ပြန့်နှံ့နေထိုင်ရာဒေသ
ပအိုဝ်းသမိုင်း ပအိုဝ်းတို့သည်ကရင်လူမျိုးတို့တွင်လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်
စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိပအိုဝ်းလူဦးရေသည်၂၂၅၈၂၂ယောက်ဖြစ်သည်ဟုသိရသည်။ယင်းတို့သည်
မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ဒေသရှမ်းပြည်နယ်တောင်ပိုင်း၊အလယ်ပိုင်းနှင့်အနောက်နယ်စပ်ဒေသတို့တွင်
အနှံ့အပြားတွေ့ရှိရသည်။ပအိုဝ်းတို့အချက်အချာဒေသနှစ်ခုမှာသံလွင်မြစ်အောက်ပိုင်းပတ်ဝန်းကျင်ဒေသများ
နှင့်တောင်ပိုင်းရှမ်းပြည်သထုံနယ်(ဆီဆိုင်နယ်)တို့ဖြစ်သည်။မြန်မာနိုင်ငံအောက်ပိုင်းရှိကျိုက္ခမီခရိုင်သထုံခရိုင်
ပအိုဝ်လူဦးရေ ၅၃၁၅၉ တို့တွင် ပအိုဝ်းလူမျိုးများအများဆုံးနေထိုင်ကြသည်။တောင်ငူခရိုင်၊ပဲခူးခရိုင်၊ဖားအံ
ခရိုင်(ပအိုဝ်းရွာနှစ်ရွာရှိသည်)၊ကယားပြည်နယ်ပအိုဝ်းလူဦးရေ၂၃၀၀ကော့ကရိတ်မြို့တွင်လည်းပအိုဝ်းလူမျိုး
များအနှံ့အပြားနေထိုင်ကြသည်။မြန်မာနိုင်ငံအပတွင်ယိုးဒယား၊ကမ္ဘောဇနိုင်ငံများနှင့် မဲခေါင်မြစ်အောက်ပိုင်း
ဒေသတို့တွင်လည်းပအိုဝ်းလူမျိုးများအထင်အရှားရှိကြသည်။
မြန်မာနိုင်ငံတောင်ပိုင်းသထုံခရိုင်သည် ပအိုဝ်းလူမျိုးတို့မူလဇာတိဖြစ်သည်။ ဒဏ္ဍာရီပုံပြင်များအရ ပုဂံ
ပြည်အနော်ရထာမင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသောသထုံပြည့်ရှင်မနူဟာမင်းသည် ပအိုဝ်းလူမျိုးဟုဆို
သည်။ပုဂံမနူဟာမင်းပါသွားပြီးနောက်တွင်နိုင်ငံပျိုကွဲ၍အချို့ပအိုဝ်းတို့သည်မြောက်ဘက်သို့ရောက်သွားပြီး
လျှင်ရှမ်းပြည် တောင်ပိုင်းတွင် သထုံနယ်သစ်(ဆီိဆိုင်နယ်တည်ထောင်ကြသည်)ဟုဆိုသည်။သထုံပြည်မှ
ပြေးလာသောအချို့ပအိုဝ်းသည် မြေလတ်တွင်လည်းအခြေစိုက်ကြသည်။ပုဂံကျောက်စာတို့တွင် တောင်သူ
ဟူ၍ ဖော်ပြပါရှိရကား ပုဂံခေတ်ကပင် ပအိုဝ်းနှင့်မြန်မာအဆက်သွယ်ရှိသည်ဟု ယူဆရကြောင်းဖြင့် မြန်မာ့
စွယ်စုံကျမ်း၊အတွဲ(၆)၊စာမျက်နှာ ၂၇၈ တွင် ရေးသားထားလေသည်။
တောင်ကြီးမြို့ယဉ်ကျေးမှုဌာန ပအိုဝ်းလူမျိုးစာတမ်းတွင် ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းလူမျိုးလူဦးရေ
စုစုပေါင်းမှာ သုံးသိန်းငါးသောင်းမှ လေးသိန်းအထိရှိမည်ဟု ခန့်မှန်းလေသည်။ ပအိုဝ်းတို့အများဆုံးနေထိုင်ခဲ့
