ပရဟိတ ပညာရေး

ပအိုဝ်းတိုင်းရင်းသား ကလေး သူငယ်များ၏ ပညာသင်ကြားရေးနှင့် ပက်သက်၍ ပရဟိတ ဆရာတော်များနှင့် တောင်တန်းသာသနာပြု ဆရာတော်ကြီးများက တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက် ပေးခဲ့ ကြသည်ကို တွေ့ရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးမြို့ မြို့ဦး ပရဟိတ ကျောင်းနှင့် အင်းလေးကန် တွင် မိဘမဲ့ တိုင်းရင်းသားကလေး သူငယ်များ ပညာသင်ကြားနေသည်ကို တွေ့နိုင်သည်။

ပြည်မမှ ပရဟိတ ဆရာတော်ကြီးများကလည်း ခရီးလမ်းပန်း ခက်ခဲသည့် တောကြိုတောင်ကြား မှ ပညာမသင် ကြားနိုင်သော ပအိုဝ်းတိုင်းရင်းသား ကလေးသူငယ်များကို ပြည်မ သို့ခေါ်ဆောင်ကာ စားဝတ်နေရေး၊ ပညာသင်ကြားရေးမှ အစ အားလုံး တာဝန်ယူ ဆောင်ရွက်ပေးနေသည်။ မိဘရှိသူများကလ်ညးပြည်မသို့သွားရောက်၍မိမိတို့ရင်သွေးများကိုဘုန်းကြီးကျောင်း၊ပရဟိတ  ကျောင်းများ
တွင် အပ်နှံကာပညာသင်ကြားစေသည်။

ပရဟိတနှင့် ဘုန်းကြီးကျောင်းများမှ မွေးထုတ်သော ပအိုဝ်းလူငယ်များသည် .ယခင်က အခြေခံ မူလတန်းနှင့် အလယ်တန်း လောက်ကိုသာ အောင်မြင်ကြသည်ကို တွေ့ပေသည်။ အထက်တန်းပညာရပ် ၊တက္ကသိုလ် ၊ကောလိပ်ပညာရပ်များ သင်ကြားနိုင်သည့်အဆင့်သို့ ရောက်ရှိသူဦးရေ နည်းနေပေသေး၏ သို့သော် ပတ်ဝန်းကျင် လှုပ်ရှားမှုနှင့်သက်ဆိုင်ရာ မိဘများ၏ အားပေးမှုကြောင့် ခေတ်ပညာကို ကြိုးစား၍ ဆက်လက် သင်ယူနေကြသည်။ ယခုအခါ အထက်တန်းပညာရပ်နှင့် တက္ကသိုလ် ကောလိပ်ပညာရပ်ကို ဆည်းပူးနေသော ပအိုဝ်းတိုင်းရင်းသားများ တစ်နှစ်ထက်တစ်နှစ် များလာသည်ကို တွေ့ရပေသည်။

0 comments:

Post a Comment