သထုံပြည်ပျက်စီးခြင်း

             သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ္ဓ)မင်းသည်
သထုံပြည်ကို ၀င်ရောက်တိုက်ခိုက်ပြီး မနူဟာမင်းကို ပေါက္ကံရာမ ပုဂံပြည်သို့ခေါ်ဆောင်သွား၏ ပိဋိကတ် သုံးစုံနှင့် ကျမ်းဂန်တတ်ဆရာတော်များ၊ပစ္စည်းဥစ္စာမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏
   မနူဟာမင်းကား တန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှာအရောင်
များထွက်နေသည်ဟုဆို၏ အနော်ရထာမင်းသည် မနူဟာမင်းကို ပုဂံပြည်တွင် အကျဉ်းချထားလေသည်။ မနူဟာမင်းသည် ငါသည် ၀ိပါက၀ဋ်ကြွေးကြောင့်ဖြစ်သည် ဟုတွေးမိသဖြင့် အလှူဒါနပေးပြီး သီတင်းသီလ ဆောက်တည်တည်လေသည်။စေတီတစ်ဆူကိုလည်းတည်ထားကိုးကွယ်ခဲ့ရာ နောက်သောဘ၀တွင်သူတစ်
ပါး၏ကျွန်မှလွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရပါလိုကြောင်း ထိုစေတီတွင် အဓိဌာန်ပြုဆုတောင်းခဲ့၏
ထိုစေတီကို မနူဟာစေတီဟုခေါ်ခဲ့၏ ပုဂံညောင်းဦးမြို့နယ် မင်းကပါရွာတွင် မနုဟာစေတီကိုယနေ့တိုင်ဖူး
မြော်နိုင်ပေသေးသည်။စေတီတွင်းရှိဘုရားကို ကျပ်ကျပ်တည်းတည်းတည်ထားခဲ့ရာ မိမိမည်မျှကျဉ်းကျပ်စွာ
နေခဲ့ရကြောင်းကို နောင်လာနောက်သားအား သိစေလိုဟန်တူ၏ ထိုအချိန်မှစ၍ ပအိုဝ်းမင်းဆက်ကွယ်ခဲ့
သည်ဟုဆိုလေသည်။
       ဦးကုလားမဟာရာဇ၀င်ကြီး၊ ပထမစာအုပ် (စာမျက်နှာ ၁၈ )တွင် ဤသို့ရေးသားဖော်ပြထား၏
             သုဝဏ္ဏဘုမ္မိတိုင်းအပါအ၀င် သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၀ အထိ အုပ်ချုပ်ခဲ့၏ထိုမင်း
ဆက်ပေါင်း ၁၅၀ အထိ အုပ်ချုပ်ခဲ့၏ ထိုမင်းဆက်ပေါင်း ၁၅၀ အနက် ၁၄၇ ဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်
ပြီး သုံးဆက်လျှင် မွန်မင်းများဖြစ်သည်။စာပေပုရိပုက်များအရ ပအိုဝ်းများနေထိုင်ခဲ့သော သထုံပြည်ကိုအုပ်
စိုးသောမနူဟာမင်းလက်ထက်၌ ဗုဒ္ဓ သာသနာအရောင် အတော်ပင်ထွန်းပြောင်နေချိန်ဖြစ်သည်။ ထိုမနူဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟုဆိုသည်။ယင်းအချိန်တွင် သထုံပြည်သည် ဗုဒ္ဓ၏ပရိယတ္တိ၊
ပိဋကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတဆင့် ပုဂံပြည့်ရှင်အနော်ရထာမင်း ကြားသိတော်မူသဖြင့် ပုဂံပြည်
တွင်လည်းသာသနာ အစစ်အမှန် ထွန်းစေလိုသောကြောင့် လူလွတ်၍ ပိဋကတ်သုံးပုံကိုပင့်ဆောင်စေရာ
မနုဟာမင်းက ငြင်းဆန်သဖြင့် သထုံပြည်သို့စစ်ချီ တိုက်ခိုက်တော်မူသည်။
               အနော်ရထာမင်း သထုံပြည်ကိုအောင်နိုင်တော်မူ၍ မင်းအဆက်ဆက်ကိုးကွယ်သော ရတနာ
ပန်းကောင်းဖြင့်ထားသော မွေတော်မြတ်ကိုလည်းကောင်း၊အစုံသုံးဆယ်ရှိသော ပိဋကတ်တော်ကိုလည်း ကောင်း၊ ဆင်တော် ၂၃ စီး ပေါ်တွင် တင်ဆောင်ယူတော်မူ၏ သထုံပြည်ကို အနော်ရထာမင်းသိမ်းပိုက်ပြီး
နောက် ပအိုဝ်းတို့သည် အေးချမ်းရာဒေသများကို ရှာဖွေကြသည်။
               ပုဂံမပျက်မီ မြန်မာသမိုင်းစာအုပ်တွင် " မနူဟာကျောက်စာဟုခေါ်သော ကျောက်စာတစ်ချပ်၌
 မနုဟာဘုရင်သည် အနိစ္စရောက်သည်အချိန်ထိ ပုဂံတွင် သုံ့ပန်းအဖြစ်နေခဲ့ရကြောင်း ယင်း၏အဆက်
နွယ်များမှာလည်း ပုဂံ၌ပင် ဆက်လက်နေထိုင်သွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင်းမနူဟာနှင့် အတူပါသွားသော တောင်သူခေါ် ပအိုဝ်းတို့သည် ပုဂံပြည်သို့ရောက်ရှိနေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။

0 comments:

Post a Comment