သည့် မဲနယ်တောင်ဒေသတွင် လူဦးရေနှစ်သိန်းရှိမည်ဟု ခန့်မှန်းလေသည်။ ရှမ်းရိုးရာယဉ်ကျေးမှုစာစောင်
တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင် တစ်သိန်းခန့်ရှိမည်ဟု ဖော်ပြထားလေသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားလူဦးရေ သောင်းကျော်နေနိုင်သောမြို့နယ်
ခြောက်မြို့နယ်ရှိသည်။အနည်းအများအလိုက်ဖော်ပြရလျှင်ပင်လောင်း၊တောင်ကြီး၊ဟိုပုန်း၊ဆီဆိုင်၊ကလောနှင့်
လွိုင်လင်မြို့နယ်များဖြစ်ကြသည်။ပင်းတယ၊နမ့်စမ်၊ညောင်ရွှေ၊ရွာငံ၊ရပ်စောက်၊ဖယ်ခုံ၊မောက်မယ်၊မိုင်းကိုင်၊
မိုင်းပန်၊မိုးနဲနှင့်လဲချားမြို့နယ်များလည်း တွေ့ရပေသည်။ ယင်းမြို့များအနက် ဆီဆိုင်၊ဘန်းယဉ်၊နောင်မွန်၊
နမ့်ခုတ်၊ဟိုပုန်းနှင့်လွိုင်လင်မြို့နယ်များတွင် အများစုနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်ရှမ်းပြည်နယ်တောင်ပိုင်း တွင် တောင်ကြီးမြို့ကိုဗဟိုပြု၍ အနောက်ဘက်
တွင်ပင်လောင်းမြို့နယ်၊မြောက်ဘက်တွင်မိုင်းကိုင်မြို့နယ်၊အရှေ့ဘက်တွင်မိုးနဲ မိုင်းပန်မြို့နယ်၊တောင်ဘက်
တွင်ကယားပြည်နယ်အထိပြန့်နှံ့နေထိုင်ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအပြင် မြန်မာပြည်အောက်ပိုင်း ကော့ကရိတ် ၊ ဖားအံ ၊ ကျိုက္ခမီ ၊ သထုံတွင်
လည်းကောင်း၊ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ် ၊တောင်ငူမြို့နယ်၊ထန်းတပင်မြို့နယ်၊တောကျွဲအင်း၊
ကျောက်တံခါး၊ဒိုက်ဦးမြို့နယ်များတွင်လည်းကောင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နမ္မတူ မြို့ဝန်းကျင်တွင်
လည်းကောင်း နေထိုင်ကြသည်ဟု မှတ်သားရသည်။
ဆာ၊ဂျေ၊ဂျော့ စကော့ (Sir George Scott)၏ မှတ်တမ်းအရ ပအိုဝ်းတိုင်းရင်းသားတို့သည်မြန်မာပြည်
သာမက ထိုင်း၊ကမ္ဘောဒီးယား၊မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းတွင်လည်းပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရပေ
ပေသည်။
ထိုင်းနိုင်ငံသို့ရောက်ဖူးသည့် ပအိုဝ်းတိုင်းရင်းသား သက်ကြီးပိုင်းအချို့၏ ပြောပြချက်အရ ပအိုဝ်း
တိုင်းရင်းသားတို့သည်ထိုင်းနိုင်ငံအတွင်းတွင် မြန်မာပြည်နယ်နမိတ်နှင့် ပိုမိုနီးစပ်သော ဇင်းမယ်မြို့ပတ်ဝန်း
ကျင် မဲချီး၊မဲစာ ဘန်ကောက်မြို့များအထိ အနည်းငယ်ပျံ့နှံ့နေထိုင်လျက်ရှိကြောင်းသိရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင် ပေပေါင်း ၃၀၀၀ မှ ၁၀၀၀၀ အထိ မြင့်မားသော
