အခြားဝတ်စားဆင်ယင်မှု

     အမျိုးသားများသည်ညပ်ဖိနပ်စီးသူနည်း၍ဘွတ်ဖိနပ် ရှူးဖိနပ်များကိုသာ စီးကြလေသည်။ပင်လုံမြို့နယ်
စန်းသန်းတောင်တွင်နေထိုင်ကြသောပအိုဝ်းအမျိုးသမီးအချို့မှာ ဘွတ်ဖိနပ်ကို စီးတတ်ကြသည်။အမျိုးသား
ရော၊အမျိုးသမီးပါမိမိတို့စီးနင်းသော ဖိနပ်များအောက်တွင် သံဘုလုံးငယ်လေးများကိုရိုးထားတတ်ကြသည်။
ဖိနပ်တွင် သံဘုလုံးငယ်များ ရိုက်ထားခြင်းဖြင့် ဖိနပ်အောက်ခံသည် အလွယ်တကူမကုန်နိုင်ပေ။
ထို့ပြင်ရွံ့နွံ ထူထပ်သော် တောင်ပေါ်ဒေသတွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အထူးကောင်းမွန်၏
ချောမွတ်သောမြေပြင်တွင်လည်း သံချွန်များ ကုပ်တွယ်ထားသဖြင့် မချော်လဲနိုင်ပေ။

     ပအိုဝ်းတိုင်းရင်းသားတို့စီးလေ့ရှိသောခံဖာကရောက် ခေါ် သစ်သားခုံဖိနပ်တစ်မျိုးလည်းရှိသည်။ယင်းကို
ချယ်ရီသားဖြင့်အများဆုံးပြုလုပ်လေ့ရှိသည်။ သစ်တုံးကို ထွင်းထုထားခြင်းမျိုးဖြစ်ပြီး အမြင့်သုံးလက်မခန့်
ရှိလေသည်။ထိုခုံဖိနပ် သဲကြိုးကိုမူ  မော်တော်ကားတာယာ (၀ါ) သားရေတစ်မျိုးမျိုးကို သုံးကြသည်။
ဤဖိနပ် များအောင်တွင်လည်း သံဘုလုံးငယ်များ ကို ရိုက်ထားတတ်ကြသည်။ ဤ သစ်သားခုံဖိနပ်ကိုမိုးရာ
သီ၌သာအသုံးများ၏ မိုးရာသီ ဈေးနေ့များတွင် ဤ ခမ်းဖားကရောက် ခေါ် ခုံဖိနပ်ရောင်းသူများနှင့် ပြုပြင်
သူများကိုပါတွေ့ရတတ်လေသည်။ယင်း ခမ်းဖားကရောက်ခေါ် သစ်သားခုံဖိနပ်မျိုးကို အမျိုးသားရော၊အမျိုး
သမီးပါ စီးနင်းကြလသည်။


     ပအိုဝ်းတိုင်းရင်းသားတို့သည် ဦးထုပ်များကိုဆောင်းလေ့ ဆောင်းထ မရှိကြပေ။အမျိုးသားများသာ အချို့ ဆောင်းကြ၏ အများအားဖြင့်ဝါးခမောက်ကိုသာဆောင်းကြလေသည်။ဝါးခမောက်မှာလည်း မိမိတို့
ကိုယ်တိုင်ပြုလုပ်တတ်ကြ၏
     ပအိုဝ်းအမျိုးသားများသည် တောင်ယာသွားသော အခါတွင်လည်းကောင်း ၊ ဈေး၊ ခရီးသွားသောအခါ
တွင်လည်းကောင်း တောင်းပြာ ခေါ် ပလိုင်းပြားကိုစလွယ်သိုင်း၍ လွယ်ထားတတ်ကြသည်။ အမျိုးသမီးများ
ကမူ ဖော့ ခေါ် ပလိုင်းအလုံးများကို ခေါင်းပေါ်တွင် ချိတ်၍လည်းကောင်း၊ စလွယ်သိုင်း၍လည်းကောင်း လွယ်ကြသည်။အမျိုးသား အမျိုးသမီး အသုံးပြုကြသောပလိုင်း များသည် မိမိတို့ ကိုယ်တိုင် ယက်လုပ်ကြ
သည်။အမျိုးသားများသာ ယက်လုပ်ကြ၏

0 comments:

Post a Comment