အက

ပအိုဝ်းတိုင်းရင်းသားတို့၏ အကတွင် သိုင်းအကနှင့် ရိုးရာ အကဟူ၍ ခွဲခြားနိုင်သည်။ မောင်းဆိုင်း တီးသည့် အခါ တွင် အမျိုးသားများက သိုင်းကွက် နင်း၍ ကလေ့ရှိကြသည်။ ထုံထိန်း အိုးစည်နှင့် ထုံရော ပဲ ခေါ်ရှမ်းအိုးစည် ကို တီးသည့်အခါတွင် အမျိုးသားရော အမျိုးသမီးပါ ဒူးတစ်ဘက်ညွတ်ပြီး လက်ကလေး မြောက်ကာ မြောက်ကာ နှင့် ကလေ့ရှိကြသည်။ ဤအကမှာ ရိုးရိုးနှင့် တစ်မျိုး ယဉ်သည့်အပြင် အခြား ကချင်သည့် မည်သူမဆိုဝင်ရော၍ ကနိုင်လေသည်။အချို့အမျိုးသားများမှာ တစ်ယောက်နှင့်တစ်ယောက် သိုင်းကွက်များဖြင့် ကလေ့ရှိကြ၏ ယခု ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီများက ကြီးမှူး၍ ခေတ်လူငယ်များသည် မိမိတို့ ဓလေ့ရိုး ရာကိုအခြေခံပြီး ခေတ်နှင့် ညီအောင် ခေတ်သစ်အကများကို တီထွင်၍ ကကြ လေသည်။

0 comments:

Post a Comment