တောင်ပေါ်ဒေသတွင်နေထိုင်ကြသည်။ပဒေသရာဇ်တို့ဖိနိပ်မှုကြောင့် ချိုင့်ဝှမ်းဒေသမြေပြင်သို့ မဆင်းသက်
နိုင်သေးဘဲ တောင်ထိပ်ပျော်တိုင်းရင်းသားများအဖြစ်ရပ်တည်ခဲ့ကြသည်။စော်ဘွားများအာဏာစွန့်ပြီးသော
အခါ မြေနိမ့်ချိုင့်ဝှမ်းများသို့ ဆင်းသက်နေထိုင်ကြသည်ကိုတေ့ရသည်။ဥပမာ- နမ်စမ်မြို့နယ်ဝမ်ပုံရွာ တွင်
လည်းကောင်း၊ဖယ်ခုံမြို့နယ်၊ပင်လောင်းမြို့နယ်များတွင်လည်းကောင်း တွေ့ရပေသည်။မိုးဗြဲရေကာတာ တည်ဆောက်ပြီးသောအခါပင်လောင်းမြို့နယ်မှ ပအိုဝ်းတိုင်းရင်းသားတို့သည်လယ်ယာလုပ်ကိုင်ရန်ကယား
ပြည်နယ်ဘက်သို့ပြောင်းရွေ့နေထိုင်ခဲ့ကြရာ ယခုအခါရွာပေါင်း ၅၀ ကျော် ရှိပြီဟုသိရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်မဲနယ်တောင်ဒေသတွင် အဓိကနေထိုင်ကြသည်။ ပအိုဝ်းတိုင်းရင်းသား
နှင့်မဲနယ်တောင်သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဖွယ်ရှိလေသည်။မဲနယ်တောင်သည်ဟိုပုန်းမြို့နယ်၊
နမ့်ခုတ်မြို့နယ်၊နောင်မွန်ဘန်းယဉ်ဒေသပါဝင်လျက် တောင်မြောက်သွယ်တန်းနေသော တောင်းတန်းဖြစ်
သည်။ဤဒေသတွင် ပအိုဝ်းတိုင်းရင်းသားနှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ မဲနယ်တောင်တန်းဒေသ
သည် သနပ်ဖက်အကြီးအကျယ်စိုက်ပျိုးသောဒေသဖြစ်၍ ပအိုဝ်းတိုင်းရင်းသားတို့၏စီးပွားရေးဘူမိနက်သန်
မှန်သောဒေသဖြစ်လေသည်။
တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်ကြ၏ ။ ၁၉၇၃ ခုနှစ်၊သန်းခေါင်စာရင်းအရ
တောင်ကြီးမြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသားခုနှစ်သောင်းခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ရွှေညောင်၊
စဥ့်ဟယ်မှလွဲလျှင် ကျန်ဒေသများသည် ပအိုဝ်းတိုင်းရင်းသားများအများဆုံးနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်အများအားဖြင့် ခြံလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်
ကျေးရွာတည်ထောင်ရာတွင်လည်းစိုက်ပျိုးရေးအထွက် မြေသြဇာ ကောင်မွန်သည့်ဒေသကို အဓိကထားကြ
သည်။ ထိုင်နောက် ရေရရှိရေး လမ်းပန်းဆက်သွယ်ရေးကို စဉ်းစားကြသည်။ပအိုဝ်းတိုင်းရင်းသားတို့သည်
ရှမ်းကုန်းမြေမြင့်၏မြင့်သောအရပ်ဒေသတွင်နေထိုင်ကြသဖြင့် ပအိုဝ်းကျေးရွာများကိုတောင်စောင်း တောင်
