများသည် အရှည်သုံးလံခန့်ရှိ၏။ ယခုအခါ ပင်လောင်းဒေသတွင် ယမ်းပိဿာချိန် ၁၅ မှ ၃၀ ပိဿာအထိသာ ပြုလုပ်ကြတော့၏။ ထိုဒုံးတို့မှာ ခုနှစ်ပေ၊ ရှစ်ပေ အထိ ရှည်လေသည်။ ဒုံးတွင်းသို့ ယမ်းရိုက်သွင်းခြင်း စနက်တံခေါ် မီးစာပြုလုပ်ခြင်း ပြီးသောအခါ ဒုံးကို နှီးဖြင့်ရစ်ပတ်ပြီး ဆေးသုတ်လိမ်း အလှခြယ် ကြသည်။ ပြိုင်ပွဲဝင်ဒုံး ပြုလုပ်ရာတွင် အချို့က ယမ်းပိဿာချိန် ကန့်သတ်ထားပြီး၊ အချို့က ကန့်သတ်မှု မထားပေ။

ယမ်းတစ်ဆင့်ပြီးတစ်ဆင့် လောင်သည့် “ ပစ်ဖရောင် ” ခေါ် ဒုံးတစ်မျိုး ရှိသေး၏။ တစ်ဆင့်ပြီးတစ်ဆင့် လောင်သဖြင့် “ ပစ်ဖရောင် ” ဟုခေါ်သည်။ မြန်မာလို တစ်ဆင့်ပြီး တစ်ဆင့်လောင်သော ဒုံးဟု ခေါ်ရမည်ဖြစ်၏။ ဤဒုံးမျိုးမှာ တစ်ဆင့်ပြီးတစ်ဆင့် လောင်ပြီး ပိုသွားသဖြင့် ယမ်းပိဿာချိန်များသည့် ဒုံးကြီးများထက်ပင် ပို၍ ဝေးဝေးသွားလေသည်။

“ မေဆဲ ” (မီးငယ်) ခေါ် ဒုံးအငယ်စားများလည်း ရှိသေး၏။ ထိုဒုံးကလေးများမှာ လေးလက်မ ငါးလက်မ အရွယ်လောက်ရှိ၏။ ထိုဒုံးသေးလေးများကို ပင်လောင်းမြို့နယ် “ လုံးရဲဉ် ” (ကျောက်တန်း) ဒေသတွင် ပြုလုပ်ကြ၏။ တစ်နှစ်လျှင် ဒုံးကလေး ထောင်ချီ၍ ကုန်လေသည်။ ဒုံးကလေးများကို ဒုံးကြီးများ လွှတ်သည့်အခါတွင် ရောင်းလေ့ရှိကြ၏။ တစ်လုံးလျှင် တစ်ကျပ်မှ သုံးကျပ်အထိ အရွယ်အစားကို လိုက်၍ ပေးရသည်။ ဒုံး အသေးကလေးများကို ဒုံးလွှတ် ၀ါသနာပါသူ ကလေးရော လူကြီးပါ ၀ယ်ယူ၍ ရှို့လွှတ်ကြသည်မှာ ပျော်စရာတစ်မျိုးပင် ဖြစ်တော့၏။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-51207647448325165952011-10-16T15:32:00.004+06:302011-10-16T15:32:36.763+06:30ယမ်းရောစပ်ပုံဒုံးကို မည်သည့်ယမ်းမျိုးဖြင့်မဆို ပြုလုပ်နိုင်၏။ ဒုံးပြုလုပ်ရန်အတွက် ယမ်းကိုဖာစောင်း (လွိုင်ကော်)၊ ရွာငံမှ အများဆုံး ၀ယ်ယူရရှိလေသည်။ ဒုံးပြုလုပ်ရန်အတွက် ယမ်းစိမ်းကို မီးသွေးဖြင့်ရော၍ ထောင်းရသည်။ မီးသွေးမှာ သရက်ပင်၊ ရေမဲပင် ဇီးပင်၊ သစ်နီတို့ကို မီးရှို့၍ရသော မီးသွေးတို့ဖြင့်သာ ရော၍ရ၏။ သရက်သားမီးသွေးဖြင့် ယမ်းကို ထောင်းပြီး မီးရှို့ပါက အခိုးမဲ၏။ ယမ်းစိမ်းနှစ်ဆ၊ မီးသွေးမှုန့် တစ်ဆရောပါက ယမ်းနှစ်လေးဟု လည်းကောင်း၊ ယမ်းစိမ်းလေးဆကို မီးသွေးမှုန့် တစ်ဆရောပါက၊ ယမ်းလေးလေးဟု လည်းကောင်း ခေါ်ကြသည်။ ယမ်းစိမ်းကိုးဆကို မီးသွေးမှုန့်တစ်ဆအထိ ရောစပ်ကြသည်။ ယမ်းစပ်သည်ကို ယမ်းဖြတ်သည်ဟု ခေါ်၏။ ယမ်းဖြတ် (ယမ်းစပ်) မတတ်ပါက ဒုံးအကြီးသည် ဒုံးအသေးလောက်ပင် မသွားချေ။ ယမ်းစပ်ပုံတူသော်လည်း လုပ်နည်းလုပ်ဟန် ကွာပါက ဒုံးအကြီးသည် ဒုံးအသေးလောက် မသွားချေ။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-81338562978631605502011-10-16T15:32:00.002+06:302011-10-16T15:32:13.375+06:30ဒုံးလွတ်ပွဲရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ရာသီဥတု ကောင်းမွန်သာယာရေး၊ တောင်ယာထွက် သီးနှံများ အောင်မြင်ရေး၊ ပိုးမွှားဖျက်ဆီးမှု ကင်းဝေးစေရေး၊ စီးပွားရေး ဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ ဒါန အောင်မြင်မှု အထိမ်းအမှတ် အဖြစ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ဆုတောင်းသည့် ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲ ဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုးမိသင်္ဂဟများကိုလည်း ပြန်လည်ဆုံတွေ့ ကြရလေသည်။

ဒုံးလွှတ်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်ကြ၏။ ရှမ်းပြည်နယ် ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် ကျင်းပကြ၏။ ဒုံးလွှတ်ပွဲကို နှစ်စဉ် နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများတွင် ကျင်းပကြသည်။ ၀ါဆိုလပြည့်ကျော်လျှင် ဒုံးလွှတ်ပွဲများ ကုန်လေသည်။ သို့သော် ယခုအခါတွင် တော်သလင်းလ အထိ ကျင်းပနေကြသည်ကို တွေ့ရ၏။ တောင်ငူခရိုင် ဇရပ်ကြီးမြို့တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် သင်္ကြံန် အခါတွင် ကျင်းပလေ့ရှိကြသည်။ ဒုံးလွှတ်ပွဲကို စေတီပုထိုးအနီးတွင် ကျင်းပကြပြီး၊ ရဟန်းသံဃာများကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ လှူဖွယ် ၀တ္ထုများ လှူဒါန်းပြီး တရားတော်ကို နာယူကြသည်။ လူထုပရိသတ်ကိုမူ ထမင်းကျွေးခြင်း၊ ထမင်းထုပ်ကမ်းခြင်း၊ ယာဂုထုပ် ကမ်းခြင်းဖြင့် ဧည့်ခံကြလေသည်။

ရှေးက ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးကို ၀ါးကျည်ထောက်များဖြင့် ပြုလုပ်ကြ၏။ နောင်တွင် သွပ်ပြားဖြင့် ပြုလုပ်လာကြ၏။ ယခုအခါ မော်တောကား “ ဂွိုင်း ” သံပိုက်များဖြင့် ပြုလုပ်ကြသည်။ ဒုံးလွှတ်ပြီးပါက၊ သံပိုက်ကို ပြန်သိမ်းထားကြသည်။ အချို့ကလည်း ဒုံးပြုလုပ်သည့် ဒုံးဆရာ၏ အိမ်တွင်ထားကြ၏ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com1tag:blogger.com,1999:blog-5143894153567352320.post-71617709207118828712011-10-16T15:31:00.003+06:302011-10-16T15:31:34.836+06:30ဒုံးအစတောင်ဘက် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်းတစ်လျှောက် ဒေသသည် လူး လူမျိုးတို့အရပ် တစ်ဆယ့်ပနား ပင်ဖြစ်၏။ လူးတစ်ဆယ့်ပနား ဆိုသည်မှာ လူးတို့ဒေသခရိုင် တစ်ဆယ့်နှစ်ခရိုင်ကို ဆိုလိုပါသည်။ လူးတစ်ဆယ့်ပနားသည် စတုရန်းကီလိုမီတာ ၂၅၀၀၀ ကျယ်ပြီး လူဦးရေ ၆၂၀၀၀၀ ရှိသည့်အနက် ၃၀ ရာခိုင်နှုန်းမှာ “ တိုင် ” လူမျိုးများ ဖြစ်ကြသည်။ ထိုဒေသတွင် နေထိုင်ကြသော တိုင်လူမျိုးတို့သည် မိစ္ဆာကောင်ကို အောင်ပွဲခံသည့် အနေဖြင့် နှစ်စဉ်ရေပက် ကစားကြသည်။ ပထမနေ့တွင် လှေပြိုင်ပွဲ၊ ဒုံးလွှတ်ပွဲကို ကျင်းပကြ၏။ တိုင်တို့ ဒုံးလွှတ်ပွဲကို နံနက်အချိန်တွင် ကျင်းပကြ၏။ တိုင်တို့ ဒုံးလွှတ်ပွဲ ကျင်းပရာတွင် အမြင့်ဆုံးနှင့် အဝေးဆုံး ပစ်လွှတ်သည့်ဒုံးကို အဓိကထားလေသည်။ ယခုအချိန်ထိ ဒုံးကို အမြင့်ဆုံးပစ်လွှတ်နိုင်သူ အနည်းငယ်သာ ရှိသေးသည်ဟု မှတ်သားရပေသည်။ ထို့ကြောင့် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လျှောက်တွင် နေထိုင်ကြသည့် တိုင်လူမျိုးတို့သည် ဒုံးလွှတ်ပွဲကို နှစ်စဉ် ကျင်းပကြကြောင်း သိရလေသည်။

ရှမ်းပြည်နယ်တွင် ဒုံးလွှတ်သည့်ဓလေ့ကို မည်သည့်ခုနှစ် သက္ကရာဇ်က စတင်ခဲ့သည်ဟု မှတ်တမ်းများ မတွေ့ရှိရပေ။ ယမ်းစိမ်းကို အသုံးပြုတတ်လာသည့် အချိန်လောက်က စတင်ခဲ့သည်ဟု ခန့်မှန်းရပေသည်။ သက်ကြီးရွယ်အိုများမှ တစ်ဆင့် မှတ်သားရသည်မှာ ဒုံးလွှတ်သည့် ဓလေ့ စတင်ခဲ့သော အချိန်သည် နှစ်ပေါင်း ၃၀၀ ခန့် ကြာခဲ့ပြီဟုဆို၏။ ဒုံးလွှတ်သည့်ဓလေ့ စတင်ခဲ့စဉ်က အဝေးသွားအောင် မပြုလုပ်နိုင်ကြချေ။ ပအိုဝ်း တိုင်းရင်းသားတို့က အဝေးသွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်၏။

ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် ၆၀ ရှိသည့် ဒုံးကို ပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟု ဆို၏။ တောင်ကြီးမြို့သို့ ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “ လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာ လွှတ်မှာလဲ၊ လွှတ်ဖို့ နေရာရှိသလား ” ဟု မေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်လွှတ်ရမှန်းမသိ ဖြစ်နေ၏။ အရမ်းလွှတ်လျှင် ရွာရှိသည့်နေရာကို ကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာချိန် (၆၀)ရှိသည့် ဒုံးကို မိုင်းကိုင်သို့ ပြန်ယူကာ ပြန်လွှတ်ရသည် ဟူ၏။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-70129408113389446122011-10-16T15:31:00.001+06:302011-10-16T15:31:11.929+06:30ဒုံးလွတ်ဓလေ့ရှေးကမြန်မာတို့တွင် ဒုံးလွှတ်သည့် အလေ့အထ ရှိသကဲ့သို့ ပအိုဝ်း တိုင်းရင်းသား တို့တွင်လည်း ဒုံးလွှတ်သည့် အလေ့အထ ရှိ၏ အောက်မြန်မာ ပြည်တွင် နေထိုင်ကြသည့် ပအိုဝ်း တိုင်းရင်းသားများရော ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်း တိုင်းရင်းသားများပါ ဒုံးလွှတ်ခြင်းကို ခုံမင်ကြသည်။ ၀ါသနာပါကြသည်။ ကျွမ်းကျင်ကြသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-68672993543570250552011-10-16T15:30:00.004+06:302011-10-16T15:30:42.668+06:30မီးဆုခံခြင်းရှင်ပြုပွဲ ပြီးသောအခါ ရှင်လောင်းထိန်းများ ဧည့်ခံကျွေးမွေးရာတွင် တာဝန်ကျသည့် အမျိုးသမီးများသည် “ မီးဆုခံ ” ကြ၏။ မီးဆုခံခြင်းကို ပအိုဝ်း တိုင်းရင်းသားတို့က “ တောင် ” ဟုခေါ်၏။ ရှင်လောင်း သာမဏေဘ၀သို့ရောက်၍ တရားနာပွဲ ပြီးဆုံးသည့်ညတွင် မီးဆုခံလေ့ ရှိကြသည်။

မီးဆုခံခြင်း၏ အဓိပ္ပါယ်မှာ ရှင်ပြုပွဲအောင်မြင်သော အထိမ်းအမှတ်အဖြစ် လူငယ်တို့ ပျော်ရွှင်ကြသော နောက်ဆုံးပျော်ရွှင်ခြင်းပင် ဖြစ်၏။ ရှေးအခါက ရှင်ပြုပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် “ လုဖိုင် ” ခေါ် မီးရှူး (မီးကျည်) လွှတ်သည့်အလေ့ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုသို့ မကျင့်သုံးတော့ဘဲ မီးဆုခံရာတွင် ရှင်မိရှင်ဘက ပေးသောဆုငွေကို မိမိတို့ရန်ပုံငွေအဖြစ် ထားရှိကြလေသည်။ အချို့က မီးဆုခံခြင်းဆိုသည်မှာ ရှင်ပြုပွဲတွင် ချက်ပြုတ်ကျွေးမွေးသည့်တာဝန်ကို ယူရသည့်သူများက အလှူငွေကောက်ခံခြင်းဖြစ်သည်ဟု ဆိုကြသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-61788996411567802092011-10-16T15:30:00.002+06:302011-10-16T15:30:20.147+06:30သိဒ္ဓတ္တမင်းသား တောထွက်ခန်းအချို့ရှင်ပြုပွဲများတွင် ရှင်လောင်းကို လှပသော ၀တ်စားတန်ဆာများဖြင့် ဆင်ပြီး မြင်းဖြင့်စီးစေကာ ညသန်းခေါင်ယံ အချိန်တွင် ရှင်လောင်းခိုးယူသည့် ဓလေ့ကို ပြုလုပ်ကြသည်။ အချို့ကလည်း ရဟန်းဘောင်သို့ ၀င်မည့်သူအတွက် ပဉ္ဇင်းခံပွဲ ပါလျှင်လည်း ရှင်လောင်းကို ခိုးယူသည့်အတိုင်း ပြုလုပ်ကြသည်။ ဤသို့ ပြုလုပ်ခြင်းကို ပအိုဝ်းတို့က “ သီထတ်တော်ထွက်ခန် ” ဟု ခေါ်ပါသည်။ မြန်မာလိုမှာ သိဒ္ဓတ္တမင်းသား တောထွက်ခန်း ပင် ဖြစ်၏။ ဤဓလေ့မှာ လွမ်းခန်းတစ်မျိုးဟု ဆိုနိုင်ပါသည်။ သို့သော် ရှင်ပြုပွဲတိုင်း၊ ရဟန်းခံပွဲတိုင်း ပြုလုပ်လေ့မရှိဘဲ အများအားဖြင့် ပင်လောင်းမြို့နယ်တွင် ပြုလုပ်သော ရှင်ပြုပွဲများတွင် တွေ့ရတတ်သည်။ ပဉ္ဇင်းခံပွဲကို ရှင်ပြုပွဲနှင့် တွဲလုပ်လေ့ရှိကြသည်။

ဤဓလေ့မှာ ရှင်လောင်းထိန်းကို ပို၍အလုပ်များစေသဖြင့် ရှင်လောင်းထိန်းများက တာဝန်ယူပြုလုပ်ပေးမှသာ ဖြစ်နိုင်ပါသည်။ ပြုလုပ်လျှင်လည်း ရှင်လောင်းထိန်း များကပင် အစအဆုံး တာဝန်ယူရ၏။ ဤသိဒ္ဓတ္တမင်းသား တောထွက်ခန်းကို ရှင်ပြုပွဲလာ ပရိသတ်များကလည်း စိတ်ဝင်စားစွာ စောင့်မျှော် ကြည့်ရှုကြသည်။

သိဒ္ဓတ္တမင်းသား တောထွက်ခန်းပြုလုပ်ပုံမှာ ရှင်လောင်းကို ခိုးယူမည်ဆိုပါက ရှင်လောင်းထိန်းအဖွဲ့သည် ရှင်ဒကာ ဒကာမများ မဏ္ဍပ်သို့ လည်းကောင်း၊ ဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ ပအိုဝ်းစာဟောဆရာ၏ တရားရေအေးတိုက်ကြွေးရာ မဏ္ဍပ်သို့လည်းကောင်း သွားရောက်နေစဉ်အတွင်း၌ ရှင်လောင်းကို ခိုးယူသွားရသည်။ ခိုးယူသွားရသည် ဆိုသော်လည်း တိတ်တိတ်လေး ခိုးသွားခြင်းမျိုး မဟုတ်ဘဲ ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းသော ပအိုဝ်းလင်္ကာ သီချင်းများ၊ ရိုးရာတူရိယာများ သီဆိုတီးမှုတ်ကာ ခိုးယူသွားရပါသည်။ ညသန်းခေါင်အချိန် ဖြစ်သဖြင့် သီချင်းသံများ အိုးစည်ဗုံမောင်း တူရိယာသံများကို ကြားရသည်မှာ လွမ်းဆွတ်ဖွယ်ပင် ဖြစ်၏။ ကြားရသူတိုင်း၏ စိတ်ထဲတွင်လည်း လွမ်းဆွတ်ပူဆွေး ကြေကွဲစေပါသည်။

ရှင်လောင်း၏ မိဘများဖြစ်သူ ရှင်ဒကာ ဒကာမတို့သည် မိမိတို့သားရတနာကို ရှင်သာမဏေ အဖြစ်သို့ မသွတ်သွင်းရမီ အခိုးခံရကြောင်း ၀မ်းနည်း ကြေကွဲစွာ သိလျှင်သိချင်း ငွေဖြင့်သွားရောက် ရွေးယူရ၏။ ရှင်လောင်းတို့ မိမိတို့ သားသမီးအား ရွေးယူထားသောငွေကို ရှင်လောင်းထိန်းအဖွဲ့က ထိန်းသိမ်းထားပြီး ပွဲပြီးသောအခါ ရှင်လောင်းမိဘများအား ပြန်၍ ကန်တော့ကြသည်။ ဤဓလေ့ကို ဘုရားအလောင်း သိဒ္ဓတ္တမင်းသား တောထွက်ဟန်ဖြင့် ပြုလုပ်သဖြင့် ပအိုဝ်း တိုင်းရင်းသားများက “ သိဒ္ဓတ္တ တောထွက်ခန်း ” (သီထတ်တော်ထွက်ခန်) ဟုခေါ်သည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-26072288362603245152011-10-16T15:29:00.004+06:302011-10-16T15:29:55.045+06:30ရှင်လောင်းလှည့်ခြင်းရှင်လောင်းလှည့်သည့် ထုံးစံလည်းရှိ၏။ ရှင်လောင်းလှည့်ရန် ဧည့်ခံမဏ္ဍပ်မှ ကွမ်းတောင်ကိုင်၊ သင်္ကန်းကိုင်နှင့် ပန်းပေါက်ပေါက် ကြဲရန်အတွက် လက်ရွေးစင် အမျိုးသမီးကို ရွေးချယ်ကြရသည်။ ရှင်လောင်းလှည့်ပွဲကို ညနေမွန်းလွဲပိုင်း တစ်နာရီ နှစ်နာရီလောက်တွင် လှည့်လေ့ရှိသည်။

မနက်ပိုင်းတွင် ရှင်လောင်းကို လှပသော ၀တ်စားတန်ဆာများဖြင့် မွမ်းမံပြင်ဆင်ကာ ဧည့်ခန်းတွင်နေစေ၏။ ထိုအတောအတွင်း ရပ်ဝေးမှလာသော ဧည့်သည်များကို ရှင်လောင်းထိန်း အဖွဲ့က တာဝန်ယူဧည့်ခံ ကျွေးမွေးရသည်။ ဧည့်ခံကျွေးမွေးပြီးသောအခါ ရှင်လောင်း၏ မိဘများ၊ နီးရာဆွေမျိုး မိတ်သင်္ဂများနှင့် ရှင်လောင်းထိန်း အဖွဲ့များအားလုံး ဧည့်ခန်းတွင် စုရုံးစေလျက် ရှင်လောင်းကို လက်ဖွဲ့မင်္ဂလာ ပြုကြသည်။ လက်ဖွဲ့ရာတွင် ရှင်လောင်းထိန်းဖွဲ့မှ လင်္ကာအဆို ကျွမ်းကျင်သူက လင်္ကာရွတ်ဆိုပြီး လက်ဖွဲ့ရသည်။

လက်ဖွဲ့ပြီးသည်နှင့် ရှင်လောင်းကို မြင်းပေါ်သို့တင်ကာ ပွဲကျင်းပမည့် ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထု ကန်တော့ပွဲများနှင့် အိုးစည်ဗုံမောင်း တီးကာ တပျော်တပါး သွားကြသည်။ ဘုန်းကြီးကျောင်းသို့ မရောက်မီ ကျောင်းကိုသုံးပတ် လှည့်ပတ်ကျ၏။ ဘုန်းကြီးကျောင်းကို လှည့်ပတ်ရာ၌ အခမ်းအနား အစီအစဉ်အတိုင်း စည်းကမ်းတကျ လှည့်ပတ်ကြသည်။ ကြေးစည်အဖွဲ့သည် ဦးစွာသွားရ၏။ ကြေးစည်နောက်မှ အလှူပွဲအဖွဲ့၊ သင်္ကန်းပင် အဖွဲ့၊ ပဒေသာပင်အဖွဲ့၊ ပအိုဝ်း တူရိယာ အိုးစည်ဗုံမောင်း အဖွဲ့နှင့် နတ်မြင်း၊ ရှင်လောင်းမြင်း စသည်ဖြင့် အစီအစဉ်အတိုင်း လှည့်ပတ်ကြသည်။

လှည့်ပတ်ရာတွင် တစ်သုတ်ပြီး တစ်သုတ် ထက်ကြပ်မကွာ ဖြည်းညင်းစွာဖြင့် ဘုန်းတော်ကြီးကျောင်းကို ပတ်ကြသည်။ ကြည့်မှန်ကို ကိုင်ဆောင်လာသူ ကာလသား အမျိုးသမီးများ မှန်ဖြင့်ထိုးကြည့် ကျီစယ်ကြ၏။ ဘုန်းကြီးကျောင်းကို ပတ်ရာတွင် အချို့က သုံးပတ်မှ ငါးပတ်အထိ ပတ်ကြသည်။ ပတ်ပြီးသည်နှင့် ရှင်လောင်းနှင့်တစ်ကွ အဖွဲ့အားလုံး ကျောင်းပေါ်သို့တက်၍ မြန်မာများနည်းတူ ရှင်လောင်းများကို သာမဏေဘောင်သို့ သွတ်သွင်းပြီး၊ တရားဓမ္မကို အတူတကွ နာယူကြသည်။

တရားတော်နာယူရာတွင် စုပေါင်း ရှင်ပြုပွဲကြီးအတွက်နှင့် တစ်ရွာမှတစ်ရွာ လာရောက်ကြကုန်သော ဧည့်ပရိတ်သတ်၏ ထည့်ဝင် ဒါနများအတွက် သာမက အများအကျိုးအတွက် ပြုလုပ်ထားသော လမ်းများ၊ ရေကန်၊ ဇရပ်များ စသည်တို့ကိုပါ ရေစက်သွန်းချ အမျှဝေကြလေသည်။ ထိုနောက် အလှူရှင်များနှင့် ရှင်လောင်းထိန်း အမျိုးသားများ၊ ဧည့်ခံအမျိုးသမီးများ၊ ၀ိုင်းဝန်းကူညီသူများတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သုံးကြိမ်တိတိ အမျှဝေကာ၊ သာဓု အနုမောဒနာ ပြုကြသည်။ ရှင်လောင်းထိန်းများ၊ ဧည့်ခံအမျိုးသမီးများသည်လည်း မိမိတို့၏ တာဝန်ကျမဏ္ဍပ်များကို အိမ်ရှင်များသို့ ပြန်လည်ပေးအပ်ကြသည်။ အလှူပွဲပြီးသည်နှင့် အားလုံးဝမ်းသာ ၀မ်းနည်း ဖြစ်ကြရသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-32651208838632024862011-10-16T15:29:00.002+06:302011-10-16T15:29:31.121+06:30ပျော်စရာပွဲရှင်ပြုပွဲစကတည်းက အိုးစည် ဗုံမောင်းသံများသည် ဘ၀ဂ်သို့ ညံနေ၏။ တရားမနာမီ နှစ်ရက်အလိုတွင် ရှင်လောင်းထိန်းများသည် ညနေခင်း ဆည်းဆာ အချိန်ဤ မိမိတို့ ရှင်လောင်းများကို အလှပြိုင်ရင်း၊ ရှင်ပြုသည့် အိမ်များသို့ တစ်အိမ်ပြီးတစ်အိမ် လှည့်လည်သွားရောက်ကာ၊ ငွေကြေးလှူဒါန်းကြသည်။ ထိုသို့ ငွေကြေး ပါဝင်လှူဒါန်းသောအခါ ထိုအိမ်ရှင်မှ ရှင်ပြု ဒကာကဆုပေး၏။ ထိုဆုကို ကုသိုလ် ပါဝင်လှူဒါန်းကြသူ ရှင်လောင်းထိန်းများကသာ သာဓု ခေါ်ကြသည်။

ည ၈ နာရီ၊ ၉ နာရီခန့်သို့ ရောက်သောအခါ ည၏ သဘာဝ အလှနှင့်အတူ ရှင်လောင်းထိန်း အမျိုးသားများနှင့် မဏ္ဍပ်တွင် ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးတို့သည် ပွဲဒကာ၏ အိမ်ရှေ့တွင် ပျော်ပါးစွာ တီးမှုတ်ကခုန်ကြသည်။ ဤသို့ က ရာတွင် ရှင်လောင်းသည် ရှင်လောင်းထိန်းတို့ ပတ်လည် ၀န်းရံထားသော စက်ဝိုင်းအတွင်းတွင် က ရ၏။ ထိုသို့ က နေစဉ် ရှင်လောင်းထိန်း တစ်ယောက်က အမျိုးသမီးများအား ရည်စူးပြောဆိုသည့် လင်္ကာကို ကျန်ရှင်လောင်းထိန်း အမျိုးသားများက “ ဟွေး ဟွေး ” ဟုလိုက်၍ ဆိုကြသည်။

ဧည့်ခံညဖြစ်သည့် ရှင်မပြုမီ ရှေ့တစ်ညတွင် ရှင်ပြုသည့်အိမ်တိုင်းမှ ရှင်လောင်းများ၊ ရှင်လောင်းထိန်း အမျိုးသားများ ရှင်လောင်း၏ အိမ်တွင် ဧည့်ခံ ကျွေးမွေးသည့် တာဝန်ကိုယူရသည့် အမျိုးသမီးများပါ မဏ္ဍပ်ကြီးရှေ့တွင် စုပေါင်းလာရောက်ကြသည်။ ထိုနောက် ရှင်ပြုပွဲကော်မတီက သတ်မှတ်ထားသည့် နံပါတ်စဉ်အလိုက် တန်းစီကြပြီး၊ ရှင်လောင်းထိန်း အမျိုးသားများသည် ရှင်လောင်းများကို ရံ၍ က ကြသည်။ အမျိုးသမီးများက အပြုံးလေး ၀င့်ကာဝင့်ကာဖြင့် ထိုဝိုင်း၏ အလယ်တွင် ထိုင်ကြရ၏။ ရှင်လောင်းများကလည်း ရှင်လောင်းထိန်း အမျိုးသားများနည်းတူ လက်ကလေး မြှောက်ကာ ပျော်ပါးစွာ က ကြလေသည်။ အတော်ကြ က ကြပြီးသောအခါ သက်ဆိုင်ရာ မိမိတို့မဏ္ဍပ်သို့ ပြန်ကြလေ၏။

ရှင်ပြုပွဲတွင် လူပျိုလှည့်သည့် ဓလေ့ထုံးစံလည်း ပါဝင်၏။ ပွဲတော်ကျင်းပစဉ် ရက်များအတွင်း အစရက်များတွင် အမျိုးသားများသည် လက်ဆွဲ ဓာတ်မီး များကို ကိုင်ဆောင်လျက် မဏ္ဍပ် တစ်ခုပြီး တစ်ခုသို့ သွားရောက်ကာ ဧည့်ခံ အမျိုးသမီးများကို အကဲခတ်ကြသည်။ မိမိနှစ်သက် သဘောကျသည့် အမျိုးသမီးကို တွေ့ပါက ထိုမဏ္ဍပ်သို့ နေ့စဉ်ရက်ဆက် သွားရောက် လူပျိုလှည့်နိုင်သည်။ ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးကလည်း ဧည့်ဝတ် ကျေပွန်စွာ လက်ခံစကားပြောလေသည်။

ရှင်လောင်းများ လှည့်အပြီးတွင်လည်း ကွမ်းတောင်ကိုင်၊ သင်္ကန်းကိုင် အမျိုးသမီးများနှင့် ရှင်လောင်းထိန်း အမျိုးသားတို့သည် အချင်းချင်း ၀ိုင်းဖွဲ့ လူပျို လှည့်နေကြတာကို တစ်စုချင်း တွေ့နိုင်ပေသည်။ ထို့ကြောင့် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲသည် ပအိုဝ်း လူငယ်များအဖို့ အနေဝေးသူချင်း တစ်ရွာတွင် လာတွေ့သည့် ဖူးစာပွဲ တစ်မျိုးလည်း ဖြစ်၏။

ပအိုဝ်း တိုင်းရင်းသားတို့သည် သစ္စာရှိသောသူများလည်း ဖြစ်ကြ၏။ မိမိအုပ်ထိန်းသူ မိဘ အစ်ကို ညီမများ မပါသော်လည်း တစ်ရပ်တစ်ကျေးသို့ သွားရောက် အကူအညီ ပေးရာတွင် မည်သည့် ပြဿနာမှ ဖြစ်ပေါ်မှုမရှိချေ။ အရွယ်ရောက်သူတို့၏ ထုံးစံအတိုင်း လူပျိုလှည့်ကာ ချစ်စကား၊ ကြိုက်စကား ပြောနိုင်၏။ အချို့မှာ ထိုသို့ပြောရင်း ချစ်ကြိုးသွယ်မိပါက ပွဲပြီးသောအခါ အမျိုးသမီး နေထိုင်သည့်ရွာသို့ လိုက်သွား၏။ လမ်းခရီတွင်လည်း စကားပြောနိုင်၏။ စကားပြောရာတွင်လည်း လင်္ကာသွားဖြင့် အချေအတင် ပြောဆိုကြလေသည်။ အမျိုးသမီးအိမ်သို့ ရောက်သောအခါ အမျိုးသမီးနှင့်အတူ ထမင်းလက်ဆုံစားကာ မိုးမဆုံး မြေမဆုံး စကားပြောနိုင်သေး၏။ အမျိုးသမီးအိမ်တွင် တစ်ည နှစ်ည တည်းခိုပြီးလျှင် ပြန်နိုင်၏။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-59926088812054801402011-10-16T15:28:00.002+06:302011-10-16T15:28:58.958+06:30နတ်မြင်းရှင်လောင်း လှည့်သည့်အခါ ရှင်လောင်းစီးသည့် မြင်းများ၏ ရှေ့ဆုံးနေရာ၌ ကကြိုးတန်ဆာ ပလာများဖြင့် လှပတင့်တယ်စွာ ဆင်ယင်ထားသော နတ်မြင်းခေါ် မြင်းတစ်ကောင်ကို ထားလေ့ရှိသည်။ ထိုမြင်း၏ နဖူးပေါ်တွင် မှန်ငယ်တစ်ချပ်တို့ ဆင်ယင်ထား၏။ ထို့ပြင် ပေါက်ပေါက်ဆုပ်ကို ပုဝါဖြူနှင့် ထုပ်ပြီး တုတ်ချောင်းငယ် တစ်ချောင်းနှင့် ပူးချည်ထား၏။ ထိုမြင်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် မြင်းဇက်ကြိုးကိုင်ရန် ကာလသား နှစ်ယောက်၊ မြင်းကို ရွှေထီးဆောင်းပေးရန် ကာလသားနှစ်ယောက်နှင့် ပေါက်ပေါက်ဆုပ် ကြဲဖြန့်ရန် အမျိုးသမီးနှစ်ယောက် စုစုပေါင်း ခြောက်ယောက် လိုအပ်ပေသည်။

ဤမြင်းသည် နတ်စီးရန်ထားသည့် မြင်းဟု အယူအဆ ရှိပြီး၊ အထွတ်မြတ်ဆုံး တန်ခိုးအရှိဆုံးဟု ယုံကြည်ကြသည်။ နတ်မြင်းကို ထားရှိခြင်းအားဖြင့် ရှင်လောင်းစီးသော အခြား သာမန်မြင်းများသည် ပွဲရက်အတွင်း လူသံ၊ ဗုံမောင်းသံ၊ အိုးစည်သံများကို ကြားလျှင်လန့်ဖျပ်၍ ရုတ်တရက် ထွက်ပြေးခြင်း၊ လူကြားတွင် ခုန်ပေါက်ခြင်းမရှိအောင် ထိုနယ်မြေက တန်ခိုးဖြင့် ထိမ်းချုပ်ထားသည်ဟု ယုံကြည်ကြသည်။ ရှင်လောင်းများ မြင်းပေါ်မှ မကျစေရန် နတ်မြင်းက စောင့်ရှောက်ထားသည်ဟုလည်း ယုံကြည်ကြသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-7152844451523538442011-10-16T15:28:00.000+06:302011-10-16T15:28:37.470+06:30ရှင်ဝတ်တန်ဆာပအိုဝ်း တိုင်းရင်းသားတို့၏ ရှင်လောင်းဆင်ယင် ထုံးဖွဲ့မှုသည် မြန်မာတို့၏ ရှင်လောင်းထုံးဖွဲ့မှုနှင့် တစ်စိတ်တစ်ဒေသအား တူညီမှုရှိသည်ကို တွေ့ရသည်။ လိုအပ်သော ပစ္စည်းများမှာ ရွှေထီးနှစ်လက်၊ ရေမျှောအိုးတစ်လုံး၊ ကွမ်းအစ်တစ်လုံး၊ မှန်ကြီးတစ်ချပ်၊ ကောဇောသုံးထည်နှင့် မြင်းတစ်ကောင် စသည်တို့ ဖြစ်သည်။

ရှင်လောင်းတစ်ပါးအတွက် အထက်ပါပစ္စည်းများကို ထိန်းသိမ်းရန် လူဆယ့်သုံးယောက် အနည်းဆုံးလိုသည်။ ၄င်းတို့မှာ မြင်းဇက်ကြိုးဆွဲရန် ကာလသား နှစ်ယောက်၊ ရှင်လောင်းကို မြင်းပေါ်မှ မကျစေရန် ထိန်းပြီး၊ လင်္ကာအဆိုပိုင်သူ ကာလသားနှစ်ယောက်၊ မြင်း၏ တစ်ဖက်တစ်ချက်စီတွင် ရွှေထီးဆောင်းရန် ကာလသားနှစ်ယောက်၊ မှန်ထောင်သူ ကာလသားတစ်ယောက်၊ ကွမ်းအစ်ကိုင် အမျိုးသမီး တစ်ယောက်၊ ရေမျှောအိုးကိုင် အမျိုးသမီး တစ်ယောက်နှင့် ပေါက်ပေါက်ဆုပ် ကြဲဖြန့်ရန် အမျိုးသမီး တစ်ယောက် စသည်တို့ ဖြစ်သည်။ အချို့စက်ဘီးများရာ ဒေသတွင် ရှင်လောင်းကို စက်ဘီးပေါ်တွင် တင်၍ တွန်းကြ၏။ မြင်းရော၊ စက်ဘီးရော မရပါက ကာလသားတစ်ဦးဦးက ရှင်လောင်းကို ပခုံးပေါ်တွင် ခွထိုင်စေပြီး ထမ်းလေသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-22009568341327147252011-10-16T15:26:00.003+06:302011-10-16T15:26:29.239+06:30ပွဲတော်အပြင်အဆင်ပအိုဝ်းရှင်ပြုပွဲ ကျင်းပရန် နေရာပြင်ဆင်ထားပုံကို လေ့လာပါက အံ့သြလောက်အောင် ကြီးကျယ်ခမ်းနားလှသည်ကို တွေ့နိုင်ပေသည်။ ဘုန်းတော်ကြီး ကျောင်းအနီးတွင် “ စုပေါင်းမဏ္ဍပ် ” ခေါ် ဧည့်ခံရန် ဗဟိုမဏ္ဍပ်ကြီးတစ်လုံး၊ ထမင်းကျွေးရန် မဏ္ဍပ်အနည်းဆုံး နှစ်လုံးနှင့် ရေနွေးကြမ်းသောက်ရန် မဏ္ဍပ်များကို၊ ရွာသားများက စုပေါင်း ဆောက်လုပ်ကြသည်။

ဗဟိုမဏ္ဍပ်ကြီးသည် ရှင်သာမဏေပြုခြင်း၊ ဧည့်ခံခြင်း၊ တရားဟောခြင်းတို့အတွက် သီးသန့်ဖြစ်၏။ ဖိတ်ကြားခြင်း ခံရသော ရှင်လောင်းထိန်း အမျိုးသားများနှင့် ဧည့်ခံလုံမပျိုများသည် ဤဗဟိုမဏ္ဍပ်ကြီးတွင် အသီးသီး လုပ်အားပေးကြရသည်။ ရွာအတွင်း နေရာအနှံ့အပြား၌ ဆောက်လုပ်ထားသော ရေနွေးကြမ်း ကျွေးမွေးသည့် မဏ္ဍပ်များတွင်လည်း လုပ်အားပေးကြရသည်။ ဤလုပ်အားပေး အဖွဲ့များတွင် ကာလသား ခေါင်းဆောင် (လူပျိုခေါင်း)၊ ကာလသမီး ခေါင်းဆောင် (အပျိုခေါင်း) ပါ၏။ ။ အိမ်ရှင်နှင့် မဏ္ဍပ်အကြီးအကဲတို့က မိမိတို့မဏ္ဍပ်တွင် လိုအပ်သလို စီမံ ပြုလုပ်ကြပါရန် ကာလသား၊ ကာလသမီး ခေါင်းဆောင်တို့အား ပွဲတော်ချိန် တစ်ခုလုံးအတွက် အပ်နှံကြလေသည်။

ဧည့်ခံအမျိုးသမီးများသည် ရေနွေးကြမ်းမဏ္ဍပ်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များအပေါ် လစ်ဟင်းမှု မရှိအောင် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံကြသည်။ မဏ္ဍပ်တစ်ခု နှင့် တစ်ခုလည်း အပြိုင်အဆိုင် ပြုစုကြလေသည်။ ဧည့်ပရိတ်သတ်များသည် အချိန်မရွေး လာရောက်ကြသဖြင့် အမျိုးသမီး များသည် အလှည့်ဖြင့်အိပ်၊ အလှည့်ဖြင့် စားလျက် ၂၄ နာရီပတ်လုံး ဧည့်ခံကြရသည်။ သက်ဆိုင်ရာအိမ်စုအလိုက် မဏ္ဍပ်တစ်ခုလျှင် ရှင်ဒါယကာ သုံးလေးဦး စုပေါင်းဧည့်ခံတတ်ကြ၏။ ရှင်လောင်းအပါး ၁၅၀ ရှင်ပြုလျက် ရေနွေးကြမ်း မဏ္ဍပ် ၂၅ ခုခန့် ထားရှိတတ်ကြသည်။ ဧည့်ခံအမျိုးသမီးများ ကိုလည်း၊ လေးရွာအထိ ဖိတ်ကြားကြ၏။ ရှင်လောင်းထိန်း အမျိုးသားများနှင့် ဧည့်ခံရန် ဖိတ်ကြားခြင်း မခံရသော အမျိုးသမီးတို့သည် ဗဟိုမဏ္ဍပ်ကြီးတွင် ဧည့်ခံကျွေးမွေးရန် တာဝန်ယူကြရလေသည်။

ဗဟိုမဏ္ဍပ်အတွင်းရှိ “ မော် ” ခေါ် ပအိုဝ်း စာဟောဆရာကို ပင့်ဖိတ်ပြီး၊ ပွဲလာဧည့်ပရိတ်သတ်တို့အား ပအိုဝ်း သမိုင်းပုံပြင်၊ ဘာသာရေးဆိုင်ရာ ရာဇ၀င် ကျမ်းစာ၊ လူမှုရေးဆိုင်ရာများကို ဟောပြောကာ၊ တရားရေအေး တိုက်ကျွေးလေသည်။ ဗဟိုမဏ္ဍပ်ကြီးအပြင် ထမင်းဧည့်ခံကျွေးမွေးရန် မဏ္ဍပ်နှင့် ရှင်လောင်ထိန်းများ ပျော်ပါးအနားယူရန် မဏ္ဍပ်ကိုလည်း ဆောက်ထားကြသည်ကို တွေ့ရသည်။

ရှင်ပြုပွဲစသည်နှင့် ထမင်းကို နေ့ညမရွေး ဧည့်ခံကျွေးမွေးလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဖော်ရွေ၏။ ခင်မင်၏။ မည်သည့်ဒေသမှ လာရောက်သည့် ရွှေပွဲလာဧည့်သည်များကိုမဆို နေ့ရောညပါ ဧည့်ခံကျွေးမွေးလေသည်။ ဗိုက်ပြည့်၍ ထမင်းမစားချင်လျှင် သူတို့လေးတွေ၏ ဧည့်ခံ မဏ္ဍပ်သို့ မသွားလေနှင့်၊ သွားခဲ့လျှင်မူ အတင်းဖိတ်ခေါ် ကျွေးမွေးသည်ကို ကြုံရပေမည်။ ထမင်းကျွေးမဏ္ဍပ်သို့ ၀င်မိသည်နှင့် ထမင်းမစားချင်သော်လည်း သူတို့လေးတွေ စိတ်ကျေနပ်မှုရအောင် ၀င်သမျှ စားကြရသည်။ ထမင်းစားပြီးသောအခါ ဧည့်ခံကျွေးမွေးသူ အမျိုးသမီး များအား ဘယ်မှာနေကြပါသလဲ ဟု စကားပြောနိုင်ပါသေးသည်။

