မော်တရား

ပအိုဝ်း တိုင်းရင်းသားတို့တွင် အောက်လမ်းဟု ခေါ်မည့်  ကုနည်းဖြင့် ဆေးကုသူများကို မော်တရား ဟုခေါ်သည်။မော်တရားခေါ်  ဆရာသည် ပအိုဝ်း ဘာသာလည်း မဟုတ် သော ဂါထာကို ရွှတ်ဆိုပြီး လူနာကို ကုသလေသည် ထိုသို့ကုသ ရာတွင် အရက်လည်းပါ၏
ပယောဂမကင်းသူဟုယူဆသောညောင်းညာကိုက်ခဲခြင်း၊အဆိပ်ရှိသည့်မွေ၊ကင်းသတ္တ၀ါများကိုက်ခြင်း စသည့်ေ ရာဂါများကိုကုသပေးလေသည်။ထိုဆရာသည်လူနာကုသရန်အတွက်ဝက်စွယ် တစ်လန်လောက်ရှိ  သောတုတ် စသည်များပါလေသည်။
ယခုအခါ၌ကုသနည်းမျိုးမှာပပျောက်သလောက်ရှိသွားပြီးဖြစ်သည်။အင်းလေးကန်ရှိပအိုဝ်းတိုင်းရင်းသား တို့နေ ထိုင်သော အင်းလျားရွာတွင် တစ်ဦးစ နှစ်ဦးစသာ ကျန်တော့သည်။ 

0 comments:

Post a Comment