ထိုးကွင်းထိုးခြင်း

ရှမ်းပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသား အားလုံးလိုလိုပင်ယောင်္ကျားများ၏ ကိုယ်ပေါ်တွင် ထိုးကွင်း မင်ကြောင်ကို ထိုးနှံထားလေ့ရှိကြသည်။ပအိုဝ်း တိုင်းရင်းသားတို့တွင်လည်း ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့ ရှိခဲ့သည်။ ရင်ဘတ်၊ကျော ၊လက်မောင်း၊ပေါင် ၊ခြေသလုံး စသည့်နေရာများတွင် အနီရောင်ဆေးမင်ကြောင်နှင့် အနက်ရောင်ဆေးမှင်ကြောင်ကိုထိုးလေ့ရှိကြသည်။ ရှေးကအမျိုးသားများသည် ကသောအခါ ဘောင်းဘီကိုပေါင်ရင်းလောက်ပင့်၍ ဆေးမင်ကြောင်ကို ပြကာ က ကြလေသည်။

ရှေးအခါကအမျိုးသားများသည်ပေါင်တွင်ထိုးကွင်းထိုးထားခြင်းမရှိပါကမိန်းမ ဟု ခေါ်ဝေါ်သမုတ်ခြင်းခံရသည် ထို့ကြောင့် ထိုးကွင်းထိုးခြင်း၏ ရည်ရွယ်ချက်မှာ ယောင်္ကျားပီသစေရန် ပင်ဖြစ်သည်။ ထို့အပြင် အချို့ထိုးကွင်း များသည် တုတ်ပီး၊ဓားပီး၊ ပီယဆေးစသည့် စွမ်းကြောင်းဖြင့် အယူအဆ အချို့ရှိလေသည်။ ယခုခေတ် လူငယ် များတွင် မူပေါင်တွင် ထိုးနှံခြင်း မရှိတော့ပဲ အလှအပ သဘောအဖြစ် လက်မောင်းတွင် အနည်းငယ်သာ ထိုးကြ တော့သည်။

0 comments:

Post a Comment