အချို့မှာ ရပ်ဝေးဧည့်သည်များကို မဏ္ဍပ်၌ ထမင်းဧည့်ခံ ကျွေးမွေးခြင်း မပြုဘဲ၊ ပွဲတော်ရက်အတွင်း ထမင်းထုပ်ကမ်းခြင်း ဓလေ့ကို ပြုလုပ်ကြ၏။ သို့သော် ဤဓလေ့ကို ကျင့်သုံးမှုနည်း၏။ ထမင်းထုပ်ကမ်းသည့် ဓလေ့မှာ ထမင်းထုပ်များကို တစ်ဦးတည်းဒိုင်ခံပြီး လုပ်ခြင်းမဟုတ်ပေ။ ရှင်လောင်း ဒါယကာများအပြင် အလှူဒါနဘက်၌ ၀ါသနာပါသူတိုင်း စုပေါင်းရှင်ပြုပွဲကြီး အောင်မြင်ရေးကို ရည်စူးလျက်၊ ထိုဒေသရှိ ရွာတိုင်း၊ အိမ်တိုင်းက ထမင်းထုပ် များကို တာဝန်ယူကြသည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့၏ အင်အားကို ခန့်မှန်း၍ ထမင်းထုပ်ကို ထုပ်ကြသည်။ လောက်သည်လည်း ရှိ၏။ မလောက်သည်လည်း ရှိ၏။ မလောက်ပါက ပူပင်စရာ မရှိပေ။ အိမ်တိုင်းလိုလို ဧည့်ခံကျွေးမွေးကြသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-41828507066544576302011-10-16T15:26:00.001+06:302011-10-16T15:26:04.095+06:30ဖိတ်ကြားခြင်းပအိုဝ်း တိုင်းရင်းသားတို့သည် ရှင်ပြုပွဲကို မိမိတို့ရွာရှိ လူနည်းစုဖြင့် မကျင်းပပေ။ ပွဲတော်ဖြစ်မြောက်ရေးအတွက် တစ်ရွာနှင့်တစ်ရွာ ၀ိုင်းဝန်း ကူညီကြသည်။ ရှင်လောင်း ထိန်းမည့်သူများကို အခြားရွာများအား ရွာလုံးကျွတ် ဖိတ်ကြားကာ တာဝန်ပေးကြသည်။ ဖိတ်ကြားခြင်းခံရသော ရွာကလည်း သက်ကြီးရွယ်အိုများမှ အစ ကာလသား လူငယ် လူရွယ်များမကျန် မိမိတို့ တာဝန်ကျရာ၊ ရှင်လောင်း ဒါယကာအိမ်သို့ ပွဲမကျင်းပမီ တစ်ရက်၊ နှစ်ရက် အလိုတွင် ရှင်ဝတ်တန်ဆာပလာ တို့ကို ယူဆောင်၍ အိုးစည်ဗုံမောင်းတီးကာ သွားရောက်ကြ၏။

ရှင်ပြုသည့် အိမ်တစ်အိမ်တွင် ဧည့်ခံ ကျွေးမွေးကြသည့် အမျိုးသမီးများနှင့် ရှင်လောင်းထိန်း အမျိုးသားများသည် တစ်ရွာတည်းမဟုတ်ချေ။ ရှင်ဒကာသည် ရှင်လောင်းထိန်းရန် အမျိုးသားများနှင့် ဧည့်ခံကျွေးမွေးရန် အမျိုးသမီးများကို တစ်ရွာစီ ပင့်ဖိတ်ကြ၏။ ဤသို့ ပြုလုပ်ခြင်းဖြင့် တစ်ရွာခြားစီ ဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတို့ ရင်းနှီးချစ်ခင်မှုကို ရစေသည်။

ရှင်လောင်းထိန်းကို တာဝန်ပိုင်းအနေနှင့် ရွာလုံးကျွတ် ဖိတ်ကြားသည့်ပြင်၊ မြန်မာ့ရိုးရာကဲ့သို့ပင် မိမိတို့နှင့် ရင်းနှီးသော မိတ်ဆွေများကိုလည်း တစ်ဦးချင်းအနေနှင့် ဖိတ်ကြားကြသေး၏။ ဤသို့ဖိတ်ကြားရာတွင် တစ်ဦးတစ်ယောက်တည်းကို မဖိတ်ဘဲ၊ “ တစ်ဆွေတစ်မျိုးလုံးအတွက် ” ဟူ၍ ဖိတ်စာတွင် ရေးကာဖိတ်ကြ၏။

ရှင်ပြုပွဲ ဖိတ်ကြားရာတွင် ဖိတ်ကြားပုံ အမျိုးမျိုးကို တွေ့ရသည်။ အချို့က ဖိတ်စာနှင့် ဖိတ်၍ အချို့က လက်ဖက်ထုပ်ဖြင့် ဖိတ်ကြ၏။ ဖိတ်စာကို ပအိုဝ်း ဘာသာဖြင့် ပုံနှိပ်ပြီး ဖိတ်ကြသည်။ ဖိတ်စာကို လေးလုံးစပ်လင်္ကာဖြင့် ရေးသားထား၏။ ဖိတ်စာကို သံနေသံထားဖြင့် ဖတ်ကြရသည်။

ရှေးအခါက လက်ဖက်အစိုကို ငှက်ပျောဖက်ဖြင့် ထုပ်ကာ ဖိတ်ကြသည်။ ဖိတ်စာကို ပုံနှိပ်ရန်ဝေးသော ကျေးရွာတွင် လက်ဖက်ခြောက်ကို စာအိတ်ထဲတွင် ထည့်၍ ဖိတ်ကြသည်။ စာအိတ်ပေါ်တွင် ဖိတ်ကြားခံရသူ၏ အမည်ကိုရေးပြီး၊ တဆွေတမျိုးလုံး အတွက်ဟု ရေးကာ ဖိတ်ကြား၏။ စာအိတ်ပေါ်တွင် ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကာလကိုလည်း ရေးသားထား၏။

ရွာလုံးကျွတ် ပွဲတော်ကြီးအတွက် မိုင် ၃၀ ပတ်ဝန်းကျင်ရှိ အနီးအနားရွာများကိုလည်း တစ်ရွာစီ ဖိတ်ကြားကြသည်။ ရှင်ပြုပွဲတော်သို့ လာရောက်ကြမည့် ထောင်ပေါင်းများစွာသော ရပ်ဝေးဧည့်ပရိတ်သတ်များကို ကျွေးမွေးရန်အတွက် ရိက္ခာပစ္စည်း အခြောက်အခြမ်းများကို ကြိုတင် စီမံဝယ်ယူ စုဆောင်း ထားကြရသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-41998235729495454812011-10-16T15:25:00.001+06:302011-10-16T15:25:33.904+06:30ရှင်ပြုပွဲပအိုဝ်း တိုင်းရင်းသားတို့သည် သားရတနာများ ထွန်းကားလာလျှင် ရှင်ပြုရေးကို အလေးထားကြသည်။ သားသမီး မထွန်းကားပါက၊ ဆွေမျိုးမိတ်သင်္ဂဟ တစ်ဦးဦး၏ သားကို ရှင်ပြုပေးကြ၏။ မိမိတို့ ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများသည် မိမိတို့၏ ရင်သွေးငယ် လူမမယ် ရှင်ပြုရန်ဟု ယူဆကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည့် ရှင်ပြုပွဲကို “ ပွယ်ပန် ” ဟုခေါ်၏။

ပအိုဝ်း တိုင်းရင်းသားတို့သည် ရှင်ပြုပွဲကို တစ်ဦးတည်း ကျင်းပခြင်း မရှိပေ။ ငွေကြေး တတ်နိုင်က မတည်ပြီး၊ အရွယ်ရောက်သူ ယောက်ျားလေးများ အားလုံးကို စုပေါင်း၍ သက်ဆိုင်ရာ မိဘရှင်များနှင့် ရွာသူရွာသားများ ၀ိုင်းဝန်းကာ ရွာလုံးကျွတ် ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ရွာတစ်ရွာတွင် ရှင်ပြုပွဲ တစ်ကြိမ်ပြုလုပ်နိုင်ရေးအတွက် ငါးနှစ်မှ ခုနစ်နှစ်အထိ စောင့်စားကြရသည်။

ရှင်ပြုပွဲကို လယ်ယာလုပ်ငန်းအပြီး အလုပ်အားသည့် တပေါင်း တန်ခူးလများတွင် ကျင်းပကြသည်။ ရှင်ပြုပွဲ တစ်ခါပြုလုပ်နိုင်ရေးအတွက် တစ်နှစ်ခန့် ကြာအောင် ပြင်ဆင်မှု ပြုလုပ်ကြရသည်။ ရှင်ပြုပွဲသည် ခုနစ်ရက်ခန့်ကြာပြီး ခမ်းနားစွာ ကျင်းပကြသည်။ ရှင်ပြုပွဲ တစ်ခါပြုလုပ်လျှင် ရှင်လောင်းပေါင်း အပါး (၅၀)မှ (၃၀၀)အထိ ရှိတတ်ကြ၏။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့၏ ရှင်ပြုပွဲသည် စည်းလုံးညီညွတ်ခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်းကို ဖော်ပြနေပေသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-61625939103284882052011-10-16T12:02:00.000+06:302011-10-16T12:02:21.385+06:30အဆောင်အရှောင်တိုင်းရင်းသား လူမျိုးများတွင် မိမိတို့ပတ်ဝန်းကျင် အတွေ့အကြုံ၊ အဖြစ်အပျက်၊ အတိတ်နိမိတ်များကို အခြေခံ၍ ဆောင်ရန်၊ ရှောင်ရန်များကို ဓလေ့ထုံးစံ အဖြစ် ဆက်လက်ခံယူ ကျင့်သုံးလေ့ ရှိကြပေသည်။ ထိုသို့ ဓလေ့ထုံးစံအရ၊ ခံယူကျင့်သုံးရာတွင် မိမိတို့ခံယူကျင့်သုံး ယူဆသကဲ့သို့ တထစ်ချ ဖြစ်ရမည်ဟု မဆိုလိုပေ။ ရှေးမိဘ ဘိုးဘွားလက်ထက်က ဖြစ်ပျက် တွေ့ကြုံဖူးခဲ့၍ သားစဉ်မြေးဆက်တွင် ဆောင်ရန်၊ ရှောင်ရန် အဖြစ် ဆက်လက် ကျင့်သုံးလေ့ ရှိကြလေသည်။

တိုင်းရင်းသား ပအိုဝ်းလူမျိုးတို့တွင်လည်း မိမိတို့ပတ်ဝန်းကျင်၊ အတွေ့အကြုံ အဖြစ်အပျက်၊ အတိတ်နိမိတ်များကို အခြေခံ၍ ရှေးဘိုးဘွား လက်ထက်က ရှောင်သင့်၊ ဆောင်သင့်သည်များကို နောင်လာ နောက်သားတို့က ဓလေ့ထုံးစံအဖြစ် ဆက်လက်ခံယူကာ ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ခဲ့ကြကြောင်း တွေ့ရလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ အတိတ်နိမိတ်များနှင့် အဆောင်အရှောင်များကို လေ့လာစုဆောင်း မှတ်သားရမိသမျှ တင်ပြလိုပေသည်။

- ရွာတွင်းသို့ ဂျီဝင်လျှင် ရွာသားများ စုပေါင်း၍ စေတနာ သဒ္ဒါတတ်အားသမျှ ထည့်ဝင်ကာ ဆွမ်းကျွေးကြသည်။ အများအားဖြင့် ရွာလယ်တွင်ရှိသော အိမ်တွင် ဆွမ်းကျွေးလေ့ ရှိကြသည်။ ဆွမ်းကျွေးပြီးလျှင် သံဃာတော်များက ပရိတ်ရွတ်ဖတ် သရဇ္ဈယ်ပေး၏။ ဤသို့ ပရိတ်ရွတ်ဖတ် သရဇ္ဈယ်ပြီးလျှင် တူမီးသေနတ်ဖြင့် ပစ်ဖောက်ကြသည်။ သေနတ်ပစ်ဖောက်ရခြင်းမှာ မကောင်းသော အန္တရာယ်များ ကင်းစင်ပပျောက်သွားစေရန် ဖြစ်၏။ ရွာတွင်းသို့ ဂျီဝင်လျှင် ဤဓလေ့ကို ပြုကြခြင်းမှာ ရွာတွင်းသို့ ဂျီဝင်သဖြင့် တစ်အိမ်နှင့်တစ်အိမ် အချင်းများ၍ ရွာကွဲခဲ့ဖူးသည်ဟု ဆို၏။

- ခရီးသွားရင်း ဂျီသတ္တ၀ါသည် မိမိတို့ရှေ့ကို ဖြတ်သွားလျှင်ဖြစ်စေ၊ သစ်ပင်လဲကျ လာလျှင်ဖြစ်စေ၊ မကောင်း၊ လာဘ်မကောင်းသည့်ပြင်၊ အတားအဆီး အနှောင့်အယှက် ဖြစ်စေသည်။

- ခရီးသွားလာနေရင်း မြွေကိုတွေ့လျှင် ကောင်း၏။

- ခရီးသွားလာရင်း မင်္ဂလာဆောင် သတို့သား၊ သတို့သမီး ကန်တော့ရန် သွားကြသည်နှင့် တွေ့လျှင်မကောင်း။

- ခရီးသွားရင်း မိန်းမ မီးဖွားသည်ကို တွေ့လျှင်ကောင်း၏။

- ဧည့်သည်ကို မှိုဟင်းဖြစ်စေ၊ အမဲလိုက်၍ရသော ဂျီ၊ ယုန် စသည့် သတ္တ၀ါများ၏ အသားဟင်းကို ဖြစ်စေ မကျွေးကောင်း။ ကျွေးလျှင် ထိုဧည့်သည် နောက်တစ်ကြိမ် ပြန်မလာတတ်။ အကယ်၍ ဧည့်သည်ကို ကျွေးလိုလျှင် ဧည့်သည်ထံမှ ငွေတစ်မတ်ဖြစ်စေ၊ ငါးမူးဖြစ်စေ တောင်းရ၏။ ဧည့်သည်က ၀ယ်စားသည့် သဘောဖြစ်၏။ ထိုသို့ပြုပါက ဧည့်သည် နောက်တစ်ကြိမ် ပြန်လာသည်ဟု အယူရှိကြသည်။

- အလည်အပတ်သွားသော အိမ်တွင် ဖျာလိပ်နတ်ကိုးကွယ်ပါက ဧည့်သည်ကို အိမ်မြောက်ဘက်သို့ မသွားစေရ။

- ရွာပတ်ဝန်းကျင်တွင် ကျားဟိန်းသံကြားရပါက ဆူပူမှု ဖြစ်တတ်သည်။ သို့သော် အချိန်ကြာမြင့်စွာ ဟိန်းပါက ရောဂါကင်း၏။

- တောဝက်များ ရွာတွင်းသို့ ၀င်လာလျှင် မကောင်း။

- ကျီး၊ ငှက် စသည်တို့ ကိုယ်ခန္ဓာပေါ်သို့ လာနာခြင်း၊ ထိပ်ပေါ်သို့ အညစ်အကြေး စွန့်ခြင်းနှင့် တွေ့ကြုံလျှင် မကောင်း။ အန္တရာယ်နှင့် ရင်ဆိုင်ရတတ်၏။ အသက်ပါဆုံးရှုံးတတ်၏။

- အနောက်မြောက်အရပ်တွင် ကျီးသာလျှင် မကြားဖူးသော ထူးဆန်းသော စကားကို ကြားရတတ်သည်။

- တောင်အရပ်တွင် ကျီးသာလျှင် ကောင်းသော အကြံဥာဏ်ရတတ်၏။ သို့သော် လူကြီး၊ အကြီးအကဲ ဆုံးရှုံးတတ်၏။

- ခရီးသွားစဉ် ခလုတ်တိုက်မိလျှင် ဘေးရန်မကင်း ဖြစ်တတ်သည်။

- လက်ျာဘက် မျက်ခုံးလှုပ်လျှင် နိမိတ်ကောင်း၏။

- အောက်ဘက်မျက်ခမ်း လှုပ်လျှင် မကောင်း။

- အထက်ဘက် မျက်ခုံးလှုပ်လျှင် ကောင်း၏။

- နားပူခြင်း၊ အစားအသောက် စားစဉ် လျှာကိုက်မိခြင်း ဖြစ်ပါက တစ်ပါးသူက မိမိအကြောင်းကို ပြောသည်။

- မိမိထက်ကြီးသောသူ အပေါ်သို့ကျော်၍ ပစ္စည်းပေးပါက ရိုင်းပျသည်ဟု ယူဆပြီး ရှောင်ကြဉ်ကြသည်။

- အိမ်ရှင်မများသည် ခင်ပွန်းသည် ခရီးသွားလျှင် ခင်ပွန်းသည်၏ အိပ်ရာကို မည်သူမျှ အသုံးမပြုစေဘဲ၊ သန့်ရှင်းသပ်ယပ်စွာ ထားကြသည်။ ခင်ပွန်းသည်ကို လေးစားအားထားသည့် သဘောပင် ဖြစ်၏။

- အိမ်ရှင်မများသည် ခင်ပွန်းသည်ခရီးသွားလျှင် ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီး အထူးတလည် ကပ်လှူပူဇော်ကြသည်။ ဘေးကင်း ရန်ရှင်းစေရန်ပင် ဖြစ်၏။

- မီးခြင်းတစ်ချောင်းကို လူသုံးယောက် မီးမညှိကောင်း။ ဤအယူအဆမှာ မီးခြစ်တစ်ချောင်းကို လူသုံးယောက် ညှိပါက၊ နောက်မှ ရန်သူလိုက်လာလျှင် အချိန်ဖင့်နွှဲ့ပြီး၊ ရန်သူလိုက်မီမှာ စိုးသောကြောင့် ဖြစ်၏။

- ရွာဘေးတွင် မြေကွဲ မြေအက်ပါက၊ ရွာကွဲတတ်သည်။

- ပဒူ (ပျားတစ်မျိုး) လူပေါ်နားပါက လူသေတတ်သည်။ မသေလျှင် ဆင်းရဲတတ်သည်။

- တောင်ပြိုပါက မကောင်း၊ ရွာထိပ်တွင် တောင်ပြိုပါက၊ ရွာလူကြီးတို့ ထိခိုက်တတ်သည်။

- အိမ်မက်မက်ခြင်းနှင့် ပတ်သက်၍လည်း အယူအဆ ရှိကြသည်။ သစ်ပင်ကြီးများ၊ တောင်များ လဲပြိုသည်ဟု မြင်မက်ပါလျှင်၊ ဘုန်းတော်ကြီး၊ လူ ထိခိုက်တတ်ပါသည်။

- သွားကျိုးသည်ဟု မြင်မက်သော် သားချင်းထဲမှ တစ်ယောက်ယောက် ကွယ်လွန်တတ်သည်။

- မီးကျည်တက်၍ တစ်နေရာတွင်ကျသည်ဟု မြင်မက်သော်၊ မီးကျည်ကျသည်ဟု မြင်မက်သည့် အရပ်တွင် လူသေဆုံးတတ်သည်။

- သစ်သီးဝလံကို မြင်မက်လျှင် ပျိုရွယ်သူ ဖြစ်ပါက အိမ်ထောင်ကျတတ်သည်။

- သစ်သီးဝလံ စားရသည်ဟု မြင်မက်လျှင် ရွှေ၊ ငွေ၊ ပစ္စည်း ရတတ်သည်။

- ဘုရားရှိခိုးသည်၊ ဘုန်းတော်ကြီးနှင့် တွေ့ရသည်ဟု မြင်မက်လျှင် ရန်သူမျိုးငါးပါး ကင်းစင်လိမ့်မည်။

- တောင်ယာလုပ်ငန်းနှင့် ပတ်သက်၍၊ တောင်ယာလုပ်ငန်း စတင်ခုတ်ထွင်သည့် နေ့တွင် ငွေကြေးဥစ္စာ အထွက်မခံကြပေ။ ထိုနေ့တွင် ငွေကြေးဥစ္စာ ထွက်ပါက တောင်ယာမှ ရရှိလာသည့် အကျိုးစီးပွား မတည်မြဲဟု ယူဆကြသည်။

- အထက်ပါယုံကြည်စွဲလမ်းမှုဓလေ့ အဆောင်အရှောင်များမှာ စုဆောင်းရရှိ မှတ်သားရသမျှသာ ဖြစ်ပါသည်။ ဤဓလေ့ အဆောင်အရှောင်များသည် တထစ်ချ မလွဲမသွေ ဖြစ်ရမည်ဟု မယုံကြည်ကြချေ။ ရှေ့ဘိုးဘွားလက်ထက်က မိရိုးဖလာ ဓလေ့ထုံးစံအဖြစ် ယနေ့တိုင် လက်ခံကျင့်သုံး နေကြသည်ကို လေ့လာတွေ့ရှိရပေသည်။Unknownnoreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-54585190826068137222011-10-16T11:58:00.001+06:302011-10-16T11:58:08.463+06:30ထွားဗန်ပအိုဝ်း တိုင်းရင်းသားတို့တွင် ဗေဒင်ယုံကြည်မှု ရှိကြသည်။ နာမကျန်းဖြစ်ခြင်း၊ စီးပွားအလုပ်အကိုင် ကျဆင်းခြင်း စသည့် အခါမျိုးတွင် မိမိတို့ရိုးရာ ဗေဒင် ဆရာများကိုခေါ်၍၊ “ ဘင် - မေ ” ခေါ် မီးထွန်းညှိ၍ ယတြာချေကြသည်။ “ ဗန် - ၃၃ ” ၊ “ ဗန်ကုလာ ” ၊ “ ဗန်လမိုင် ” စသည်ဖြင့် ရိုးရာဗေဒင်များ ရှိကြသည်။ ရိုးရာဗေဒင်များအနက် “ ဗန် - ၃၃ ” မှာ ထင်ရှားပြီး၊ လူသုံးများ၏။ ရွာတိုင်းလိုလို ကျင့်သုံးမှု ရှိကြသည်ကို တွေ့ရ၏။ ကျွဲ၊ နွား ပျောက်ဆုံးခြင်း၊ ရွှေ ငွေ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်း၊ အရောင်းအ၀ယ်၊ ကျန်းမာရေး၊ အမဲလိုက်ခြင်း စသည်တို့ကို ဟောနိုင်လေသည်။ သူခိုး၊ ဓားပြ များလည်း ကြည့်သဖြင့် အချို့က “ သူခိုးဗန် ” ဟုခေါ်ကြ၏။ “ ဗန် ” ဟော၍ မှန်ဘူသည် စီးပွားမဖြစ်ဘဲ လာဘ်ပိတ်သည်ဟု အယူရှိကြလေသည်။ “ ဗန် ” ဟောသည်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ထွားဗန် ” ဟုခေါ်၏။

“ ဗန် - ၃၃ ” ခြင်္သေ့ ကြည့်သောနည်းဟု ဆို၏။ ခြင်္သေ့၊ ကျား ကြောင် သတ္တ၀ါတို့သည် မိမိတို့သွားမည့် အရပ်မျက်နှာသို့ ချက်ချင်း မသွားဘဲ သွားသင့် မသွားသင့်ကို “ ဗန် ” ကြည့်ကြသည်ဟုဆို၏။ “ ဗန် - ၃၃ ” ခေါ် ဗေဒင်နှင့် ပတ်သက်၍ ပုံပြင်ရှိလေသည်။

တစ်ခါတုန်းက မောင်နှမနှစ်ယောက်ရှိ၏။ တစ်ယောက်က အစ်ကို၊ တစ်ယောက်က နှမ ဖြစ်၏။ သူတို့မောင်နှမ လူမှန်းသိတတ်စ အချိန်တွင် မိဘနှစ်ပါး ကွယ်လွန်သွားကြသည်။ သူတို့နေသည့် လည့်ရွာသည် ရွာငယ်ဖြစ်သဖြင့် လူဦးရေနည်း၏။ သစ်တောထူထပ်သဖြင့် ရွာပတ်ဝန်းကျင်တွင် သစ်ပင်ဝါးပင် တို့ဖြင့် အုံ့ဆိုင်းနေ၏။ တောထဲတွင် သားရဲတိရိစ္ဆာန်များ ခိုအောင်းသဖြင့် ရွာပတ်ဝန်းကျင်တွင် သားရဲတိရိစ္ဆာန်များ သွားလာကျက်စားလျက် ရှိကြ၏။ သူတို့မောင်နှမ သားရဲတိရိစ္ဆာန်ကို မြင်နေကျဖြစ်၍ မကြောက်ပေ။ တိရိစ္ဆာန်ငယ်များသည် တိရိစ္ဆာန်ကြီးများကို ကြောက်သဖြင့် လူအနီး၊ ရွာအနီး ပြန်လာ နေကြ၏။ ရွာအနီးနားတွင် ပြန်နေသော်လည်း တစ်ခါတစ်ရံ ခြင်္သေ့၊ ကျားတို့ ကိုက်တတ်သေး၏။ ခြင်္သေ့၊ ကျားတို့ လိုက်ပါက လူတို့အနီးသို့ ပြေးလာလျှင် အန္တရာယ်မှ လွတ်လေသည်။

မောင်နှမ နှစ်ယောက်သည် ရွာ၏ မြောက်ဘက်တွင် နေ့တိုင်း တောင်ယာသွားလုပ်၏။ တောင်ယာသို့ သွားသည့်လမ်းဘေး ၀ဲယာတွင် ခြင်္သေ့၊ ကျား တို့ကို တွေ့၏။ ခြင်္သေ့၊ ကျား တို့သည် နံနက်တိုင်း တစ်စုံတစ်ခု ကြည့်နေသည်ကို တွေ့၏။ နံနက်တိုင်း တွေ့နေသဖြင့် “ ဘာလုပ်တာပါလိမ့် ” “ ချောင်းကြည့်ဦးမှပဲ ” ဟု အကြံဖြစ်ပြီး နောက်တစ်နေ့ နံနက်တွင် ချောင်းကြည့်လေသည်။

လူရွယ်သည် ခြင်္သေ့တစ်စုံတစ်ခု ကြည့်နေသည့် နေရာနှင့်၊ မနီးမဝေး သစ်ပင်ပေါ်သို့ တက်လေ၏။ သူ့အထက် သစ်ကိုင်းတွင် ရေဗူးကိုချိတ်ပြီး၊ ခြင်္သေ့ အလာကို စောင့်နေလေ၏။ မကြာမီ ခြင်္သေ့ရောက်လာပြီး၊ ခါတိုင်းမနက်ကဲ့သို့ပင် တစ်စုံတစ်ခုကို ကြည့်ရာ “ ရေရဲ့အောက်၊ မြေကြီးရဲ့အပေါ်၊ သစ်ပင် အနီးအနားမှာ ရန်သူရှိတယ် ” ဟု သူကြည့်နေသည့် အရာက ဟောလေ၏။ မကျေနပ်သဖြင့် သုံးခါတိုင်ကြည့်ရာ၊ အတူတူပင် ဟောလေ၏။ ခြင်္သေ့မှာ မတွေးတတ်အောင်ဖြစ်နေပြီး၊ “ ဒီ - ဗန် - ဟာ သားကောင်တွေရှိတဲ့ နေရာကို မပြဘူး၊ ငါ့ကို ညာတာဘဲ ” ဟု ဆိုပြီး သူကြည့်နေသည့် “ ဗန် ” ကို ထားခဲ့ပြီး ပြန်သွားလေ၏။

ခြင်္သေ့ထွက်သွားသောအခါ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်သည့်နေရာကို ဆင်းကြည့်၏။ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်ပုံ၊ “ ဗန် ” ဟောပုံကို တွေ့သွား၏။ လူရွယ်သည် မြက်ပင် ၀ါးခြမ်းငယ်လေးများ ပြုလုပ်၍ ခြင်္သေ့ကြည့်သကဲ့သို့ ကြည့်ရာ၊ မှန်သည်ကို တွေ့ရ၏။ ထိုလူရွယ်မှတစ်ဆင့် “ ထွားဗန် ” ခေါ် ဗန်ကြည့်သည့် ဓလေ့ ပွားလာသည်ဟု ပအိုဝ်းတိုင်းရင်းသားတို့ ပြောစမှတ်ပြုကြသည်။

“ ဗန် ” ကြည့်လိုပါက၊ တုတ်ချောင်း ၃၃ ချောင်းကို စုဆောင်း၍ ကြည့်ရ၏။ ထို့ကြောင့် “ ဗန် - ၃၃ ” ဟုလည်းခေါ်ကြ၏။ တုတ်ချောင်းများမှာ ဘောပင်ခန့် ရှိပြီး၊ အရှည် (၆)လက်မခန့်ရှိ၏။ ဗန် ၃၃ ချောင်းကို ပြုလုပ်ကြည့်ရှုလိုပါက ဘောပင်အရွယ် ဖြူမွှေးတစ်ချောင်း၊ သက်ကယ်တစ်ချောင်း၊ ဘုန်းကြီးပျံသင်္ဂြိုဟ်ရာတွင် ဘုန်းကြီးပျံ ရုပ်ကလာပ်ကို ထိုးခံသော “ ၀ါးတံစို့ ” ခေါ် ၀ါးတစ်ချောင်း၊ ခိုးယူရသော မုဆိုးမ ယောက်မတစ်ချောင်း၊ အချည်လွတ်နေသော ကျားကန်ဝါးတစ်ချောင်၊ လမ်းဘေးတွင် လမ်းကို ကျော်လျှင် မြေထိအောင် ညွှတ်ကျနေသော ၀ါးတစ်ချောင်း စသည်တို့ကို ဘောပင်အရွယ်ပြု၍ တစ်ချောင်းစီ ထည့်ရ၏။

“ ထွားဗန် ” ခေါ် ဗန်ကြည့်လိုပါက၊ အထက်ဖော်ပြပါ အတိုင်း ပြည့်စုံအောင် စီရင်ထားသော တုတ်ချောင်း ၃၃ ချောင်းကို မိမိကြည့်လိုရာကို ဓိဋ္ဌာန်၍ ကြည့်ရ၏။ “ ဗန် - ၃၃ ” ချောင်းကို လက်ဖ၀ါးတွင် အသာထောက်၍ သုံးကြိမ်သုံးခါ မွှေရ၏။ ထိုနောက် “ ဗန် - ၃၃ ချောင်း ” ကို သုံးပုံပုံကာ၊ အချောင်းကို ရေတွက်ပြီး ဟောရသည်။ “ ထွားဗန် ” ခေါ် ဗန်ကြည့်သည့် ဓလေ့ကို ပအိုဝ်းကျေးရွာတိုင်းလိုလို၌ ယနေ့တိုင် ကြည့်၍ လိုက်နာကြသည်ကို တွေ့ရပေသည်။Unknownnoreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-64542675746972732011-10-16T11:57:00.003+06:302011-10-16T11:57:40.852+06:30ဗေဒင်ပအိုဝ်း တိုင်းရင်းသားများသည် ဗေဒင် မေးလေ့မေးထ ရှိသည်။ ပစ္စည်းဥစ္စာပျောက်ခြင်း၊ ကျွဲ၊ နွား ပျောက်ဆုံးခြင်း၊ မြေယာနှင့် ပတ်သက်သော အငြင်းပွားမှု များအတွက် ကြက်ရိုး ဗေဒင်ကို မေးကြ၏။ ပစ္စည်းဥစ္စာ၊ ကျွဲနွားများ ပျောက်ဆုံးပါက ရွာသူကြီး (၀ါ) ရပ်ရွာက ကြည်ညိုလေးစားသော ပုဂ္ဂိုလ် တစ်ဦးဦးကို သက်သေအဖြစ်ထားလျက် ပစ္စည်းပျောက်သည့် နေရာတွင် ထိုးရာသည်။ လူကြီးများသည် ကြက်ရိုးဗေဒင်ကို ကြည့်၍ ပြဿနာကို အဆုံးအဖြတ် ပေးကြသည်။ ထို့ပြင် ရာသီဥတု ကောင်းမကောင်း၊ သီးနှံထွက်မထွက်၊ ရပ်ရွာအေးချမ်းမှု ရှိမရှိ စသည်တို့ကို ကြိုတင် ခန့်မှန်းရန် အတွက်လည်း ကြက်ရိုးဗေဒင်ကို ကြည့်ကြသည်။

ကြက်ရိုးဗေဒင်အပြင် တုတ်ချောင်းဗေဒင်ကိုလည်း သုံးကြသေးသည်။ ဤဗေဒင်ကို ပအိုဝ်း တိုင်းရင်းသားများက “ ထွားဗန် ” ဟုခေါ်၏။ ဥစ္စာရွှေငွေ၊ ကျွဲနွား ပျောက်ဆုံးခြင်း၊ လူပျောက်ခြင်း၊ စီးပွားရှာထွက်ခြင်း အတွက် “ ဗန် ” ခေါ် ဗေဒင်ကို ကြည့်တတ်ကြ၏။

ဤဗေဒင်မှာ ၀ါးချောင်းငယ်များကို သုံးကြ၏။ သုံးသော ၀ါးမှာလည်း တောကြွက်များ ကိုက်ဖြတ်ထားသော ကြွက်ဝါး၊ ဘုန်းကြီးပျံများတွင် ဘုန်းတော်ကြီးကို မီးဖြင့် သင်္ဂြိုဟ်နေစဉ် ဘုန်းတော်ကြီးအလောင်းကို ထိုးထားသောဝါးနှင့် မိုးကြိုးပစ်ခံရသော ၀ါးကိုသာ အသုံးပြုကြသည်။ ဤ၀ါးချိုး အပြင် ဖြူးကောင်၏အမွေးများ၊ မြက်ပင်များကိုလည်း သုံးနိုင်၏။ “ ဗန် ” ခေါ် တုတ်ချောင်းဗေဒင်ကို ကြည့်ရန်အတွက် တုတ်ချောင်း (၁၂) ချောင်းကို အသုံးပြု၏။

အချို့က “ ဗန်သုံဆီ ” (တုတ်ချောင်းသုံးဆယ်) ဟုခေါ်ကြ၏။ တုတ်ချောင်းသုံးဆယ်ကို တစ်စည်းတည်း စုစည်းပြီး၊ မိမိပြုလိုသည့် အမှုကိစ္စကို တိုင်တည်သည်။ ထိုနောက် သုံးစွဲကာ သုံးခါကြည့်လျှင် အဖြေထွက်လေသည်။ ထိုအခါ ကြည့်ပေသူ၏ ဗေဒင်အရဟောသည်။

ဖားဗေဒင်ဟုခေါ်သည့် ဗေဒင်တစ်မျိုးလည်း ရှိသေး၏။ ထိုဗေဒင်မှာ ဗေဒင်ဆရာသည် ဗေဒင်ကြည့်လိုသူအား နှစ်တောင်ခန့်ရှိသော နှီးဖြင့် ဗေဒင် ကြည့်လိုသူ လက်ချောင်းငါးချောင်း၏ လက်ဆစ်တစ်ဆစ်စီကို တိုင်း၏။ ထိုနောက် လက်ခလယ်မှနေ၍ တထောင်ဆစ်အထိ တိုင်း၏။ ထိုနောက် ဗေဒင် ဆရာက ဟောသည်။

ဗေဒင်ကို ကြည့်ပြီးသောအခါ ဗေဒင်ဆရာ၏ ဟောပြောချက်အရ “ ယာယီ ” ခေါ် မိမိအိမ်မှနေ၍ သူများအိမ်သို့ ပြောင်းရွှေ့အိပ်စက်ခြင်း၊ ညံ့နေသည်ဟု ဟောထားပါက ယတြာချေခြင်း၊ ဆီမီးထွန်းညှိခြင်း၊ ညောင်ထောက်ခြင်းများ၊ တံတားခင်းခြင်းများ ပြုလုပ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ဗေဒင်ကိုကြည့်လေ့ ရှိကြသော်လည်း ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်း၊ ကျန်းမာရေး မကောင်း၍ ချူချာသော အခါများတွင်သာ အကြောင်းစုံကို သိရန်အလို့ငှာ ကြည့်ကြသည်။ ထို့ပြင် အိမ်ဆောက်ခြင်း၊ မြေနေရာရွေးခြင်း၊ ခရီးသွားခြင်း၊ အလှူဒါနပြုခြင်း၊ မင်္ဂလာဆောင်ခြင်း အခါမျိုးတွင်လည်း ကြည့်လေ့ရှိကြသည်။Unknownnoreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-87001225261355656102011-10-16T11:57:00.001+06:302011-10-16T11:57:20.630+06:30စုန်းကဝေနှင့်အစွဲအလမ်းပအိုဝ်း တိုင်းရင်းသားတွင် နတ်ကိုးကွယ်သူများ မရှိကြပေ။ သို့သော် သာသနာ စောင့်နတ်နှင့် ရွာစောင့်နတ် သမ္မာဒေ၀နတ် စသည့် နတ်များကို ရိုသေသမှုပြုသည့် အနေဖြင့် ပန်း၊ ဆီမွှေးနံ့သာတို့ဖြင့် ပူဇော်ပသကြလေသည်။ ဤနတ်များသည် တစ်ဦး တစ်ယောက်တည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ၊ ရွာနှင့်ပတ်သက်သည့် အများနှင့် သက်ဆိုင်သော နတ်များသာ ဖြစ်ကြသည်။ သာသနာစောင့်နတ်နှင့် ရွာစောင့်နတ်တို့အတွက် နတ်ကွန်းများကို ရွာအပြင်ဘက်ရှိ အကြီးဆုံးသစ်ပင်အောက်တွင် ရေအိုးစင်အရွယ် ပမာဏခန့် ဆောက်လုပ်ထားကြသည်။

သာသနာစောင့်နတ်ကို လပြည့် လကွယ်နေ့တိုင်း ဆွမ်းတော်တင်လေ့ရှိသည်။ ရွာစောင့်နတ်ကို မိုးဦးကျစ အချိန်တွင် ထမင်း၊ ဟင်း၊ ခေါင်ရည်များဖြင့် ပူဇော်ပသကြသည်။ နတ်ကန္နား ပွဲကြီးများနှင့် မပူဇော်ကြချေ။

စုန်း၊ ကဝေ၊ တစ္ဆေ၊ မှော်စသော အောက်လမ်းပညာများကို မယုံကြည်ကြ၊ တတ်လည်း မတတ်ကြပေ။ ရှေးယခင်က လူကြီးပိုင်းများတွင် ပုံပြင်အဖြစ် ပြောသဖြင့် နားထောင်ဖူးကြရုံသာ ရှိသည်။

အင်းအိုင်လက်ဖွဲ့များကို ကလေးများ၏ လည်ပင်း၊ လက်ကောက်ဝတ်တို့တွင် ဆွဲထားလေ့ရှိသည်။ ဤသို့ ဆွဲထားရခြင်းမှာ ကလေးအတွက် လိပ်ပြာထိန်းရန်၊ စုန်းကာရန်၊ နတ်ကာရန် သို့မဟုတ် ချူချာသဖြင့် ခမည်းပေးထားသည့် အနေဖြင့် ဆွဲခြင်းဖြစ်သည်။ လူကြီးများတွင်အချို့က ဘုရားအင်း၊ သူရဿတီအင်း၊ လက်ဖွဲ့စသည်များကိုလည်းကောင်း၊ အခြား ပီယဆေး၊ အဆောင်၊ အကာအကွယ် စသော အင်းအိုင် လက်ဖွဲ့များကို လည်းကောင်း အနည်းငယ် ဆွဲလေ့ရှိသည်။ အချို့က ပီယဆေးအဆောင်၊ အကာအကွယ် ဆေးများကို ကိုယ်ခန္ဓာအထက်ပိုင်း ကျော၊ လက်မောင်း၊ ရင် တို့တွင် ထိုးနှံထားတတ်ကြသည်။Unknownnoreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-37271469387779971722011-10-16T11:32:00.001+06:302011-10-16T11:32:16.691+06:30ပထမတောင်ကျောင်းကြီးပထမတောင်ကျောင်းကြီးသည် သက္ကရာဇ် ၁၁၁၀ ခုနှစ်ကပင် ရှိနေပြီဖြစ်၏။ သို့သော် ထိုအချိန်က ကျောင်းငယ်လေးမျှသာ ဖြစ်၏။ တောင်ကြီးမြို့ တစ်ကြောတွင် တောင်ကျောင်းကြီး ကျောင်းတစ်ကျောင်းသာ ရှိသည်။

ယခု ကျောင်းထိုင်ဆရာတော်မှာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဦးနရိန္ဒ ဖြစ်၏။ ဤဆရာတော်အထိ ပထမ တောင်ကျောင်းကြီးတွင် ဆရာတော် ရှစ်ပါး ကျောင်းထိုင်ခဲ့၏။ ဆရာတော် ဦးနရိန္ဒသည် ၁၃၀၃ ခုနှစ်တွင် ဒကာများ ပင့်လျှောက်၍ သထုံမှ ကြွလာခဲ့သည်။ သို့သော် ဂျပန်ဝင်လာသဖြင့် ဆရာတော် သီတင်းသုံးရာ သထုံရှိ ဓမ္မကာရီကျောင်းသို့ ပြန်ကြွသွား၏။ ၁၃၀၇ ခုနှစ်တွင် ဒကာများက သွားရောက် ပင့်လျှောက်ပြန်ရာ ဆရာတော်သည် စာချ ပုဂ္ဂိုလ်များ ဖြစ်သည့် ဦးတိလောက၊ ဦးဓမ္မသာမိ တို့ကို ခေါ်လာခဲ့သည်။ ထိုမှစ၍ ဘာသာရေး၊ ကျောင်း၏ အောင်မြင်ရေး တိုးတက်ခဲ့သည်။

၁၃၀၈ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ဂျပန် ၀င်လာစဉ်က ပျက်စီးသွားခဲ့သော ကျောင်းကို ပြန်လည်ဆောက်လုပ်ရေး အတွက် တောင်ကြီးမြို့ရှိ မွန်ခြိန် ဆရာတော်ကျောင်းတွင် နှီးနှောတိုင်ပင်ခဲ့ကြသည်။ နောင်ကားကျောင်း ဆရာတော် ဦးဏ္ဏိတ၊ ထမ်းကျောင်းဆရာတော် ဦးဥာဏ၊ ၀င်းယကျောင်း ဦးပဉ္ဇင်း ဦးကုမ္မာ တို့သည် အချင်းချင်း တိုင်ပင်ညှိနှိုင်းကြ၏။ ထို့နောက် ဆရာတော် ဦးနရိန္ဒထံ ကျောင်းကြီး ဆောက်လုပ်လိုသည့် အကြောင်းကို လျှောက်ထား၍ ဆန္ဒယူတော် မူခဲ့ကြသည်။ ဆရာတော်တို့၏ ဆန္ဒမှာ တောင်ကြီးမြို့တွင် ပအိုဝ်း တိုင်းရင်းသားကျောင်း တည်ဆောက်လိုခြင်း ပရိယတ္တိ ပဋိပတ္တိ သာသနာ ထွန်းကားစေလိုခြင်း တို့ဖြစ်၏။ ထိုနောက်မှတစ်ဆင့် ၀ိပဿနာ ပြန့်ပွားအောင် ဆောင်ရွက်ကြရန်ပင် ဖြစ်၏။ နောင်ကားကျောင်း ဆရာတော်၊ ထမ်းဘုရား ဆရာတော်၊ ၀င်းယကျောင်း ဆရာတော် သုံးပါးတို့သည် ဦးဘိုးခင်၊ ဆရာဝဏ္ဏ၊ ဦးထွက်စုံ စသည့် ဒကာများကို တိုင်ပင်ကြ၏။ ဆရာတော်တို့က ဤဒကာတို့အား ပအိုဝ်းအမျိုးသား သံဃာဗဟိုလ်ဌာန စာသင်တိုက်ကို တောင်ကြီးမြို့တွင် တည်ထောင်လိုသည်။ ကျောင်းမှာလည်း ဂျပန်တို့ဖျက်ဆီး၍ ပျက်စီးသွားပြီး ကျောင်းအသစ် ဆောက်လုပ်လိုသည်ဟု မိန့်ကြားလေသည်။ ဦးဘိုးခင်တို့ကလည်း သဘောတူညီခဲ့ကြ၏။ ဦးဘိုးခင်သည် သွတ်ကို တာဝန်ယူလှူဒါန်းလေသည်။ သထုံနယ်စား ခွန်ကြည်က သစ်အတွက်တာဝန်ယူမည်ဟု လျှောက်၏။ သို့သော် သစ်လှူရန် အဆင်မပြေခဲ့သဖြင့် ငွေကျပ် တစ်သောင်းကို လှူဒါန်းခဲ့လေသည်။

