လက်ဝတ်ရတနာ

   ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ဝတ်ရတနာများကိုလည်း ၀တ်ဆင်ကြ၏ အထူးသဖြင့်ပွဲလမ်းသဘင်
များရှိသောအခါ ပို၍၀တ်ဆင်ကြသည်ကို တွေ့ရပေသည်။ ကျောက်နီ။ ပတ္တမြား စသည့်ရတနာများကို
နှစ်ခြိုက်စွာဝတ်ဆင်ကြသည်။

      အမျိုးသမီးများသည် ရွှေလက်ကောက် ငွေလက်ကောက် ကို ပုံစံအမျိုးမျိုးဖြင့်  ၀တ်ဆင်ကြသည်။
လက်စွပ်များ တစ်ကွင်း နှစ်ကွင်း မှ သုံးကွင်းအထိ ၀တ်ဆင်ကြလေသည်။ ကြွားဝါသည်ဟုဆိုနိုင်သော်လည်း
စင်စစ်ကား ၄င်းတို့၏ ယဉ်ကျေးမှုပင်ဖြစ်ပေသည်။ပွဲလမ်းသဘင်များတွင် ရွှေထည် ငွေထည်ကို  အများမြင်
အောင်သာဝတ်ဆင်ကြသော်လည်း ဓားပြတိုက်မှုများ ခိုးမှုများ ပေါ်ပေါက်ခြင်း မရှိပေ။ထို့ကြောင့် ပအိုဝ်း
တိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ်သည်ဟု ဆိုရပေမည်။

0 comments:

Post a Comment