undefined undefined
အမျိုးသမီးဝတ်စုံ
ပအိုဝ်းသမိုင်းအမျိုးသားဝတ်စုံသည်ရှမ်းနှင့်တူသော်လည်း အမျိုးသမီးဝတ်စုံမှာ ရှမ်းအမျိုးသမီး ၀တ်စုံများနှင့်မတူပေ
တစ်မူထူးခြား နေ၏ ပအိုဝ်းတိုင်းရင်းသားတို့သည် အဖ၀ိဇ္ဇာ ၊ အမိ နဂါးမ မှဆင်းသက်လာသည်ဟု ယုံကြည်ထားကြသဖြင့် ယခုထက်တိုင်ဆင်ထုံးဖွဲ့နေသော အမျိုးသမီး ၀တ်စား ဆင်ယင်ပုံသည် နဂါးနှင့်တူလှပေသည်။ ပအိုဝ်းအမျိုးသမီးဝတ်စုံတွင်ခေါင်းပေါင်းအပါအ၀င် အင်္ဂါငါးရပ်ရှိလေသည်။ အနက်ရောင်အပေါ်သင်တိုင်းအင်္ကျီ၊အင်္ကျီလက်ရှည်အနက်၊လက်မောင်းစွပ်အနက်၊ထမီအနက်၊ခြေသလုံးပတ် သနက်စသည်ဖြင့် အဆင်သင့် ၀တ်ဆင်ကြသည်။ခြေသလုံးမှ မျက်စိအထိနှစ်ဖက် စလုံးတွင်အနက်ရှိသော အ၀တ်ဖြင့် ပတ်ထား လေသည်။ ယင်း၏အထက်တွင် ထမီ အနက်ကို ဒူးအောက်နားအထိလည်းကောင်း ၊လုံခြည်အပေါ်တွင်သင်တိုင်းကိုထပ်၍လည်းကောင်း၊အပေါ်ဆုံးတွင်ခါးတိုအင်္ကျီကိုလည်းကောင်းအဆင့်ဆင့် ၀တ်ဆင်ထားပေသည်။
ဤသို့အထပ်ထပ် ၀တ်စားဆင်ယင်မှုသည်နဂါး၏ အကြေးခွံအသွင် ကို ဆောင်သည်ဟု ဆိုလေသည် ။
ဆံထိုးအ၀ိုင်းနှင့်အချွန်နှစ်ခု အနက် အချွန်မှာ နဂါးမ၏ အမောက်နှင့်တူစေရန်ဖြစ်သည်။အ၀ိုင်းမှာနဂါးမ၏
မျက်စိနှင့်တူစေရန်ဖြစ်၏
အမျိုးသမီးများ၏ ဦးခေါင်းထက်တွင် ဆံပင်ကို အလယ်တည့်တည့်တွင်လည်းကောင်း၊ အနည်းငယ်စောင်း
၍လည်းကောင်းထုံးထားကြ၏ ဤသို့ထုံးခြင်းမှာ ဘုရားတရားကို ဦးထိပ်ထားသည့် သဘောပင်ဖြစ်သည်။
ဦးခေါင်းကိုတဘက်ဖူးစောင်ဖြင့်ပေါင်းထားတတ်ကြသည်။ရှေးကမူ ပိုးထည်ကိုသုံးကြသည်။ပိုးထည်တဘက်
ကိုပွဲလမ်းသဘင်များ၌သာ ပေါင်းတတ်ကြသည်။ ထိုပိုးထည်တဘက်မှာ အရှည် ငါးတောင်ခန့်ရှိ၏ ရှေးက
အညိုရင့်ရောင်ကတ္တီပါတဘက်များကိုလည်းကောင်း၊သိုးမွေးဖြင့်ရက်လုပ်ထားသောတဘက်ကိုလည်းကောင်း သုံးခဲ့ကြသည်။ ယခုအခါအဆင်အမျိုးအမျိုး ပေါ်ပင်တဘက်များကို အသုံးပြုလေသည်။
ဦးခေါင်းပေါ်တွင် ခေါင်းပေါင်းတဘက်ပေါင်းထားသည့်ပြင် ၊ ကတူဆဲ့ ခေါ်ဆံထိုး နှစ်ခုကိုလည်း စိုက်ထိုး
ထားကြသည်။ တစ်ခုမှ ငှက်ပျော်ဖူးပုံသဏ္ဍာန်ဆောင်၍ တစ်ခုမှာ ကွမ်းသီးအရွယ်ရှိ အလုံးဖြစ်သည်။
