တူရိယာနှင့်သီချင်း

ပအိုဝ်းတိုင်းရင်းသားတို့တွင် ရိုးရာ တူရိယာ ဂီတ များရှိ၏ ပအိုဝ်းရိုးရာ တူရိယာဂီများအနက် မောင်းမွူး ခေါ်
မောင်းကြီး ၊မောင်းလောင် ခေါ် မောင်းဆိုင်း ထုံရောပဲ (ရှမ်းအိုးစည်)တုံထိန်းအိုးစည်တို့မှာ ထင်ရှားလှသည်။
မောင်းမွူး ခေါ် မောင်းကြီး အကို  သိုင်းကွက်များနင်း၍ လူကြီးပိုင်သာ ကကြသည်က များ၏  မောင်းလောင်းကိုမောင်းဆိုင်းကို လူငယ်များ စုပေါင်း ကခုန်လေ့ရှိကြသည်။ ရှမ်းအိုးစည်ကိုလည်း လူကြီးရော လူငယ်ပါ သိုင်း ကွက်ဖြင့်ကကြသည်။  ဤအကများကို သိုင်းကွက်နှင့်  ဟန်ပန် အမူအယာ ပြ၍ လည်းကောင်း ၊ ဓားရေး လှံရေးသည့်အသွင်ဖြင့် ဓားများကိုင်ဆောင်လှုပ်ရှား ၍ လည်းကောင်း ကကြလေသည်။

မောင်မွူးခေါ် မောင်းကြီးနှင့် မောင်းလောင်းခေါ် မောင်းဆိုင်းကို မိရိုးဖလာ ပွဲလမ်းသဘင်များဖြစ်သည့် ၀ါကျွတ်ပွဲ     ရှင်ပြုပွဲ များတွင် တီးမှုတ်ကြ ကခုန်ကြသည်။ ထုံးထိန်းအကမှာ ပျောက်ကွယ်လုပြီးဖြစ်သည်။
ယခု အခါ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီက  ပြန်လည်ဖော်ထုတ်လျက် ရှိသည်။   ရှမ်းအိုးစည်ကို ပွဲလုဖိုင်ခေါ် ဒုံးလွတ်ပွဲ ၊ ဥပုပ်ဆွမ်းကျွေးပွဲ ၊ ရှင်ပြုပွဲ စသည့်ပွဲလမ်းသဘင် များတွင် တီးမှုတ် က
ခုန်ကြသည်။ ရှမ်းအိုးစည် တွင် အမျိုးသမီးများပါ ၀င်ရောက်က ခုန်ကြသည်ကို တွေ့ရသည်။ ပအိုဝ်းတိုင်းရင်း သားတို့သည် ဤတူရိယာများကို တီးမှုတ်ကခုန်ကြသောအခါ လင်္ကာကို ရွတ်ဆိုကြသည်။ လင်္ကာကို တစ်ဦးဦး
ကတိုင်ပေးပြီး  အများက လိုက်၍ ၀ိုင်းဆုကြရသည်။ အချို့လည်းတစ်ဦးစီ သီဆိုမှု ပြုကြသည်။

တယော်(တယော) နှင့် တင်ဘင်ဂျို (ဘင်ဂျို) တို့မှာ မြန်မာတယော ၊ ဘင်ဂျိုနှင့် ဆင်ပြီးတီးမှုတ်ပုံသာကွာလေ သည်။ပအိုဝ်းတို့၏ တယော်မှာ သစ်သားဖြင့်ပြုလုပ်၍ ကြိုးလေးကြိုး မှ ငါးကြိုး ခြောက်ကြိုးအထိရှိသည်။
တင်ခေါ် မယ်ဒလင်နှင့် လက်ဆွဲဘာဂျာလည်း ရှိသေး၏ တင် ခေါ် မယ်ဒလင်မှာလည်း သစ်သားကိုထွင်းပြီး
ပြုလုပ်ကြသည်။ ကြိုးသုံးချောင်းတပ်ထား၏ ။ တကွာဝါ နှင့် တကွာပစီ မှာ ပါးစပ်ဖြင့် မှုတ်လေ့ရှိကြသည်။
တကွာဝါ မှာ ၀ါးဖြင့် ပြုလုပ်ထား၍ တကွာပစီ မှာ သံခွေကောက်နှင့် ကြေးပြားတပ်ထား၏ အမျိုးသမီးများ ယာ
လုပ်ငန်း ၊ခြံလုပ်ငန်း ဆင်းချိန်တွင် လည်းကောင်း ၊ ကာလသားများ လူပျို လှည့်ချိန်တါင် လည်းကောင်း
မှုတ်လေ့ရှိပြီး ၊ ၀ီ ၀ီ ဟုမြည်၏ မှုတ်သူ၍ လေအလျော့အတင်း၊နှုတ်ခမ်းအဖွင့်အပိတ်ကိုလိုက်၍ အသံတိုရှည်
ထွက်လေသည်။

ပီပလွီ ၊ တောင်လစ် ပီပထုံ တို့မှာ ၀ါးဖြင့် ပြုလုပ်ထားသော တူရိယာများဖြစ်၏ ပီပလွီ မှာ မြန်မာ ပလွေနှင့် ဆင်၏ သို့သော် အသံကွာခြားသည်။ နွားကျောင်းချိန် ခြံယာဆင်းချိန် အားလပ်ချိန်တို့တွင် အမျိုးသားများ မှုတ်လေ့ရှိကြသည်။ တောင်းလစ် မှာ ၊ တဆစ်ဝါး ခေါ် ၀ါးရှည်ဖြင့် ပြုလုပ်၍  ထိပ်အစွန်းပိုင်း၌ ဘူးသီးခြောက်
တပ်ဆင်ထား၏ ပီပလွီ ထက်  အသံပိုစုံသဖြင့် နားထောင်၍ ပိုကောင်း၏ လူပျို များနှစ်သက်ကြသည်။
ညဘက် လူပျို လှည့်သည့်အခါ ညသန်းခေါင် တိတ်ဆိတ်ချိန်တွင်  မှုတ်လေ့ရှိသည်။ တောင်းလစ် မှာလည်း
တဆစ်ဝါးခေါ် ၀ါးရှည်ဖြင့် ပြုလုပ်ပြီး လူပျို ကာလသားများ နွားကျောင်းချိန်တွင်  မှုတ်လေ့ရှိသည်။
ကလေးများလည်းမှုတ်လေ့ရှိကြသည်။ အထက်ပါ ရိုးရာ တူရိယာများမှာ တဖြည်းဖြည်းပျောက်ကွယ် သွားလေပြီ။

ပအိုဝ်းတိုင်းရင်းသား တို့တွင် တူရိယာနှင့် တွဲဖက်ပြီး သီဆိုသော သီချင်းဟူ၍ မရှိသလောက် ပင်ဖြစ်သည်။
သီဆိုသော သီချင်းများမှာ သီချင်းဟု ခေါ်ရငြားသော်လည်း ငေါင်းတွယ် ခေါ်လင်္ကာများ ပင်ဖြစ်သည်။ မယ်ဒလင် ၊ ဘာဂျာ တူရိယာများ ကို လူပျိုလှည့်သော အခါ မှသာ တီးမှုတ်လေ့ရှိသည်။ ယခုခေတ် အခါတွင်
ကား မယ်ဒလင် တူရိယာ ဖြင့်လူပျိုလှည့်ခြင်းကို မတွေ့ရသလောက် ပင်ဖြစ်၏ ဘာဂျာဖြင့် လူပျိုလှည့်ခြင်းကို
အချို့ ကျေးလက် တောရွာများအနည်းငယ် သာရှိနေပေသးသည်။

0 comments:

Post a Comment