ရှမ်းပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ခြင်း
ပအိုဝ်းသမိုင်း သထုံကို အနော်ရထာ တိုက်ခိုက်အောင်မြင်၍ မနုဟာမင်းကို ဖမ်းဆီခေါ်ဆောင်သွားပြီးသည့်နောက်တွင်
သထုံတွင် အုပ်ချုပ်သူကင်းမဲ့လျက်ရှိ၏ သထုံပြည်ကြီးမှာလည်းဝါးအစည်းပြေသကဲ့သို့ရှိနေ၏ သထုံပြည်
တွင်နေထိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသားတို့ကလည်း မိမိတို့ အနှစ်နှစ်အလလနေထိုင်ခဲ့သော ထီးနန်း
လည်းကျဆုံးပြီ၊ သာသနာလည်းကွယ်ပပြီ၊အားကိုးရာမဲ့ကြပြီဟုဆိုလျက် သထုံပြည်မှ အုပ်စုကိုးစုခွဲ၍ စွန့်ခွာ
ထွက်လာကြသည်။
အုပ်စုတစ်စုမှာ မော်ထောဖာ ခေါ်စာဟောဆရာကြီးက ဦးဆောင်၍ ပခုက္ကူအနောက်ဘက်တွင် နေရာသစ်အဖြစ် ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုလေသည်။ယင်းတို့မှာ တောင်သားလူမျိုးများအဖြစ်ယ
နေ့တိုင်ထင်ရှားနေပေသည်။ ပအိုဝ်းတို့က တောင်သားလူမျိုးများသည် မိမိတို့နှင့်တစ်နွယ်တည်းဟု ယဆနေ
ကြသည်။ ကျန် အုပ်စုရှစ်ခုအနက် စစ်တောင်းမြစ်ဝှမ်း အထက်ပိုင်းနှင့် ရှမ်းကုန်းပြင်မြင့်သို့ ရောက် ရှိလာ သော အုပ်စုမှာ သုံးစုထက်မနည်းဟု ယူဆရလေသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ယနေ့တိုင် ပျံ့နှံ့နေထိုင်
လျက်ရှိကြသည်။စာဟောဆရာ မော်တောဖာ ကညွန်ပြ သဖြင့် ရှမ်းပြည်နယ်စပ်တွင်လည်းကောင်း၊ ထိုင်းနယ်စပ်တွင်လည်းကောင်း နေထိုင်ခဲ့ကြသည်ဟုဆိုသည်။
ညောင်ရွှေမြို့၊ဘဏ္ဍာငွေတိုက် အမတ်ထောက်ဦးငြိမ်းရေးသော ညောင်ရွှေနယ်သမိုင်းနှင့်စော်ဘွား
ကြီး ဦးဆာမောင်၏ အတ္ထုပ္ပတ္တိတွင်-----------------
တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ်အတွင်းသို့ လာရောက်ရှိနေသည်မှာ သထုံမနူ
ဟာမင်းကို အနော်ရထာမင်းစော တိုက်ခိုက်ဖျက်စီးစဉ်ကာလက နယ်ပယ်နီးစပ်ဖြစ်၍ လာရောက်နေထိုင်ကြ
သည်အစဖြစ်ကြောင်း ဟုရေးသားဖော်ပြထားသည်ကို တွေ့ရ၏ ထို့ပြင် အင်းလေးဟဲယာရွာမ ကျောင်းနီ ကျောင်းတိုက် ဂိုဏ်းအုပ်ဆရာတော်ကြီး ဦးသောဘိတ၏ အင်းလေးဖောင်တော်ဦးဘုရားသမိုင်းနှင့် ရှမ်းပြည်
ရာဇ၀င်အကျဉ်းချုပ်(စာမျက်နှာ ၉၅)တွင် တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ်အတွင်းသို့လာရောက်
နေထိုင်ကြသည်မှာ သုဝဏ္ဏဘုမ္မိသထုံ မနူဟာမင်းမြတ်ကို ပုဂံ အနော်ရထာမင်းစောက တိုက်ခိုက်၍ မနုဟာ
