ဆေးပညာ

   ပအိုဝ်းတိုင်းရင်းသားတို့သည် ဆေးဆရာကို ဆရာတစီး ဟုခေါ်ကြသည်။ဆေးဆရာသည် ရွာလူထု၏ ချစ်ခငမှုနှင့် ယုံကြည်ကိုးစားခြင်းကိုခံရလေသည်။ပအိုဝ်းတိုင်းရင်းဆေးဆရာများ ကိုင်ဆောင်သောဆေးမှာ မြန်မာတိုင်းရင်းဆေးဆရာများကဲ့သို့ပင်ဆေးမြစ်၊ဆေးရွက်၊ဆေးဥ တို့ကို အမှုန့်ကြိတ်ထားပေသည်။ မာရှယ်က ၄င်း၏စာအုပ်တွင် ပအိုဝ်းဆေးဆရာများသည် ဆေးပင်တို့၏အာနိသင်တို့သိရှိကြသည်မှာ ယုံမှားဖွယ်မရှိသော်လည်း၎င်းအတတ်ပညာကို မည်သူ့ထံမှ မည်သည့်အချိန်က ရရှိခဲ့သည်ကိုသိရှိရန် ခဲယဉ်းလှသည်ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။
  ပအိုဝ်းတိုင်းရင်းဆေးပညာသည်ရှမ်း၊မြန်မာ၊မွန်လူမျိုးတို့နှင့်ပေါင်းသင်းဆက်ဆံရာမှတိုးတတ်လာခဲ့သည် ဟုယူဆကြသည်။ဤဆးဆရာတို့သည်သိပ္ပံနည်းကျကျတတ်မြောက်သည်ဟုမဆိုသာသော်လည်း  ၄င်းတို့
ကြောင့်အချို့သောရောဂါတို့ ပျောက်ကင်းကြသည်ကား  အမှန်ပင်ဖြစ်သည်။ အချို့သောပအိုဝ်းကျေးရွာများ
အယူသီးမှုများရှိကြသဖြင့် ကျန်းမာရေးတိုးတတ်မှု နှောင့်နှေးရသည်။ဥပမာ ကလေးတစ်ယောက်ဖျားနေ
သည့်အချိန် ကြာမြင့်ပါက မကောင်းဆိုးဝါးများဝင်ကပ်သည်ဟု ယူဆပြီး အစားအသောက် ကန်တော့ပွဲတို့ ဖြင့် ပူဇော်ကျွေးမွေးကြသည်။

0 comments:

Post a Comment