ငှက်ပျောဖူး ပုံသဏ္ဍာန်ဆံထိုးကို မိခင်နဂါးမ၏ အမောက်သဖွယ်အဖြစ်လည်းကောင်း ရည်ရွယ်၍ ဆင်ယင်
ကြခြင်း ဖြစ်လေသည်။ဆံထိုးကို ပွဲလမ်းသဘင်ရှိသောအခါမှသာ ဆံထုံးတွင် ထိုးစိုက်ဆင်ယင်ကြသည်။
ဆံထိုးကို ပန်းခက်ပန်းနွယ် များဖြင့်ဖော်ထား၏
ရှေးက ငွေဆံထိုးကိုဝတ်ဆင်ကြ၏ ငွေဆံထိုးမှာ အလေးချိန် နှစ်ကျပ်သားခန့်ရှိသည်။ ငွေဆံထိုးကို
ငွေကြေးမတတ်နိုင်သူများက ၀တ်ဆင်ကြသည်။ ယခုအခါတွင် ရွှေဆံထိုးများကိုသာဝတ်ဆင်ကြတော့၏
ငှက်ပျောဖူးပုံ သဏ္ဍာန် ငှက်ပျောဖူးအချွန် ရွှေအလေးချိန် သုံးကျပ်သားမှ သုံးကျပ်ခွဲအထိရှိလေသည်။
ကွမ်းသီးလုံးပုံဆံထိုးမှာရွှေငါးမူးသားခန့် ရှိလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ငှက်ပျောဖူးပုံသဏ္ဍာန်
ရှိသောဆံထိုးကို ဆံထိုးရှည်ဟုလည်းကောင်း၊ ကွမ်းသီးလုံးပုံသဏ္ဍာန်ရှိသော ဆံထိုးကို ဆံထိုးတို ဟုလည်း
ကောင်း ခေါ်လေသည်။ ဆံထိုးများ ကို ရွှေအနီရောင် တင်ထားလေသည်။
ပအိုဝ်းအမျိုးသမီးများ၏နားတွင် ရွှေနားတောင်း၊ရွှေပြားလိပ် နားတောင်းတို့ကို ပန်ဆင်ထားကြ၏ နား
တောင်းကိုပအိုဝ်းတိုင်းရင်းသားတို့က ပေလာထူ ဟုခေါ်သည်။ ပေလာ ခေါ်နားတောင်းကိုအချို့ကရွှေပြား
ဖြင့်ပြုလုပ်ပြီး၊အချို့ကရွှေပြားလိပ်သဏ္ဍာန် အပွ ပြုလုပ်ကြသည်။ ရွှေပြားမှာအလျားတစ်ပေခန့်ရှိပြီး၊အနံ
တစ်လက်မခန့်ရှိလေသည်။ရှေးအခါက ပအိုဝ်းအမျိုးသမီးများသည် နားပေါက်ကျယ်သဖြင့် ရွှေပြားလိပ်နား
တောင်းကိုပန်ဆင်ကြသည်။နားပေါက်ကျဉ်းသူများမှာ နားသန်သီးကိုသာ ပန်ဆင်ကြ၏
ပေလာထူခေါ်နားတောင်းကို ပြုလုပ်ကြသောရွှေမှာ ပုရပိုက်ရွှေဖြစ်သည်။နားတောင်းတစ်ဖက် လျှင်
ခြောက်ကျပ်သားခန့်ရှိလေသည်။အချို့က နားတောင်းအောက်တွင်နားသန်သီးကို ဆက်ဆွဲကြသေး၏ နား
သန်သီးမှာ နှစ်ကျပ်သားခန့်ရှိလေသည်။အချို့ငွေကြေးချမ်းသာသူများမှာ နားတစ်ဘက်တွင် နားသန်သီး
သုံးခုအထိဆွဲတတ်ကြသည်။ထို့ကြောင့်နားတောင်းက ခြောက်ကျပ်သားနားသန်သီးသုံးခုက ခြောက်ကျပ်
သား ပေါင်း ဆယ့်နှစ်ကျပ်သားခန့်ဆွဲကြသည်။ လေးလံလွန်းသဖြင့်အနေအထိုင်ကျဉ်းကျပ်စေသည်
သို့သော်လည်း မြတ်စွာဘုရား၏ တရားတော်ကို နားမှအစဉ်ပန်ဆင်သည့်သဘောဖြင့် အမြတ်တနိုးပန်ဆင်
ကြသည်။ ဤသို့ရွှေလိပ်နားတောင်းများ၊နားသန်သီးများကိုဝတ်ဆင်ထားခြင်းသည် အနေအထိုင် ကျဉ်း
ကျပ်စေသဖြင့် ပေလိပ်သဏ္ဍာန်အပွနားတောင်းကို ၀တ်ဆင်ကြတော့သည်။ အချို့မှာနားရွက်အပေါက်
ဟောင်းလောင်းဖြစ်နေသဖြင့် မြို့ပေါ်ဆေးရုံများသို့တတ်၍ ပြန်ချုပ်ကြ၏
ရှေးကအမျိုးသမီး များသည် ငွေလက်ကောက်ကိုဝတ်ဆင်ကြသည် ငွေကောက်မှာ အလုံးရောအပြားပါ
ရှိလေသည်။ရှေးကလက်နှစ်ဖက်စလုံးတွင် တစ်လမ ခန့်ရှိသော ငွေလက်ကောက် ကို ၀တ်ဆင်ကြသည်။
လက်တစ်ဘက်တွင်လေးခုခန့်ဝတ်ဆင်ထားကြသည်။ ထို့ကြောင့်အမျိုးသမီးများ စပါးထောင်းလျှင် ငွေလက်
ကောက်ပွတ်တိုက်သံများကို ကြားနေရတတ်သည်။ ယခုအခါငွေလက်ကောက်ကိုဝတ်ဆင်ခြင်း မတွေ့ရတော့ခြေ။ငွေလက်ကောက်အစားရွှေလက်ကောက်များဝတ်ဆင်လာကြသည်ကိုတွေ့ရသည်။
ရှေးအခါကအမျိုးသမီးများသည် ခြေသလုံးအထက် ဒူးဆစ်အောက်နားတွင် တောင်ခံ ခေါ်ဘော်ခြေကျင်း
များကိုဝတ်ဆင်ကြ၏ တောင်ခံမှာ တစ်ခမခန့်ရှိသောငွေ(၀ါ) ဘော်ဖြင့်ပြုလုပ်ထားသော အကွင်းဖြစ်၏
ထိုငွေကွင်းမှာ တစ်ကွင်းလျှင် ငါးမတ်သားမှ နှစ်ကျပ်သားခန့်အထိရှိ၏ ထိုငွေကွင်းများကိုကြိုးဖြင့်သီကာ
ဝတ်ဆင်ကြလေသည်။ ခြေတစ်ဘက်လျှင်ကြိုးဖြင့် သီထားသော ကွင်း တစ်ကွင်းမှ နှစ်ကွင်းထိ ၀တ်ဆင်ကြ
၏ ယင်းခြေကျင်းများမှာ ခြေနှစ်ဘက်လျှင် နှစ်ပိဿာမျ နှစ်ပိဿာခွဲအထိရှိလေသည်။တောင်ခံခေါ်သွေ
ခြေကျင်းများ ကိုဝတ်ဆင်ထားလျှင် လမ်းလျောက်ရာ၌ လေးလံပြီး ခရီးကြန့်ကြာစေသည်။
ထို့ကြောင့်ခေတ်သစ်ပအိုဝ်းများသည် လေးလံလွန်း ၍ ၀တ်ဆင်ခြင်းမပြုကြတော့ပေ။ငွေခြေကျင်း
အစား ဒန်ခြေကျင်းနှင့် ဗိုလ်ပွားကြိုး ခေါ်ချည်ကြိုးကိုသာဝတ်ဆင်ကြတော့၏ တောင်ခံကို ရှေးကျသော
ကျေးရွာများ၌ လည်းကောင်း ၊ပွဲလမ်းသဘင်ရှိသေ နေရာများ၌ လည်းကောင်း အချို့ဝတ်ဆင်နေကြပေ
သေးသည်။
Labels: ယဉ်ကျေးမှုနှင့်စာပေ
0 comments: