ပအိုဝ်းနှင့်မွန်

  သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့် နီးကပ်စွာဆက်ဆံနေထိုင်ခဲ့ကြ
သည်ဟုဆိုင်နိုင်သည်။ ဦးဘသန်း၏ကျောင်းသုံးမြန်မာရာဇ၀င်တွင် ဆာဂျွန်ဂျာဒင်း၏အလိုအရ မွန်လူမျိုးတို့ မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကို နှင်ထုတ်ရသည်ဟု ဖော်ပြထားသည်။

        ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့်ပင်စုံတောရဆရာတော်၏ သုဝဏ္ဏပကာသနီကျမ်း စာအုပ်တွင်
မနုဟာမင်းသည် အရမညမင်း၏သားတော်ဖြစ်၏ အရမညမင်း၏ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟု ရေးသားဖော်ပြထားပေသည်။
    အထက်ပါအကြောင်းအရာများကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားနှင့် မွန်တိုင်းရင်းသားတို့သည် အောက် မြန်မာပြည်တွင် ချစ်ခင်ရင်းနှီးစွာ ရောယှက်နေထိုင်ခဲ့ကြကြောင်းထင်ရှားပေသည်။ ယနေ့တိုင်အောင်ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်လူမျိုးတို့နှင့်မွန်ပြည်နယ်၊ကရင်ပြည်နယ်ဒေသများတွင် အချင်းချင်းရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေထိုင်လျက်ရှိကြပေသည်။
               အချို့သက်ကြီးရွယ်အို ပအိုဝ်းတိုင်းရင်းသားများက တောင်သားလူမျိုးများသည် ပအိုဝ်းတိုင်းရင်း သားအနွယ်ဟု ယူဆပြောဆိုကြသော်လည်း တောင်သားတို့သည် ပျူအနွယ်ဟုယူဆခြင်း၊ပအိုဝ်းတို့နှင့် ဘာသာစကားတူညီမှုမရှိခြင်းတို့ကြောင့် တောင်သားလူမျိုးသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ပေလိမ့်မည်။
                  

0 comments:

Post a Comment