နောင်ကားကျောင်း ဆရာတော်ဘုရား၏စိတ်ဝယ် ပထမတောင်ကျောင်းကြီး ဆောက်ရေးကိစ္စသည် သံမှိုနှက်သလို စွဲနေ၏။ ထို့ကြောင့် ကျောင်းကြီး မြန်မြန် ဖြစ်မြောက်ရေးအတွက် အမျိုးမျိုးစဉ်းစားသည်။ နယ်မှ ပအိုဝ်း သံဃာတော်များကို ပင့်ဖိတ်၍ တိုင်ပင်ရသော် ကောင်းလေမည်ဟု အကြံဖြစ်၏။ မိမိ၏ အကြံအတိုင်း နယ်မှ သံဃ်ာတော်များကို ပင့်ဖိတ်ခဲ့၏။

၁၃၀၈ ခုနှစ်၊ နတ္တော်လပြည့်နေ့ ၈ နာရီအချိန်တွင် မွန်ခြိန်ကျောင်း၌ သံဃာတော်အပါး ၁၀၀ တို့သည် အစည်းအဝေး ကျင်းပကြသည်။ ဥက္ကဋ္ဌအဖြစ် နောင်စမ်းဆရာတော်က ဆောင်ရွက်၏။ အကျိုးတော်ဆောင်မှာ နောင်ကားကျောင်း ဆရာတော်ဖြစ်၏။ ၁၆ နယ်မှ ဆရာတော်ကြီးများကို ပထမတောင် ကျောင်းကြီး ဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးတော် မူကြရန် အသီးသီးတာဝန်ပေးအပ်လိုက်သည်။

ဒကာများအဖွဲ့တွင် သထုံနယ်စား ခွန်ကြည်က နာယကအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၁၈ ဦး ပါဝင်သည့် ကျောင်းကို အင်္ဂတေဖြင့် ဆောက်ရန် သစ်ဖြင့်ဆောက်ရန် စသည်ဖြင့် ဆန္ဒနှစ်ခု ရှိနေကြ၏။ နောက်ဆုံးတွင် အင်္ဂတေဖြင့် ဆောက်ရန် သဘောတူညီ ဆုံးဖြတ်ခဲ့ကြသည်။ ဦးဘိုးခင်က ပုံနှိပ်စက် ရှိသဖြင့် ဖြတ်ပိုင်းဖြင့် ငွေကောက်ခံခြင်းအတွက် ဖြတ်ပိုင်းကို ရိုက်ရန် တာဝန်ယူ၏။ ငွေကောက်ခံရရှိသည့်အခါမှသာ ဖြတ်ပိုင်းအတွက် ကုန်ကျငွေကို ရှင်းပေးရန်ဖြစ်၏။ ကောက်ခံရရှိသည့်ငွေကို ဦးဘိုးခင်ထံ အပ်နှံကြရန် သဘောတူညီကြသည်။

၁၃၀၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် သံဃာတော်တပါး ၂၀၀ နှင့် နာယကအဖွဲ့ဝင် ဒကာများသည် ကျောင်းပုံစံဆွဲရန် စည်းဝေးဆုံးဖြတ်ကြသည်။ အများ၏ ဆန္ဒဖြင့် တောင်နှင့်မြောက် အလျား ၁၂၀ ၊ အရှေ့နှင့်အနောက် အနံ ၁၀၀၊ အမြင့် ၃၇ - ၆ ၊ အနက် ၉ ဖြင့် ကျောင်းပုံစံ အကြမ်း ရေးဆွဲကြသည်။ ကျောင်းမှာ နှစ်ထပ်ကျောင်းဖြစ်၏။

ကျောင်းကြီးကို ဆောက်ခဲ့ရာ၌ အခက်အခဲတွေ့ရ၏။ ကျောင်းမှာ တော်တော်နှင့် မပြီးနိုင်သဖြင့် လူအများက “ တိုင်ထူမပြီး တောင်ကျောင်းကြီး ” ဟုလည်းကောင်း ပြောစမှတ်ပြုခဲ့ကြသည်။ “ ကြိုးစားက ဘုရားဖြစ်နိုင်သည် ” ဟူသော စကားအတိုင်း တစ်စစကြိုးစားခဲ့ကြရာ ယခုအခါ ကျောင်းကြီး အောင်မြင်ပြီးစီးသွားခဲ့သည်။ နောင်ကား ဆရာတော် ၁၃၁၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်နေ့မှစ၍ လုံးပမ်းခဲ့ရာ ၁၃၂၂ ခုနှစ် အထိ ငါးနှစ်ကြာမှ အောင်မြင်ပြီးစီး သွားလေသည်။

၁၃၂၁ ခုနှစ်တွင် သံဃာအပါး ၅၀ သည် ကျောင်းရေစက်ချပွဲအတွက် စည်းဝေးဆုံးဖြတ်ကြသည်။ ပအိုဝ်း အိမ်တိုင်း ငွေ နှစ်ကျပ်အထက် ကောက်ခံကြသည်။ ပထမ တောင်ကျောင်းကြီးကို တည်ဆောက်ခဲ့ရာတွင် စုစုပေါင်း ငွေ ၃၁၁၉၈၃ ကျပ် ၆၅ ပြား ကုန်ကျခဲ့သည်။ သစ်ဖိုး ၀ါးဖိုး အားလုံး ထည့်တွက်ပါက ငါးသိန်းကျော်မျှ ကုန်ကျလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ လုံ့လ၀ီရိယ ဘာသာရေး စိတ်ထက်သန်ပုံ စည်းလုံးညီညွတ်ပုံ ဇွဲရှိပုံကို အကဲခတ်လေ့လာ နိုင်ပေသည်။ ကျောင်းတက်ပွဲကို ၁၃၂၂ ခုနှစ်၊ တန်ခူးလဆုတ် ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ပထမ တောင်ကျောင်းကြီးသည် ပအိုဝ်း တိုင်းရင်းသားတို့ စေတနာကို ဖော်ပြနေပေသည်။ “ တစ်မူးရလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူ (ပအိုဝ်း) တူနိုင်ရိုးလား ” ဟူသောစကားကို ထောက်ခံနေပေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ ဘာသာရေး စိတ်ထက်သန်ပုံကို ထင်ရှားစေသည်။ ပထမ တောင်ကျောင်းကြီးသည်ကား တောင်ကြီးမြို့၏ ကျက်သရေဆောင် ပအိုဝ်းတို့၏ ကျက်သရေဆောင် ဘာသာရေး အဆောက်အအုံကြီးပေတည်း။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0tag:blogger.com,1999:blog-5143894153567352320.post-47549952170617790042011-10-16T11:31:00.005+06:302011-10-16T11:31:40.634+06:30အလံတရာစေတီအလံတစ်ရာ စေတီတော်ကြီးသည် သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာ အုပ်စုဝင် သာယာကုန်းကျေးရွာအရှေ့ မိုးမခတောင်ခြေ၏ အနောက်ဘက် ကုန်းမြင့်တွင် တည်ရှိ၏။ အလံတစ်ရာစေတီတော်၏ ဘွဲ့တော်အပြည့်အစုံမှာ “ အလံတစ်ရာ မယာသောဏယ ကမ္ဘာအေး စေတီတော်ကြီး ” ဖြစ်၏။

အလံတစ်ရာဘုရားဟု ဘွဲ့မည်ထင်ရှား တွင်ရခြင်းကား၊ အလံတစ်ရာ ဆရာတော်ဘုရားတွင် ခန္တီဗလ ဟု ဘွဲ့တော်ရသော ရသေ့ငယ်တစ်ပါးရှိ၏။ ထိုခန္တီဗလ ရသေ့ငယ်၏ လက်အလံဖြင့် အလံပေါင်း ၁၀၀ တိတိ ဥာဏ်တော်အမြင့်ရှိသော စေတီကို ၁၃၁၄ ခုနှစ်က စတင်တည်ထားတော် မူခဲ့သဖြင့် အလံတစ်ရာစေတီဟု ခေါ်ကြောင်း မှတ်သားသိရှိရသည်။ (အလံတစ်ရာမှာ ၃၇၅ ပေနှင့် ညီမျှသည်)။

၁၃၁၆ နှစ်တွင် ရွှေစေတီကို ငုံ၍ တည်ဆောက်သော လက်မတစ်ရာ စေတီတော် တစ်ဆူကို ထီးတော်တင်ခဲ့ကြောင်း သိရသည်။ ၁၃၁၉ ခုနှစ်တွင်လည်း ထိုလက်မ ၁၀၀ စေတီတော်ကို ထီးတော်မတင်ခဲ့ဘဲ ၁၃၂၀ ပြည့်နှစ်တွင် ထိုပေပေါင်း ၁၀၀ စေတီကိုငုံလျက်၊ အတောင် ၁၀၀ ဥာဏ်တော်အမြင့် ရှိသော စေတီတော်ကို တည်၍ ပြီးစီးခဲ့လေသည်။ သို့သော် ထီးတော်မတင်ဖြစ်ခဲ့ဟု ဆိုသည်။

၁၃၂၁ ခုနှစ်တွင်၊ အတောင်တစ်ရာစေတီကို ထပ်မံတည်ဆောက်ပြီး အတောင် ၁၈၀ စေတီကို ထီးတော် တင်ခဲ့သည်။ ၁၃၃၅ ခုနှစ်တွင် အတောင် ၁၈၀ စေတီတော်ကို ငုံပြန်ကာ၊ တည်ဆောက်သော အလံတစ်ရာ စေတီတော်ကြီးကို ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အောင်သာယာ ထီးဖြူတော်တင်ပွဲကြီး ကျင်းပပြီးစီးခဲ့ကြောင်း သိရပေသည်။

အလံတစ်ရာ စေတီတော်မြတ်ကြီးကို တည်ဆောက်နေကြသည့် အချိန်အတွင်းမှာပင် အလံတစ်ရာဘုရား ကုန်းတော်၏အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် စေတီတော်ပေါင်း ၁၈ ဆူကို တည်ထားကိုးကွယ် ပြီးစီးခဲ့သည်။ သံဃာတော်များ သီတင်းသုံး နေထိုင်နိုင်ရန်အတွက် ကျောင်းပေါင်း ၁၂ ကျောင်းကို ကျောင်းသုံး ပရိဘောဂအပြည့်ဖြင့် အရပ်ရပ် ကုသိုလ်ရှင်များက ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သာသနာပြု အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် နောက်ဆုံး ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတွင် သီတင်းသုံးလျက် ရှိသည်။

၁၃၁၄ ခုနှစ်မှစ၍ ပအိုဝ်း တိုင်းရင်းသား သူတော်စင်များသည် နေ့စဉ် လုပ်အားလှူဒါန်း၍ တည်ဆောက်ခဲ့ကြသည်။ ဘုရား ဝေယျာဝစ္စကို ဆောင်ရွက်သူများသည် ကိုယ်ကျင့်တရား (၁၀)ပါးကို ကျင့်သုံးကြသည့် ပအိုဝ်းသူတော်စင်များ ဖြစ်ကြ၏ ကျေးဇူးတော်ရှင် အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော စီးပွားချမ်းသာရေးအတွက် မဟာကရုဏာတော်ဖြင့် သာသနာပြုလုပ်ငန်းကို ဦးဆောင်ခဲ့သည်။ ဤသို့ ဆောင်ရွက်ရာတွင် အခက်အခဲ အမျိုးမျိုး ဖြတ်သန်းကျော်လွှားကာ နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်တော် မူလာခဲ့ရကြောင်း သိရပေသည်။

ဗုဒ္ဓဘာသာ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုရားတည်ဆောက်မှုတွင် လုပ်အားလှူဒါန်းခဲ့ကြသည်။ ဘုရားကြီးအတွက် အုတ်သယ်ခြင်း၊ ကျောက်သယ်ခြင်း၊ ကျောက်ထုခြင်း လုပ်ငန်းများကို နေ့စဉ် လုပ်ကိုင်ခဲ့ကြသည်။

အလံတစ်ရာတွင် နေထိုင်ကြသူများသည် သတ်သတ်လွတ်ကိုသာ စားသုံးကြ၏။ လုပ်အားလှူဒါန်းကြသူများ၏ အလုပ်ချိန်မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်၏။ ဆရာတော်ဘုရားသည် လုပ်အား လှူဒါန်းကြသူများအား ဘုရားဘဏ္ဍာတော်မှနေ၍ အမျိုးသားများကို တစ်နေ့ပြား (၂၀)၊ အမျိုးသမီးများကို တစ်နေ့ပြား(၂၀)၊ ထောက်ပံ့တော်မူ၏။ အချို့ ကလေးမိခင်များမှာ နေ့တစ်ဝက်သာ လုပ်အားလှူဒါန်းနိုင်သည်။ ၄င်းနေ့ဝက်အတွက် (၁၀)ပြား ထောက်ပံ့တော်မူ၏။ လုပ်အား လှူဒါန်းသည့် ကုသိုလ်ရှင်များကိုလည်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သတ်သတ်လွတ် ဆန်ပြုတ် ကျွေးမွေးသည်။

အလံတစ်ရာ ဆရာတော်ဘုရားသည် မိုးမခတောင်ပေါ်မှ တပည့် ဦးပဉ္ဖင်း၊ သာမဏေအပေါင်းတို့ဖြင့် သီတင်းသုံးလျက် ရှိ၏။ ညနေ (၇)နာရီ (၈) နာရီ အချိန်၌ မိုးမခတောင်ပေါ်မှနေ၍ အလံတစ်ရာဒေသသို့ မျှော်မှန်းကြည့်ရှုကြ၏။ ထိုအခါ သပိတ်လုံးပမာဏရှိသော မီးပွင့်မီးလျှံ၊ အင်ဂျင်လျှပ်စစ် မီးလုံး သဏ္ဌာန်နှင့် ကွမ်းလုံးသဏ္ဌာန်မျှလောက်ရှိသော အခြံအရံတို့ အလံတစ်ရာ ကုန်းတော်ပေါ်၏ ထက်ဝန်းကျင်၌ မြင်ရသူတို့ အံ့သြမကုန်နိုင်အောင် ကွန့်မြူးနေသည်ကို တွေ့ကြရ၏။ အလံတစ်ရာ ကုန်းတော်ပေါ်သို့လည်း ကျတစ်ခါ တက်တစ်လှည့်နှင့် တွေ့ရ၏။ ဆရာတော်တို့က သိုက်သော် လည်းကောင်း၊ မိစ္ဆာနတ်သော် လည်းကောင်း ပျော်မြူးနေသည်ဟု ထင်မှတ်ကြ၏။

ထိုနောက်မကြာခင် သစ်ပင်ချုံနွယ်အတိပြီးသော အလံတစ်ရာ ကုန်းတော်ပေါ်မှနေ၍ ဆလိုက်မီးရောင် ထိုးတက်သကဲ့သို့ ဖြူဝင်းသော အရောင်ကို မြင်းရခြင်း၊ နောင်ကုလားတောင်ပေါ်ရှိ ဆုတောင်းပြည့်ဘုရားနှင့် အလံတစ်ရာ ကုန်းတော်ထက်သို့ ခေါက်တုံ့ခေါက်ပြန် လူးလဲပျံသန်းသွားလာနေသော ဓာတ်မီးလုံးပမာဏ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း စသောအရောင်တို့ကို တွေ့မြင်ရခြင်း၊ ဆွမ်းခံရာတွင်လည်း ထူးဆန်းသောအရောင် အမျိုးမျိုးတို့ကို အလံတစ်ရာ ကုန်းတော်ပေါ်၌ တွေ့မြင်ရခြင်း စသည်တို့ကြောင့် ဆရာတော်သည် အလံတစ်ရာကုန်းတော်ပေါ်သို့ သွားရောက်ကြည့်လိုသော ဆန္ဒ ပြင်းပြနေ၏။ ဆန္ဒအတိုင်းကြွသွားတော်၍ ကြည့်ရှုလေ၏။

အလံတစ်ရာ ကုန်းတော်ပေါ်သို့ ရောက်သောအခါ ရှေ့၊ နောက်၊ တောင်၊ မြောက် မျှော်ကြည့်ရာ သာယာလှသည်ကို တွေ့ရလေသည်။ ထို့ပြင် ဘုရားရှင်၏ ဓာတ်တော်သည် ကမ္ဘာတည်အောင် ကိန်းဝပ်လိုသည့် ဆန္ဒကို သိုက်မိစ္ဆာနတ်တို့ ပျော်ပါးသည်ဟူ ဆရာတော်ထင်ခဲ့၏။ ဤသို့ထင်ခဲ့ မိသည်မှာ မှားလေစွဟူလည်း နောင်တရတော်မူ၏။ ဆရာတော်သည် ညီအစ်ကို နှစ်ယောက်တို့၏ မညီညွတ်မှုကြောင့် မိုးမခတောင်ပေါ်၌ ဆက်၍ သီတင်းသုံးရန် ခက်နေ၏။ ဆရာတော်သည် ဘုရားပွင့်ရာ အနောက်မဇ္ဈိမဒေသသို့ သီဟိုဠ်စွယ်တော် ကျောင်းတော်ရာ၊ ဗောဓိပင် စသော ဘုရားရှင်တို့၏ အသုံးအဆောင်နှင့်တကွ တန်ခိုးကြီးဘုရားပါ သွားရောက်ဖူးမြော် ကန်တော့မည်ဟု နှလုံးပြုပြီး ကြွရောက်သွားခဲ့၏။ အနောက်မဇ္ဈိဒေသ မကြွမီ ရန်ကုန်မြို့တော်တွင် တစ်လတိုင်တိုင် သီတင်းသုံးပြီးမှ ကြွရောက်မည်ဟု အားထုတ်တော်မူခဲ့၏။

သို့ဖြစ်၍ ရန်ကုန်မြို့၌ သီတင်းသုံးနေစဉ် မိုးမခတောင်ပေါ်ရှိ ကမ္မဋ္ဌာန်းကျောင်းတွင် သီတင်းသုံးစဉ်က တွေ့ခဲ့ဖူးသော ဘုရားရှင်၏ ဓာတ်တော်သည် ၄င်းကုန်းတော်ပေါ်မှာ ကိန်းဝန်လိုသည်ဟူသော “ သံယောဇဉ်ကြိုးသည် ဆရာတော်၏ နှလုံးကို ချည်နှောင်ရစ်ပတ်နေ၏။ မဇ္ဈိမဒေသသို့ မကြွဖြစ်တော့ဘဲ နောင်ကုလားအလယ်ရွာ သုဿာန်ကျောင်းတွင် ပြန်၍ သီတင်းသုံးနေတော်မူ၏။ ဆရာတော်သည် သုဿာန်ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးနေစဉ် နောင်ကုလားရွာကြီး သုဿာန်ကျောင်း၊ သာယာကုန်း၊ မိုးမခစသော ရွာတို့တွင် ပြိုပျက်ချို့ယွင်းနေသော စေတီတော်များကို ပြုပြင်ခဲ့၏။

ဆရာတော်သည် ညီညွတ်မှုမရှိခဲ့သော မိမိတို့ ညီအစ်ကိုနှစ်ဦးသည် စေတီတော်များကို ပြုပြင်တည်ဖို့ အောင်မြင်ပြီးစီးပါမည်လော ဟူသည့် ဆန္ဒဖြင့် လည်းကောင်း ကုန်းတော်၌ သုံးညတိုင်တိုင် အဓိဋ္ဌာန် ၀င်ခဲ့၏။ အနည်းငယ် အိပ်မောကျပြီးသောအခါ လက်သီးလက်ရုံးတန်းပြီး “ အောင်ပြီ အောင်ပြီ အောင်ပြီ ” ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်ကြိမ်းဝါးကာ လန့်နိုးခဲ့၏။ မိမိအိပ်မက်သည် ထူးသည်ဟု ယူဆ၏။ ထို့အပြင် ကုန်းတော်ပေါ်၌ အလံတစ်ရာ မြင့်သောစေတီကို တည်လိုသော ဆန္ဒလည်း အမြဲဖြစ်ပေါ်နေ၏။

လူယောဂီများအတွက်လည်း စေတီတော် ဘဏ္ဍာငွေမှပင် တစ်နေ့လျှင် ပြားနှစ်ဆယ်ထောက်ပံ့၏။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆံပြုတ်တိုက်ကြွေး၏။ စားရေးအတွက် အသင့်အတင့် လုံလောက်သည်ဟု ဆိုနိုင်သော်လည်း ၀တ်ရေး၊ နေရေး မပြည့်စုံသဖြင့် တစ်နှစ်လျှင် မိုးရာသီစပါးစိုက်ချိန်တွင် ရက်ပေါင်း ၄၀ နွေရာသီ စပါးရိတ်ချိန်တွင် ရက်ပေါင်း ၄၀ စုစုပေါင်း ရက်ပေါင်း ၈၀ ကို ငွေကြေးစီးပွားဥစ္စာ ရှာဖွေရန် ခွင့်ပြုထားကြောင်း သိရသည်။ ဘုရားကြီး ပတ်ဝန်းကျင်ရှိ ရွာများတွင် လာရောက်နေထိုင်ကြသူများသည် အများအားဖြင့် ဇာတိမြေ ဆွေမျိုးသားချင်းများ ထောက်ပံ့မှုကြောင့်သာ လုပ်အားပေးနိုင်ကြသူများ ဖြစ်ကြောင်း သိရပေသည်။

ကလေးငယ်တိုင်း စာသင်ရေးအတွက် ဘုန်းတော်ကြီး မူလတန်းကျောင်းကို ဖွင့်လှစ်ထားပေးသည်။ ကျန်းမာရေးအနေဖြင့် သံဃာတော်များအတွက် ဆေးပေးခန်းတစ်ခုကို စေတနာ့ဝန်ထမ်း တိုင်းရင်းဆေးဆရာကြီးများက ဦးဆောင်ဖွင့်လှစ် ကုသပေးနေကြသည်။

ထူးခြားသည်မှာ အမျိုးသားတိုင်း ခေါင်းတုံး ဦးပြည်း ထားရ၏။ အမျိုးသမီးတိုင်းသည် ဆံထုံးကို မြင့်မြင့်ထုံးကြရသည်။ အလုပ်လုပ်ရာတွင် အညစ်အကြေး အစွန်းအပေ ခံနိုင်ရန် အမျိုးသားရော အမျိုးသမီးပါ အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြရ၏။ နေ့ကြီးအခါကြီးနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များတွင်မူ အမျိုးသားများသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကြရသည်။

အလံတစ်ရာသို့ ရောက်ဖူးပါက နေ့စဉ်နေပူထဲတွင် အလုပ်လုပ်နေကြသော ပအိုဝ်းအမျိုးသမီးများသည် နေပူထဲတွင် နေ့စဉ်အလုပ် လုပ်နေရသော်လည်း သူတို့အသားအရေမှာ ချောမောလှပနေ၏။ ချစ်စရာပါးအို့လေးများမှာလည်း မပြုမပြင်ဘဲနှင့် ပန်းသွေးရောင် ကြွနေပေသည်။ သူတို့လေးတွေ၏ စေတနာနှင့် ကုသိုလ်မှာ ချီးကျူးသာဓုခေါ်စရာပင် ဖြစ်၏။

အလံတစ်ရာ စေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် ဝေယျာဝစ္စ လုပ်ငန်းအ၀၀ မှန်သမျှ အခကြေးငွေပေး ငှားရမ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းဟူ၍ မရှိပေ။ လုပ်အားလှူဒါန်းသူ စေတနာရှင်များသည် လုပ်ငန်းကျွမ်းကျင်သူ၊ ၀ါသနာတူသူ စုစည်း၍ လုပ်ငန်းအဖွဲ့ငယ်များကို စနစ်တကျ ဖွဲ့စည်းကာ တက်ညီလက်ညီ တာဝန်ခွဲဝေ လုပ်ကိုင်ကြသည်။

ဖွဲ့စည်းထားသော အဖွဲ့ငယ်များမှာ ပန်းရံအဖွဲ့၊ ပန်းပဲအဖွဲ့၊ ပန်းထိမ်အဖွဲ့၊ လက်သမားအဖွဲ့၊ စက်မှုလက်မှုနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့၊ အကျွေးအမွေးနှင့် ချက်ပြုတ်ရေးအဖွဲ့၊ အလှူခံဥပသကာအဖွဲ့၊ စေတီတော် တည်ဆောက်ရေးလုပ်ငန်းအတွက် အထွေထွေ အလုပ်သမားအဖွဲ့ စသည်တို့ ဖြစ်ကြသည်။

အလံတစ်ရာ စေတီတော်ကြီးသည် ထုထယ်ပမာဏအားဖြင့် ကြီးမား၏။ ပတ်ဝန်းကျင် ကျေးရွာများနှင့် တောင်ပေါ် ပအိုဝ်း တိုင်းရင်းသားတို့ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော ငွေကြေးဘဏ္ဍာ ပစ္စည်းကိရိယာဖြင့် စည်းလုံးညီညွတ်စွာ ကြိုးကြိုးစားစား တည်ဆောက်ခဲ့ရ၏။ ဆရာတော် ဘုရားကလည်း ထမင်းတစ်စေ့၊ အုတ်တစ်ပိုင်း၊ သစ်သားတစ်စ အလေအလွင့် မဖြစ်ရအောင် ခြိုးခြံချွေတာကြရန် အမြဲတမ်းပင် သတိပေး ညွှန်ကြားတော်မူလေ့ ရှိကြသည်။

အလံတစ်ရာစေတီတော်ကြီး ပတ်ဝန်းကျင်တွင် ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် အိမ်ခြေ ၇၂၀ ရှိ၏။ ရပ်ကွက်ခုနစ်ရပ်ကွက်မှာ ဗုဒ္ဓသစ္စာရပ်ကွက်၊ ဘောဂ ရပ်ကွက်၊ ဖိုးသကြား ရပ်ကွက်၊ ဘိုးဘိုးအောင် ရပ်ကွက်၊ ၀ိဇ္ဇာ ရပ်ကွက်၊ နာဂ၀ိဇ္ဇာရပ်ကွက်တို့ ဖြစ်ကြ၏။ ဤရပ်ကွက်များရှိ အိမ်များစုစုပေါင်းမှာ ၇၂၀ ကျော်ရှိကြောင်း သိရသည်။

လာရောက် နေထိုင်ကြသူများမှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသဖြင့် လုပ်အားလှူဒါန်းရန် အဓိဋ္ဌာန်ပြုပြီး လာရောက်နေထိုင်သူများ ဖြစ်၏။ တစ်သက်ပတ်လုံး နေထိုင်ရန် အဓိဋ္ဌာန် ပြုသူများလည်း ရှိကြ၏။ အချို့မှာ အဓိဋ္ဌာန်ချက် ပြည့်မြောက်၍ ပြန်လည်ထွက်ခွာ သွားကြသူများလည်း ရှိ၏။ စည်းကမ်း မလိုက်နာနိုင်၍ ပြန်လည် ပြောင်းရွှေ့သွားကြသူများလည်း ရှိပေသည်။

ယခင်က တောချုံသစ်ပင်ထူထပ်ပြီး၊ သားကောင်များ ကျက်စားရာ ဒေသဖြစ်ခဲ့သည့် အလံတစ်ရာ ကုန်းမြေ၌ ယခုအချိန်တွင် ကျောင်းကန်ဘုရား၊ လူနေအိမ်ခြေများဖြင့် စည်ကားနေ၏။ စားပင်၊ သီးပင်၊ ဥယျာဉ် ပန်းမန်များဖြင့် စိမ်းလန်းရှင်သန်နေ၏။ စိုပြေနေ၏။ အေးချမ်းသာယာနေ၏။

အလံတစ်ရာ စေတီတော်ကြီးအား ရသေ့ ၈၅၊ ရသေ့မ ၃၈၈ ပါး၊ စုစုပေါင်း ရသေ့ ၄၃၇ ပါး တို့သည် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အချိန်ပြည့် လုပ်အားပေး သီတင်းသုံး နေထိုင်လျက် ရှိကြသည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည်လည်း၊ အလံတစ်ရာ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြ၏။

အလံတစ်ရာ စေတီတော်ကြီးဝင်းသို့အ၀င် ၀ဲယာတစ်ဘက် တစ်ချက်တွင် ကံ့ကော်ပင်များကို တန်းစီ စိုက်ပျိုးထား၏။ ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနှင့် အလံတစ်ရာ စေတီတော်ကြီးကို ကြည်ညိုသပ္ပါယ်စွာ ဖူးမျှော်နိုင်ပါသည်။ပအိုဝ်းသမိုင်းhttp://www.blogger.com/profile/09048864391645139047noreply@blogger.com0