ထိပ်များတွင်တွေ့ရသည်။ရွာများကို စနစ်တကျ အကွက်ချဆောက်လုပ်ထားခြင်းမရှိပေ။
အချို့ဒေသများတွင် တောင်ပတ်လည်ဝိုင်းရံလျက် ရှိသောဒယ်အိုးသဏ္ဍာန် မြေပြင်ချိုင့်ဝှမ်း၌ရွာ
တည်ထောင်ကြသည်။ဒယ်အိုးသဏ္ဍာန်မြေပြင်မှာ မညီမညာ လှိုင်းထနေသည့် မျက်နှာပြင်များဖြစ်သည်။
ဤသို့လှိုင်းထနေသည့်ကုန်းမြေနှစ်ခုစပ်ကြား မြေနိမ့်ပိုင်းတွင် လယ်ယာခြံမြေများစိုက်ပျိုးကြသည်ကိုတွေ့
ရပေသည်။လှိုင်းထကုန်းမြေ၏ဆင်ချေလျောတွင်မူ တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ကြသည်။ဥပမာအားဖြင့် ပင်လောင်းမြို့နယ်ရှိ ပင်မွန်းရွာ၊မေတိုင်ရွာ၊ငိုလှရွာ၊ပုန်လောရွာများဖြစ်ကြသည်။
အချို့ကျေးရွာများမှာ တောင်နှင့်မြောက်သွယ်တန်းနေသော တောင်တန်းနှစ်ခုကြားတွင် စီးဆင်းနေ
သည့်ချောင်းရေလွမ်းမိုးခြင်းကင်းရာ၊တောင်တန်းအနားစွန်းနှင့် လွင်ပြင်ဆုံရာအရပ်တို့၌တည်ထားကြသည်။
ချောင်း၏၀ဲယာတွင်လည်းစိုက်ခင်းများကိုတွေ့ရသည်။ ခြံလုပ်ငန်းလုပ်ကိုင်ရန်အလွန်ကောင်းသည့် ကျယ်ပြန့်
သောတောင်ကြောတစ်လျောက်တွင်လည်း ကျေးရွာများကိုတည်ထောင်ထားကြသည်။ပအိုဝ်းတိုင်းရင်းသား
တို့၏ကျေးရွာတည်ထောင်ခြင်းနှင့်ပက်သက်၍ လေ့လာပါက အောက်ပါအချက်များတို့အပေါ်အခြေခံနေ
ကြောင်းသိရပေသည်-------------
(၁) မြေသြဇာ
(၂) ရေရရှိမှု
(၃) လမ်းပန်းဆက်သွယ်ရေး
(၄) နေမျက်နှာမူရာနှင့်လေကြောင်း
(၅) မိရိုးဖလာ အစဉ်လာကျင့်သုံးခြင်း
စသည်တို့ဖြစ်သည်။
တည်ထောင်ပြီးသောပအိုဝ်းကျေးရွာများကိုကြည့်လျှင် မြေမျက်နှာပြင်အနိမ့်အမြင့်ကိုမူတည်ခြင်းမရှိဟု
ဆိုနိုင်ပေသည်။ မည်မျှပင်မြင့်မားကြမ်းတမ်းစေကာမူ မြေသြဇာကောင်းရှိလျှင် ကျေးရွာတည်ထောင်ကြလေ
သည်။ဥပမာအားဖြင့် ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်နှင့်ပေ ၅၀၀၀ မှ ၆၀၀၀ ကျော်အထိမြင့်သည့် ပင်းတယမြို့
နယ်ရှိမဲနယ်တောင်များတွင် ရွာများတည်ထောင်ကြသည်ကို တွေ့နိုင်ပေသည်။ အချို့အရပ်ဒေသများတွင်
မြေသြဇာကောင်းသည်ကိုတွေ့သည်နှင့်ရွာတည်ပြီးလမ်းပန်းဆက်သွယ်ရေးနှင့်ရေရရှိရေးကို နောက်မှဖန်
တီးယူကြသည်။
တောင်ထိပ်ဒေသများတွင်ရွာတည်ထောက်ကြခြင်းမှာ စိုက်ပျိုးနိုင်သောမြေလျော့ပါးခြင်း မရှိစေရန်
ဖန်တီးခြင်းဖြစ်သည်ဟု ယူဆရပေသည်။ အချို့သောကျေးရွာများတွင် သောက်သုံးရေကိုရွာမှာ သုံးမိုင်ကွာ
အထိသွားရောက်သယ်ယူကြသည်။ အချို့ကျေးရွာများတွင်မူ အိမ်တွင် အင်္ဂတေဖြင့်ရေလှောင်ကန်တည်
ထားပြီး မိုးရေများသိုလှောင်သုံးစွဲကြသည်။မိုးရေသိုလှောင်သုံးစွဲသည့် ပင်လောင်းမြို့နယ်ရှိကောင်ထိုရွာနှင့်
ရင်းမှီးရွာတွင်တွေ့နိုင်သည်။
အချို့မှာ တောင်ပေါ်ဒေသများတွင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းရေကိုအတည်ပြု၍
ရွာတည်ထောင်ကြသည်။ပအိုဝ်းကျေးရွာများတွင် ရေတွင်းတူး၍ သုံးစွဲခြင်းမရှိသလောက်ရှားပါးသည်။ကျေး
ရွာအားလုံးလိုလိုပင် လျှိုမြောင်များမှထွက်လာသေ စိမ့်စမ်းရေကို ရွာတွင်းသို့သွယ်တန်း၍ရေလှောင်ကန်ဖြင့်
သိုမှီးကာသုံးစွဲကြသည်။စမ်းရေတွင် အိုင်အိုဒင်းဓာတ်နည်းသဖြင့် ပအိုဝ်းအမျိုးသား အမျိုးသမီးများတွင်
လည်ပင်းကြီးရောဂါဖြစ်ပွားမှုရှိသည်ကို တွေ့ရသည်။
လမ်းပန်းဆက်သွယ်ရေးအလိုအလျောက်ကောင်းမွန်သောနေရာများတွင်လည်း ပအိုဝ်းကျေးရွာများကိုတွေ့ရသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးသင့်သည်ဟုဆိုနိုင်
သော ကလော တောင်ကြီး လွိုင်လင် ကားလမ်းမကြီး၏ ၀ဲဘက်ယာတွင်လည်းကောင်း၊အောင်ပန်း၊
ပင်လောင်း၊လွိုင်ကော်ကားလမ်း (အနောက်လမ်း)၏ပတ်ဝန်းကျင်တွင်လည်းကောင်း၊ဟိုပုံး-ဆီဆိုင်-လွိုင်ကော် ကားလမ်း အရှေ့လမ်း၏ နံဘေးတွင်လည်းကောင်း အောင်ပန်း၊ပွေးလှ၊ပင်းတယ၊ရပ်စောက်ကား
လမ်း၏၀ဲယာတွင်လည်းကောင်း အ၀တ်နက်များဖြင့်တောင်ယာလုပ်ကိုင်နေကြသော ပအိုဝ်းတိုင်းရင်းသား
များနှင့် ပအိုဝ်းကျေးရွာများကိုတွေ့နိုင်ပေသည်။
ရေမြေကောင်း၍ခြံယာစိုက်ခင်းအတွက် အကျိုးဖြစ်ထွန်းနိုင်မည့်အရပ်မျိုးကိုအဓိကထားပြီးရွေး
ချယ်ာ ကျေးရွာတည်ထောင်ကြသည်။ ကျေးရွာကိုတည်ထောင်ရာတွင် နေမျက်နှာမူရာအရပ်နှင့် လေကွယ်
ရာအရပ်တို့ကိုရွေးချယ်ကာတည်ထောင်ကြသည်။နေရောင်ကိုဦးစားပေး၍ လေကိုရှောင်ကြဉ်ကြခြင်းသည်
အအေးဒဏ်ကိုကာကွယ်ခြင်းသကဲ့သို့သနပ်ဖက်စိုက်ပျိုးရေးအတွက်လည်းကောင်းမွန်လေသည်။ လေတိုက်ခတ်ရာအရပ်တွင်ရှိသောသနပ်ဖက်များသည်အရွက်များအချင်းချင်းပွတ်တိုပ်မှုကြောင့် အရွက်များ ကြမ်းတမ်းလာပြီး မအောင်မြင်ပေ။
အချို့ကျေးရွာများသည် မြေသြဇာ၊ရေရရှိမှု၊လမ်းပန်းဆက်သွယ်မှု၊ ရာသီဥတုစသည်တို့အဆင်မပြေသော်
လည်းထိုကျေးရွာများတွင်အမြဲတမ်းနေထိုင်ကြသည်ကို တွေ့ရသည်။ မိရိုးဖလာနေထိုင်ခဲ့ကြသည်မှာ ယခု
တိုင်ဆက်လက်နေထိုင်ကြသည့် သဘောပင်ဖြစ်သည်။ မိဘဘိုးဘွား၏ ရှေးထုံးကိုမပယ်စကောင်းဟုယူဆ
ကာ ရသမျှရောင့်ရဲတင်းတိမ်နေထိုင်ကြလေသည်။
ဥပမာ အားဖြင့် ပင်လောင်းမြို့နယ်မှ လုံးပိုးကျေးရွာသည် ထင်ရှားသောပုံစံတစ်ခုဖြစ်သည်။ လုံးပိုးကျေးရွာသည် အောင်ပန်း ပင်လောင်း ကားလမ်းမ ကြီးမှ ငါးမိုင်ခန့်ဝေးသည့်အပြင် ကျောက်စရစ်မြေ
ဖြစ်သဖြင့် မြေသြဇာ မကောင်းပေ။သို့သော်ထိုရွာမှ နေထိုင်ကြသူများအချို့တွင်တစ်ရွာမှ တစ်ရွာသို့ စပါး၊
ဂျင်း၊နနွန်း၊နာနတ်သီး စသည်များကို နွားဝန်တင်များဖြင့် တင်ပို့ရောင်းချကြရပါသည်။
ပင်လောင်းမြို့နယ်ရှိ ပန်းဗိုင်ကျေးရွာတွင်လည်း မြေသြဇာ မကောင်းသည့်ပြင် ရာသီဥတုလည်းပူပြင်း
သည်။သောက်သုံးရေကိုလည်းလေးမိုင်ကွာဝေးသောနောင်ပီကျေးရွာသို့ လှည်းဖြင့်သွားရောက်ခပ်ယူကြရ
သည်။ ဤသို့အဆင်မပြေမှုများရှိသော်လည်း ရွာသားများသည် မိမိတို့ ချက်မြုပ်ဒေသအဖြစ် ထိုရွာများတွင်
မက်မောစွာဆက်လက် နေထိုင်လျက်ရှိကြပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ခြေ ၅ အိမ်ထက်ကျော်လျှင် ရွာအဖြစ်သတ်မှတ်ကြ၏ ရွာတစ်ရွာ
လျှင်ပျှမ်းမျှခြင်းအားဖြင့် အိမ်ခြေ ၅၀ မှ ၇၀ အထိ ရှိကြသည်။အများအားဖြင့် အိမ်ခြေ ၁၀ အိမ်ရှိသောရွာ
သိမ်ရွာငယ်များမှ အိမ်ခြေ ၃၀၀ ကျော်သောရွာကြီးမှာအထိ ရှိသည်။တစ်ရွာနှင့်တစ်ရွာမှာလည်း ပျှမ်းမျှ
လေးမိုင်မှ ငါးမိုင်အထိ ကွာဝေးတတ်၏ ကားလမ်းတစ်လျောက်တွင်မူ နှစ်မိုင်ပတ်ဝန်းကျင်ခန့်ကွာဝေးသည်။
ကျေးရွာပုံစံကိုကြည့်လျှင်ရွာဝိုင်းများကာရွာတန်းရှည်နည်းလေသည်။ရွာတန်းရှည်ကိုမြစ်ချောင်း
တစ်လျောက် ကားလမ်းတစ်လျောက်တွင်သာတွေ့နိုင်သည်။ကျန်ဒေသများတွင် ပထ၀ီဝင်အနေထားအရ
ချိုင့်ဝမ်းနှင့် တောင်ကမ်းပါးယံရှိ ရွာများအဖြစ်တွေ့ရပေသည်။
ဝါးအိမ်မှာဆောက်လုပ်ရာတွင် ၀ါးပိုးဝါးကိုသာအသုံးပြုကြ၏ ပိုးမထိုးစေရန် ၀ါးအခေါင်းတွင်းသို့ရေနံ
ဆီများ လောင်ထည့်တတ်ကြသည်။ကြမ်းခင်းရာတွင်လည်းဝါးပိုးဝါးဆစ်များကို ဓားမဖြင့်အစိတ်စိတ်အမြွာမြွာ
ဖောက်၍ အလုံးကိုဖြန့်ကာခင်းကြသည်။ယင်းဝါးပိုးလုံးမှ ဖြန့်ချသောအပြားသည် ဗြက်တစ်ပေခန့်ရှိ၏ ဤ၀ါး
အခင်းသည် ပျဉ်အခင်းနှင့်အတူတူ ကြာရှည်ခံသည်ဟုဆိုလေသည်။ပအိုဝ်းတိုင်းရင်းသားတို့၏ ၀ါးအိမ်မှာထူး
ခြားစွာနှစ်ရှည်ခံကြသည်ကိုတီကျစ်မြို့ပတ်ဝန်းကျင်ကျေးရွာများတွင် အံ့သြဖွယ်တွေ့ရှိရလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်တွင် ဘုရားစင်ကို ခမ်းနားစွာပြင်ဆင်ထားကြ၏ ပအိုဝ်းတိုင်းရင်းသား
တို့အိမ်တိုင်းတွင် ဘုရားစဉ်ကိုအိမ်ခေါင်းရင်းဘက်နံရံပေါ်တွင် ဆောက်လုပ်ထားသည်ကိုတွေ့ရပေသည်။
ဘုရားစဉ်တွင်လည်းဂြိုလ်ကိုးလုံးအရုပ်စက္ကူများဖြင့် မွမ်းမံထားတတ်၏အိမ်တိုင်းလိုလိုခေါင်းရင်းကိုအရှေ့
ဖက်သို့လှည့်ထားတတ်ကြသည်။
အများအားဖြင့် အိမ်ကိုအခန်းနှစ်ခန်းခွဲထားကြသည်။အိမ်ရှင်အတွက်တစ်ခန်းနှင့် ဧည့်သည်အတွက်
တစ်ခန်းနှင့်ဧည့်သည်အတွက်တစ်ခန်းဖြစ်သည်။ခေတ်မီသောအိမ်များမှာမူ အခန်းသုံးခန်းဖွဲ့ထားတတ်ကြ
သည်။ မီးဖိုကိုတစ်ခန်းသတ်သတ်ထားကြ၏ ရှမ်းပြည်နယ်ရှိပအိုဝ်းတိုင်းရင်းသားတို့နေထိုင်သော ကျေးရွာ
များသည်၊ အေးလွန်းသောရာသီဥတုရှိသဖြင့် မီးဖိုကိုထားရှိကာ မီးလှုံရင်းချက်ပြုတ်စားသောက်ကြသည်။
မီးဖိုပေါ်တွင် မျက်နှာကျက်မှချထားသည့် ကျပ်စင်ရှိ၏ ကျပ်စင်ပေါ်တွင် ဟင်းချက်ပြုတ်ရန်ငရုတ်
သီး၊ဆား၊ပဲပုပ်၊စသည်များကိုတင်ထားကြသည်။ဘူးခါးသီးများကိုလည်းကျပ်တင်ထားကြသည်။ဘူးခါးသီးများ
ခြောက်သောအခါ အစေ့များထုတ်ယူပြီး ရေထည့်ရန်အသုံးပြုကြသည်။မီးဖိုများသည်အများအားဖြင့် အခန်း၏အလယ်ဗဟိုတွင်ရှိသဖြင့် အလုပ်မှ ပြန်လာကြသောပအိုဝ်းမိသားစုတို့မှာ မီးဖိုဘေးတွင်ဝိုင်းဖွဲ့ကာ
မီးလှုံအနားယူတတ်ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်များသည် ငါးပေမှ ခုနစ်ပေအထိရှိသည်။ခြေတံရှည်အိမ်များဖြစ်
သဖြင့် ခိုင်းရန် မွေးထားသည် ကျွဲ၊နွား၊မြင်း စသည်တို့ကိုအောက်ထပ်တွင်ထားကြသည်။အိမ်နှင့်ဆက်နေ
သောအဖီတွင် သနပ်ဖက်လှော်ရန် သနပ်ဖက်ဖိုတဲများရှိသည်။အချို့ အိမ်များသည် လဖက်များလှန်းရန်အ
တွက် အိမ်အပေါ်ထပ်တွင် လူနေအဆင့်ကြမ်းပြင်နှင့်တစ်ဆက်တည်းရှိသော မော့လောင်း ခေါ်စင်ကို
ထုတ်ထားတတ်သည်. အိမ်ပတ်ဝန်းကျင်တွင် အိမ်သုံးဟင်းသီးဟင်းရွက်နှင့်အသီးပင်များစိုက်ပျိုးရန်ခြံများရှိ
သည်။ရွာတိုင်းလိုလိုပင် ကိုယ့်အိမ်နှင့်ကိုယ့်ခြံဝန်းနှင့်ရှိကြ၏
ရှမ်းပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ မြို့နယ်အလိုက်နေထိုင်မှုကိုအထက်ပါအတိုင်းလေ့
လာနိုင်သည်။
Labels: လူမျိုးနှင့်ဘာသာစကား
0 comments: