ပညာရေး

ပအိုဝ်းတိုင်းရင်းသားတို့ကို ရှမ်းပြည်နယ်တွင် ယခင်က လူသိနည်းနေသည့်တိုင်းရင်းသား ဖြစ်နေရခြင်းမှာ မဖွံ့ဖြိုးသေးသော တိုင်းရင်းသား ဖြစ်နေသေး၍ ပင်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မဖွံ့ဖြိုးသေးသော ရှမ်းပြည် နယ်သည်ပဒေသရာဇမြေရှင်စော်ဘွားတို့၏လက်အောက်တွင်နှစ်ပေါင်းကြာရှည်စွာ နေထိုင်ခဲ့ရသောကြောင့် ပင်ဖြစ်သည်ပဒေသရာဇ်စော်ဘွားတို့၏ဓားမိုးအောက်မှကျွန်သားပေါက်အဖြစ်သက်ဆိုးရှည်နေခဲ့ရသောကြောင့်
ပင်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ် မြေရှင်တို့၏ လက်အောက် ကျရောက်နေရစဉ် အခါတွင် မူလတန်းပညာကိုပင် သင်ခွင့်မပေးခဲ့ပေ။

ပအိုဝ်း ကလေးသူငယ်များမှာ ကျား/မ မခွဲဘဲ အတူနေ အတူကြီးပြင်းကြသည်။ ရှေးအစဉ်အလာအရ ပအိုဝ်းကလေး များသည် ကြီးစဉ် ငယ်လိုက် အချင်းချင်း ထိန်းကျောင်းသွား ကြသည်။ ထို့ကြောင့် မိဘများ အတွက် အကူညီ များစွာ ရသည်။ ကလေးများသည် မိဘ များနှင့် အတူ ခြံသို့သွား၍ မိဘများကို ကူညီ လုပ် ဆောင်ကြသည်။ အလုပ်မလုပ်သော ကလေးများမှာ ခြံထဲတွင် မြေဖြင့် အရုပ်များ ပြုလုပ်ကာ ကစားကြ ၏ အချို့ယောင်္ကျားလေးများမှာ လေးခွများ လေးကိုင်းများနှင့် ငှက်ပစ်ခြင်းများကို ကစားကြသည်။

ယခုအခါ ပညာသင်ကြားရေး အတွက် အခွင့်အလမ်း အတော် ရရှိနေပြီဖြစ်ပြီး မိဘများကလည်း ပညာရေးကို အားပေးကြသည်။ပအိုဝ်းတိုင်းရင်းသား တို့၏ ပညာရေးကို လောကုတ္တရာပညာရေးနှင့် လောကီပညာရေး ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပေသည်။

လောကုတ္တရာပညာရေး

ယောင်္ကျားလေးများ ငါးနှစ် ခြောက်နှစ် အရွယ် ရောက်လာသောအခါ ရွာရှိဘုန်းကြီးကျောင်းတွင် အပ်နှံထား ကြသည်။ ဘုန်းကြီးကျောင်းက သွန်သင် ပေးသည်။ ယောင်္ကျားလေးများသည် ဘုန်းကြီးကျောင်း တွင်ပင် စာသင်ကြရ၏ ဘုန်းကြီးက လောကီရော လောကုတ္တရာစာပေများပါ သင်ကြားပေးလေသည်။ စာဖတ်တတ် သောအခါ ဘုန်းကြီးကျောင်း ပင်တွင် ရှင်ပြုပြီး ရှင်သာမဏေဘ၀ နှင့် ပင် ဘုန်းကြီးကျောင်း တွင် ပျော်သလောက်နေကြသည်။ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးကို ၀တ်ကြီး ၀တ်ငယ်ပြုစုရင်း စာသင် ကြသည်။ပရိတ်ကြီးလောက် တတ်သောအခါ လူထွက်ကြသည်။ အချို့မှာ အရွယ်ရောက်မှ လူထွက်လာကြသည် ။ အချို့မှာလည်း မိဘများလုပ်ကိုင်သော တောင်ယာ ခြံကို လူညီလုပ်ကိုင် ရန်အတွက် သာမဏေဘ၀တွင် တစ်နှစ်၊နှစ်နှစ် နေပြီး လူထွက်ကြသည်။ အချို့မှာ ရဟန်းဘောင် တွင် မွေ့လျော်သဖြင့် ရာသက်ပန် ရဟန်းဘ၀ဖြင့် လောကုတ္တရာစာပေကို သင်ယူကြရာမှ အကျော်အမော်ရဟန်းတော် များ ဖြစ်သွားကြသည်။

ပအိုဝ်း တိုင်းရင်းသား တို့သည် ဗုဒ္ဓဘာသာကို အထူး သက်ဝင်ယုံကြည် သူများပီပီ လောကီ ပညာရေးထက် လောကုတ္တရာ စာပေကို အထူးလိုက်စား သင်ယူကြသည်ကို တွေ့ရသည်။အချို့ရဟန်းတော် များသာမဏများမှာ သီတင်းသုံးနေ သောကျောင်းမှ ပညာလောက်နှင့်အရောင့်ရဲ ကြသဖြင့် အခြားမြို့ကြီး များရှိဘုန်းကြီးကျောင်းများ ပရယတ္တိစာသင်တိုက်များသို့ သွားရောက်၍  လေကုတ္တရာစာပေ ကို ဆည်းပူး ကြလေသည်။ရှမ်းပြည်နယ်တွင် တာင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး ၊ အရိယ၀ံသ  မြို့ဦးကျောင်းတိုက် 
ညောင်ရွှေမြို့တွင် ကန်ကြီးပရိယတ္တိစာသင်တိုက်၊ အောင်ပန်းစာသင်တိုက်တို့တွင်  လောကုတ္တရာ စာပေကို ဆည်းပူးနေတော်မူကြသော ပအိုဝ်းသာမဏေများ ရဟန်းတော်များကို တွေ့နိုင်ပေသည်။ မန္တလေး၊ရန်ကုန် ပဲခူး၊ဟင်္သာတ စသောမြို့ကြီးများသို့ သွားရောက်ကာ လောကုတ္တရာစာပေကို ဆည်းပူးနေကြသည့် ရဟန်းတော်များလည်း အများအပြားရှိလေသည်။

လောကီပညာရေး

ရှမ်းပြည်နယ်တွင် ပဒေသရာဇ်ကြီးစိုးစဉ်အခါက ပအိုဝ်းတိုင်းရင်းသားတို့ ပညာသင်ကြားရန် အခြေအနေ မပေးချေ။ ပဒေသရာဇ်စနစ်၏ လောင်းရိပ်ကြောင့် ပညာသင်ကြားခွင့်မရခဲ့ကြပေ။ ပဒေသရာဇ်ရှမ်းစော် ဘွားများ အုပ်စိုးစဉ် အခါက ပြည်သူထူထု တစ်စိတ်တစ်ဒေသဖြစ်သော ပအိုဝ်းတိုင်ရင်းတို့ကို မျက်စိပွင့်၊ နားပွင့်မည်စိုး၍ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။

ပဒေသရာဇ်တို့သည် ပအိုဝ်း ကျေးလက် တောရွာများ၌ သုံးဆယ့်ခြောက်ကောင်ထီခေါ် လောင်းကစားမှုကို ဖွင့်ပေးထားခြင်း၊ လောင်းကစားမှုကို အားပေးအားမြောက်ပြုခြင်း၊ ဘိန်း၊ ဘင်း၊ ကဇော် တို့ကို ရောင်းခွင့်ပြု ခြင်း စသည်ဖြင့် ပအိုဝ်းလူထုကို မှိုင်းတိုက် ခဲ့ကြသည်။ ပဒေသရာဇ် စော်ဘွားများလက် ထက်တွင် ပအိုဝ်းကျေးလက်ဒေသ၌ စာသင်ကျောင်းဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ စာပေသင်ကြားလိုလျှင် ရွာရှိ ဘုန်းကြီးကျောင်းတွင်  သင်ပုန်းကြီးကို သင်ကြားကြရသည်။ လောကီစာပေ ကို မူကား သင်ယူခြင်း နည်းပါးလှပေသည်။

ပဒေသရာဇ် အုပ်စိုးမှုအောက်မှ လွတ်မြောက်လာသော အခါ (ပ-အ-မ-ဖ) ပအိုဝ်းအမျိုးသားဖွဲ့ချုပ်၏ ဦးစီး ဆောင်ရွက်မှုဖြင့် ကျေးလက်ဒေသတွင် ပညာရေးကို တိုးချဲ့ခဲ့ရာ တိုးတတ်မှုရှိလာ၏ နိုင်ငံတော အစိုးရ ကလည်း လိုအပ်သမျှ တတ်နိုင်သလို အကူညီပေးကာ ကျောင်းဆောက်လုပ် ဖွင့်လှစ်ပေးခဲ့၏ ယခုအခါ မူလ တန်းကျောင်းများ  ပိုမိုတိုးတတ် လာသည်ကို တွေ့ရသည်။ အစိုးရနှင့် ပညာရေး ဌာန က အားပေးမှုကြောင့် တောင်ပေါ်ဒေသရှိ ပအိုဝ်းကျေးလက် ပြည်သူတို့သည် ပညာရေးကို လိုက်စားလာကြ၏ ပညာသင်ကြားမှုများ များလာ၏

မျက်နှောက်ခေတ်ကာလတွင်  ပညာမတတ်လျှင် အစစ အရာရာ နစ်နာ ဆုံးရှုံးကြောင်း ပအိုဝ်းမိဘတိုင်း က သိရှိ နားလည်လာ၏ ထို့ကြောင့် သားသမီးပညာရေးအတွက်ပို၍ အားပေးလာကြသည်။ မူလတန်း၊ အလယ်တန်း၊အထက်တန်းကျောင်းမရှိသော ရွာများသည် ကျောင်းရှိသော နေရာဒေသ သို့ မိမိတို့ သားသမီး များကို ပို့၍ ပညာသင်ကြားစေသည်။ အစိုးရ ကျောင်းမရှိသော နေရာဒေသ တွင်လည်း ကိုယ်ထူ ကိုယ်ထ ကျောင်းများ လူထု ကျောင်းများဖွင့်လှစ်၍ မိမိတို့ သားသမီးများကို ပညာသင်ကြားစေသည်။
ယခုအခါပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်သော ဒေသများတွင် အထက်တန်းကျောင်း များစွာ ရှိနေပြီ ဖြစ်၏

0 comments:

Post a Comment