စကားထာများ
ပအိုဝ်းသမိုင်းစကားထာသည် မိမိတို့ပတ်ဝန်းကျင်ရှိ၊ သက်ရှိသက်မဲ့ အရာဝတ္ထုတစ်ခုခုကို တစ်ဘက်သား အစဉ်းစား ခက် အောင် အဓိပ္ပါယ်ဝှက်၍ မေးခွန်းထုတ်သောစကား များဖြစ်သည်။ စကားထာသည် လူ့ပတ်ဝန်းကျင်ကို ဂရုပြု လေ့ထာစေသော် ဥာဏ်စမ်းကစားနည်း တစ်မျိုးပင်ဖြစ်၏
စကားထာကို ကလေးသူငယ်များသာ၊ အများဆုံးဝှက်ကြ၏ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း ၊ စကားထာဝှက် သည့်ဓလေ့ရှိသည်။စကာထာ စကားဝှက် ကို ပအိုဝ်းတိုင်းရင်းသားတို့က၊ ငေါင်းတတ်လို့ဝမ် ဟုခေါ်သည်။ စကားထာကိုမူ ငေါင်းတတ်ဟု ခေါ်သည်။ ပအိုဝ်းကလေးသူငယ်များသည် ၊ကလေးအချင်းချင်း စကားထာ ၀ှက်တမ်းကားလေ့ရှိကြသည်။ တစ်ခါတစ်ရံ လူကြီးများက ကလေးများ၏ ဥာဏ်ကို စမ်းလိုသည့်အခါ စကားထာဖြင့် မေးကြလေသည်။
ပအိုဝ်း တိုင်းရင်းသားကလေးများ ၀ှက်ကြသော၊ စကားထာများကို လေ့လာရရှိသမျှ ဖော်ပြပါအံ့။
၁။ အပင်မှာသစ်သား အခွံမှာ ငါးကြေးခွံ အရွက်မှာအပ်။ (ထင်းရှူးပင်)
၂။ ပင်မှာဝါး အရွက်ဓား။ (ကြံပင်)
၃။ ၀မ်းရောင်တဲ့ ကလေးငချွတ် အင်္ကျီတိုလေးဝတ်။ (ခရမ်းသီး)
၎။ ငယ်တုန်း ကတော့ အင်္ကျီဝတ် ၊ ကြီးလာအင်္ကျီချွတ်။ (၀ါးပင်)
၅။ အရွက်မှာတစ်ရုံ အသီးမှာတစ်လုံး။ (နာနတ်သီး)
၆။ အစားကျွေးလေ ပိန်လေလေ။ (စဥ့်တီတုံး)
၇။ ဂျိုကောက်ကောက် နဲ့ နွား အိမ်မပြန်ဘူး။ (ဂျီ)
၈။ ခါးကုန်းကုန်းနဲ့အဖွား တစ်နှစ်တစ်ခါ လယ်ထဲသွား။ (တံဇဉ်)
၉။ ကလေးနှစ်ယောက် သူနိုင်ငါနိုင် အပြေးပြိုင်။ (ခြေထောက်)
၁၀။ အရင်းကအပေါ်မှာ အဖျားက အောက်မှာ။ (နွားမြီး)
၁၁။ လက်ကောက် ချိုင့်ထဲမှာ ရှိသည်။ (နွားခြေရာ)
၁၂။ အတိုအရှည် တစ်ထွားလောက် နောက်မှာ အမွေးပေါက်။ (နွားဦးချို)
၁၃။ နွားနီတစ်ကောင် သည်နွားမည်း စအို လျက်၏ (အိုးနှင့်မီး)
၁၄။ ကြံမည်းတစ်ရုံ ခုတ်မကုန်။ (ဆံပင်)
၁၅။ အဘိုးအိုတစ်ယောက် ဘယ်သွားသွား ရေထဲမှာပဲ နေ၏ (ကျွဲ)
၁၆။ အနီးကလေးရှိသော်လည်း အဝေးကို မြင်ရသည်။ (မျက်စိ)
၁၇။ မြင်တော့အနီးလေး တူးတော့ အနက်ကြီး ။ (မြေ)
၁၈။ တစ်လှမ်းသွားလည်း ကျွံ နှစ်လမ်းသွားလည်း ကျွံ။ (ကြပ်ခိုးစဉ်)
၁၉။ လူသေက လူအရှင်ကိုထမ်း။ (ပဲစဉ်)
၂၀။ လည်ပင်းကို ညှစ်ပြီးသွေးကိုစုပ်လို့ရသည်။ (ရေဘူး)
၂၁။ အပင်ကသစ်ပင် အသီးက လွယ်အိတ်စုတ်။ (ပိန္နဲသီး)
၂၂။ အပင်မှာနွယ် အသီးမှာပူဖောင်း ။ (ဘူးသီး)
၂၃။ ခေါင်းကိုတီးလျှင် စအိုဝကမြည် (အိုးစည်)
၂၄။ ရေနည်းနည်း လေးမှာ ဖားကလေး တစ်ကောင် တည်း။ (လျှာ)
၂၅။ နောက်ကိုသွားလဲချေးယို ရှေ့ကိသွားလဲ ချေးယို။ (လွှ)
၂၆။ အခွံသုံးထပ်ရှိပြီး အတွင်းမှာရေရှိ၏ (အုန်းသီး)
၂၇။ တုတ်တစ်ချောင်း အပေါက်တစ်ဘက်ထဲရှိပေမည့် ၊ နှစ်ဖက်လုံးထိုးလို့ရ၏ (အပ်)
၂၈။ တစ်ခွက်စားလျှင် တစ်ဘက်ကျန်။ (ခရုခွံ)
၂၉။ အပင်မှာဝါး ၊ အသီးမှာရွှေ (စပါးပင်)
၃၀။ အမေတက်ခေါက်တော့ သားကပြေး၏ (မြား)
၃၁။ ဆင်ဖြူရွာထဲဝင်လာတော့ မှောင်သွားသည်။ (မြူ)
၃၂။ ကြည့်တော့နက်မယောင်၊၀င်တော့ အတိမ်လေး။ (စမ်းချောင်း)
၃၃။ ကြည့်တော့နက်မယောင်၊ ၀င်တော့အတိမ်လေး။ (စမ်းချောင်း)
၃၄။ ဗျိုင်းဖြူတစ်ကောင် တစ်နှစ်တစ်ခါ လယ်ထဲဆင်းသည်။ (ထယ်သွား)
၃၅။ မြင်နေလျက်က ၊ ယူမရ။ (အရိပ်)
၃၆။ အောက်ပြေက အမျိုးသမီး၊ ကလေးကျောပိုးပြီးတက်လာသည်။ (ပြောင်းဖူးသီး)
၃၇။ အောက်မှာရေ ၊ အပေါ်မှာမီး (ရေနံဆီ မီးအိမ်)
၃၈။ တီးလိုက်တော့လည်၊ ကြိုးကိုဆွဲတော့ငို။ (ကြေးစည်)
၃၉။ အပင်မှာသစ်သား ၊ အခက်မှာဝါး၊ အရွက်မှာမြက်။ (အိမ်)
၄၀။ ခဲထက်လေးပြီး ဂွမ်းထက်ပေါ့၏ (လေယဉ်ပျံ)
၄၁။ အောက်ပြည်ကအဖိုး၊ ဂွမ်းစောင်ကို ခြုံလာ၏
၄၂။ အနီးကကြည့်တော့ ဘုရားနှင့်တူ ၊ အဝေးကကြည့်တော့ စေတီနှင့်တူ။ (မျှစ်ဆို့)
၄၃။ ကိုယ်ကတော့မြွေ၊ခေါင်းကတော့ကြွေ။ (အပ်ချည်နှင့်ကြယ်သီး)
၄၄။ ပါးစပ်က လန်လန်နဲ့၊ ချုံပုတ်ကို ကိုက်ထား၏ (ပန်းအိုး)
၄၅။ အဘိုးအို ကို တောင်တက်တဲ့အခါ ညည်း၏ တဒက်ဒက်တက်ခေါက်၏ (တောမီးလောင်)
၄၆။ ဆုံကိုဖယ်တော့ ကျည်ပွေ့ကျန်။ (ငါးဥသီး)
၄၇။ ခေါပုတ် တစ်တုံး၊တစ်ရွာလုံးသုံးလို့မကုန်။ (ဓားသွေးကျောက်)
ဤစကားထာများမှာ စာရေးသူ လက်လှမ်းမီသမျှသာ တင်ပြရခြင်းဖြစ်သည်။ ပအိုဝ်းဘာသာမှ မြန်မာ ဘာသာသို့ ဆီလျော်အောင်ကြိုးစား၍ ပြန်ဆိုထား၏ ဤစကားထာများကိုလေ့လာလျှင် ပအိုဝ်း ကလေး သူငယ်တို့၏ ဥာဏ်ရည်ကို အကဲခတ်နိုင်ပေသည်။
စကားထာများသည် ကလေးတို့အား ဥာဏ်သွက်စေသော ကစားနည်းဖြစ်၏ ပျော်ရွှင်မှုကိုလည်း ရစေ၏ အခြားပြည်ထောင်စု တိုင်းရင်းသားများတွင်လည်း စကားထာများရှိကြပေလိမ့်မည်။ တခြားတိုင်းရင်းသားများ ၏ စကားထာများကို လေ့လာဖော်ထုတ်သင့်ကြပေသည်။
Labels: ယဉ်ကျေးမှုနှင့်စာပေ
0 comments: