ပအိုဝ်းအစသထုံက

   ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာပြည်တွင်းသို့ဝင်ရောက်လာရာတွင် မွန်တို့ထက်နောက်ကျ၏ သို့သော် မြန်မာနှင့်ရှမ်းတို့ထက် စောလေသည်။ နောက်ပိုင်းတွင် မြန်မာနှင့်ရှမ်းတို့ တိုးချဲ့ဝင်ရောက်လာမှု
ကြောင့် ပအိုဝ်းနှင့်ကရင်တို့သည် တောင်ဘက်သို့တဖြည်းဖြည်း ရွှေ့ပြောင်းခဲ့ကြပြီး သထုံတွင်အခြေချ
နေထိုင်ခဲ့ကြသည်ဟု ပညာရှင်များက ယူဆကြလေသည်။
   သထုံတွင်ပအိုဝ်းတိုင်းရင်သား တို့အခြေချ နေထိုင်သောအချိန်မှာ ဘီစီ ၉ ရာစု ပတ၀န်းကျင်တွင်ဖြစ်
ဖွယ်ရာရှိသည်။ သထုံတွင်အတည်တကျ နေထိုင်ပြီး သထုံပြည်ကိုတည်ထောင်ခဲ့ဟန်တူလေသည်။
သုဝဏ္ဏဘုမ္မိ သထုံပြည်ကို ပအိုဝ်းမင်းဆက်ပေါင်း ၁၅၈ ဆက်အုပ်စိုးခဲ့ပြီး၊ ပအိုဝ်း မွန် ကပြားမင်းဆက် ၁၈ ဆက် အုပ်စိုးခဲ့သည်-----------------
    " ကကုသန်ဘုရားလက်ထက်တွင် သူရိနာဂမင်းအုပ်စိုးခဲ့သည်။မိဖုရားမှာ နာဂ ၀ိဇ္ဇာဖြစ်၏ သူတို့၏ဖခင်
မှာဝိဇ္ဇဇော်ဂျီဖြစ်ပြီး၊အမိမှာ နဂါးမဖြစ်သည်။သထုံတွင် မြို့ရွာတည်ထောင် နေထိုင်ကြပြီး၊ပအိုဝ်းလူမျိုးများ
ဖြစ်လာကြသည်။ သူရိနာဂမင်း၏ မိခင်သည် အသက်ရှည်ပြီး ၁၇၇ နှစ်နေရသည်။ မင်းဆက် ၃၈၄ ဆက်ထိ
တိုင်ခဲ့သည်။
          ကောဏဂုံဘုရားပွင့်တော်မူသောအခါ သထုံတွင် ရွှေဦးလမင်းအုပ်စိုးခဲ့ပြီး၊ အသက် ၁၅၆ နှစ်ရှည်
သည်။မိဖုရားမှာ မိလှဟုခေါ်သည်။မိဖုရားမှာလည်း အသက်  ၁၅၀ ရှည်သည်။
       ကဿပဘုရားပွင့်တော်မူသောအခါ သထုံတွင်မဟာသာရမင်းအုပ်စိုးခဲ့သည်။မဟာသာရမင်းသည်
ကဿပဘုရားကိုဖူးမြော်ခဲ့ရသည်။ မဟာသာရမင်းလက်ထက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်၌ ပအိုဝ်းလူမျိုး
အစဉ်အဆက်မပြတ်ခဲ့ပေ။ မဟာသာရမင်းမှစ၌ မင်းဆက် ၅၇၇ ဆက်ထိအုပ်စိုးခဲ့သည်။မဟာသာရမင်း
သည် အသက် ၁၉၉ နှစ်ရှည်သည်။မိဖုရားမှာ မိဥူဖြစ်၏ ထိုနောက်သီဟရာဇာမင်းဆက် ၈ ဆက်မှ စ ၌
သရိယစန္ဒာမင်းဆက်ထိဖြစ်သည်။
            ဂေါတမဘုရားလက်ထက်တွင် သထုံပြည်၌ ပအိုဝ်းမင်းဆက် ၁၅၈ ဆက်အုပ်စိုးခဲ့ပြီး ပအိုဝ်း
မွန် ကပြားမင်းဆက် ၁၈ ဆက် အုပ်စိုးခဲ့သည်။
             (ပအိုဝ်းဘာသာဖြင့်ရေးထားသည့် သထုံမြို့၊ညောင်ဝိုင်းရပ် ဘုရားဒကာကြီးဦးဖြူ၏ "သထုံနှင့်
ရန်ကုန်သမိုင်းစာအုပ်၊ စာမျက်နှာ ၆၀-၆၁ မှ ကောက်နုတ်ပြန်ဆိုသည်။)
       အထက်ပါအထောက်အထားကိုကြည့်လျှင် သထုံ၌ဘုရားအစဉ်အဆက် လက်ထက်တော်တွင်ပအိုဝ်း
မင်းဆက်များအစဉ်အဆက် အုပ်စိုးခဲ့သည်ကို သိနိုင်ပေသည်။ထို့ပြင်သထုံတွင် ပအိုဝ်းတိုင်းရင်းသားတို့ မူလဘူတအစ နေထိုင်ခဲ့ကြကြောင်းထောက်ခံနေပေသည်။
       သုဝဏ္ဏဘူမ္မိတွင် သာနာထွန်းကားစဉ် ထင်ရှားသောပအိုဝ်းမင်းဆက်မှာ မဟာသက္ကရာဇ်၁၄ ခုနှစ်တွင်
နန်းတတ်သော သူရိယစန္ဒာမင်းဖြစ်လေသည်။ သူရိယစန္ဒာမင်းသည် သုဝဏ္ဏဘူမ္မိ သထုံပြည်တွင်ရွှေစာရံ
စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့၏ လယ်တီဦးလှတင်၏ ရွှေစာရံဘုရားသမိုင်း စာအုပ်တွင်သူရိယစန္ဒာ
မင်းသည် ဘိုးတော်အဥနမင်းကြီးဖြိုကြွင်းသက္ကရာဇ် ၂ ခု တပါင်းလပြည့် စနေနေ့တွင်ဖွားမြင်ပြီး
မဟာသက္ကရာဇ် ၁၂၇ ခု တပေါင်းလဆန်း ၁၅ ရက် စနေနေ့၌ လူ့ပြည်ငြီး၍ နတ်ထီးစံမြန်းတော်မူသည်ဟု
ဆိုလေသည်။
         သူရိယစန္ဒာမင်းနောက် ၁၅၈ ဆက်မြောက် ဓမ္မမာလာ မင်းသည် မွန်မင်းသမီးတစ်ဦးကို မိဖုရား
မြောက်သဖြင့် သွေးကွဲစပြုလာသည်ဟုဆိုသည်။ဓမ္မမာလာမင်းနောက် အုပ်စိုးခဲ့ကြသော ပအိုဝ်း မွန်
ကပြားမင်းဆက်များမှာ မောင်လှ မသန္တလှ(မောင်လှအမ၏သားတော်)၊အဿရာဇ၊ဟတ္တိရာဇ၊သုဒ္ဓရာဇ၊
ဥပလာဇ၊မိလေရာဇ၊ဒွါဒဿရာဇ၊အရမညရာဇ(အမိပအိုဝ်းအဖမွန် ကပြား) (အမိမွန်) စသည်တို့ဖြစ်လေသည်။

0 comments:

Post a Comment