မိုင်းကိုင်မြို့

   မိုင်းကိုင်မြို့နယ်တွင်ပအိုဝ်းကျေးရွာများသည် အများအားဖြင့်တောင်စောင်း၊ဆင်ခြေလျှောတွင်တည်ရှိကြ
သည်။တောင်၏အရှေ့ဘက်တွင်ကျေးရွာပိုများသည်။အိမ်များကို အင်သားထင်းရှူးသားများဖြင့်   ဆောက် လုပ်ကြ၏   ရွာများမှာ အိမ်ခြေ ၂၀ မှ ၅၀အတွင်းရှိပြီးအနှံ့အပြားတည်ရှိကြသည်။တစ်ရွာနှင့်တစ်ရွာ ပျှမ်းမျှ ငါးမိုင်ကွာဝေးသည်။
  မိုင်းကိုင်ဒေသတွင်မိုးနည်း၍လေထန်၏မြေမှာနီညိုအမျိုးအစားဖြစ်သည်။လမ်းပန်းအဆက်အသွယ်ညံ့ဖျင်း
သဖြင့် ကုန်ပစ္စည်းများကို လားဝန်တင်၊မြင်းဝန်တင်၊ပခုံးထမ်းများဖြင့်သယ်ယူကြရသည်။စီးပွားရေးမဖွံ့ဖြိုး
သည့်အပြင် ပညာရေးလည်းနိမ့်ကျ၏ မူလတန်းကျောင်းအနည်းငယ်သာရှိသည်။



                       

0 comments:

Post a Comment