ဘုရင်မင်းမြတ် စစ်ရှုံးသောအခါ (တောင်သူ)တောခလာ သောကြောင့် တောင်သူလူမျိုးတို့ အနွဲ့အပြားပြန့်
ပွား၍ ကမ္ဗောဇ တွင် နေထိုင်ကြကုန်၏ ဟုဖော်ပြထားသည်ကိုတွေ့ရသေး၏ ထို့ကြောင့်တောင်သူခေါ်ပအိုဝ်
တိုင်းရင်းသားတို့သည် သထုံပြည်မှ ထွက်ခွာလာရာတွင် ရှမ်းပြည်တောင်ပိုင်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြ
ကြောင်းသိနိုင်ပေသည်။
သထုံပြည်မှ မြန်မာပြည်အထက်ပိုင်းသို့ သာသနာ သက္ကရာဇ် ၁၆၀၆ ခု၊ ကောဇာသက္ကရာဇ် ၄၂၄ခု
တွင် ပြောင်းရွှေ့လာခဲ့ကြသည်။ရှမ်းကုန်းပြင်မြင့်သို့ရောက်လာသူများအနက်မင်းမျိုးမင်းနွယ်ဆွေတော်မျိုး တော်တို့သည် လွယ်စန်းရွာသို့ရောက်ရှိသွားကြ၏ အချို့သည် ပလောင်နယ်သို့လည်းကောင်း၊ရသေ့မျိုးတို့ သည်ဟိုပုန်းမြို့နယ် စောင်းအွန်ရွာသို့လည်းကောင်း ရောက်ရှိသွားကြ၏ စောင်းအွန်ရွာတွင်းရသေ့တို့နေ ထိုင်ခဲ့သော ဂူများ ယနေ့တိုင်ရှိနေသေး၏
သထုံပြည်မှ အတူတူထွက်ခွာလာကြသော်လည်း ရှမ်းကုန်းပြင်မြင့်သို့ရောက်သောအခါ တစ်အုပ်စုစီ
နေထိုင်ခဲ့ကြသည်။ လွယ်စန်းရွာသို့ရောက်သောအခါ မင်းမျိုးမင်းနွယ်တို့သည်လွယ်စန်း၌မြေသြဇာမကောင်းမွန်သဖြင့်ရေကြည်ရာမြက်နုရာဒေသကို ရွှေ့ပြောင်း ရှာဖွေကြပြန်ရာ ဆီဆိုင်မြို့သို့ရောက်ရှိလာ၏ ဆီဆိုင်မြို့၌မြေသြဇာကောင်းမွန်သဖြင့်မင်းမျိုးမင်းနွယ်တို့
အနက် ခွန်မောင်သာနှင့် ခွန်မောင်နိုင်ဦးစီးပြီး ၄င်းဒေသတွင်အတည်တကျနေထိုင်ခဲ့ကြသည်။သထုံပြည်ကို
သတိရစေခြင်းငှာသထုံမြို့ ရွှေစာရံစေတီအနီးမှယူဆောင်ခဲ့သော မြေကိုးထမ်းနှင့်ရေကိုးထမ်း သယ်ယူလောင်းချ၍ သထုံလေးခေါ် ဆီဆိုင်မြို့ကိုတည်ထောင်ခဲ့ကြလေသည်။
(Shan State and Kareanni List of Chiefs and Leading Families) စာအုပ်တွင် ----------
သထုံသည် အောက်မြန်မာပြည်တွင်နေထိုင်ကြသော တောင်သူလူမျိုးများက ၁၇၈၁ ခုနှစ်တွင် လာ
ရောက်နေထိုင်ခဲ့ကြသည်။ပြည်နယများမပေါ်ခင်ကပင် နေထိုင်ခဲ့ကြသည်။သို့သော်ယခုအခါတွင် တောင်သူ
လူမျိုးတို့သည်လူဦးရေအားဖြင့်အတော်များနေလေပြီ။ယခုအခါရှမ်းပြည်နယ်တွင်သထုံ(ဆီဆိုင်)သည် တောင်သူလူမျိုးများ၏အခြေစိုက်နေထိုင်ရာ ဒေသဖြစ်နေလေပြီ။
သထုံကိုပထမဆုံးအုပ်ချုပ်သော အကြီးအကဲမှာ ခွန်စမူဖြစ်သည်။ခွန်စမူသည် အောက်မြန်မာပြည် သထုံ ဇာတိဖြစ်၏ ခွန်စမူသည် အမြော်အမြင်ရှိသူဖြစ်ပြီး တောင်သူလူမျိုးများကို ဦးဆောင်ပြောင်းရွှေ့လာခဲ့သည်။ ၁၇၈၁ ခုနှစ်တွင်သထုံဒေသ၌ရွာတစ်ရွာတည်ထောင်၍ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ခွန်စမူလက်ထက်
တွင် သထုံဒေသကို သူကိုယ်တိုင်အုပ်ချုပ်ခဲ့ပြီး သထုံအမည်(ရှမ်းသထုံ) ကိုဘိုးတော်ဘုရား၏ အမိန့်ဖြင့်ပေးခဲ့ ၏ ခွန်စမူမျိုးဆက်သည် သထုံနယ်ကို ၁၈၃၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် ခွန်ကျော်လေးက ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ခွန်ကျော်လေး၏ မြစ်ဖြစ်သူ ခွန်လောလုပ်ကြံခံရသည်။
သူသတ်သမားကို သူ၏ဦးလေးဖြစ်သူ ခွန်မောင်က လက်ရဖမ်းစီးခဲ့သည် ဟု ဖော်ပြထားလေသည်။ဆီဆိုင်
မြို့ဟုယနေ့တိုင်ခေါ်ဝေါ်နေခြင်းမှာ ထိုဒေသတွင်သစ်စေးပင်ရှိ၏သစ်စေးပင်ကို ပအိုဝ်းတိုင်းရင်းသားတို့က
သီပင် ဟုခေါ်သည်။ထိုသစ်စေးပင်တွင် အပေါက်ရှိ၏ထိုသစ်စေးပင်၏အပေါက်တွင်ကျောက်မျက်ရတနာ
တစ်လုံးကိုတွေ့၏ကျောက်မျက်ရတနာကို ပအိုဝ်းတိုင်းရင်းသားတို့သည် သိင် ဟုခေါ်သည်။ထို့ကြောင့်ထိုဒေ
သကို သိသိင် (သစ်စေးပင်ထဲတွင် ကျောက်မျက်ရတနာကိုတွေ့သောမြို့)ဟုခေါ်၏ သစ်စေးပင်ထဲတွင်တွေ့
ရှိသောကျောင်မျက်ရတနာကို ဌာပနာပြီး စေတီတစ်ဆူကိုတည်ထားကိုးကွယ်ခဲ့သည်။ထိုဒေသကို သိသိင် ဟုခေါ်တွင်ပြီးအတည်တကျနေထိုင်ခဲ့ကြသည်။(သ)ကိုပအိုဝ်းတိုင်းရင်းသားတို့က (စ) ဟုဖတ်၏ထို့ကြောင့်
သိသိင် (စိစိုင်)ဟုခေါ်ရာမှ နောင်သောအခါတွင်ဆီဆိုင်ဟူ၍ဖြစ်လာလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့က ဆီဆိုင်မြို့ကို "သထုံပေး" (သထုံလေး)ဟုခေါ်ပြီး အောက်မြန်မာပြည်တွင်ရှိသော သုဝဏ္ဏဘုမ္မိသထုံပြည်ကို
မူ (သထုံတန်)သထုံကြီး ဟုယနေ့တိုင်ခေါ်ဝေါ်နေကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်ရှမ်းပြည်နယ်အတွင်းသို့ ပုဂံခေတ်လည်လောက်တွင် ၀င်ရောက်နေထိုင် ခဲ့ဟန်တူ၏ ယခုအခါရှမ်းပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။ ရှမ်းတိုင်းရင်းသားများနှင့်ရင်းနှီး ချစ်ကြည်စွာနေထိုင်ဆက်ဆံခဲ့၏ တမူးရလို့တပဲလှူ တို့ရှမ်းတောင်သူ(ပအိုဝ်း)တူနိုင်ရိုးလား ဟုပင်သံချပ်ထိုး
သီဆိုခဲ့ကြသည်။ရှမ်းတိုင်းရင်းသားနှင့်ပအိုဝ်းတိုင်းရင်းသားကို လူမျိုးတစ်မျိုးတည်းသဖွယ် ပေါင်းစပ်၍
ရှမ်းပအိုဝ်း လူမျိုးဟုပင် ခေါ်ဝေါ်သုံးစွဲလာခဲ့ကြသည်။
Labels: နောက်ခံသမိုင်း
0 comments: