ဝတ်စားဆင်ယင်မှု

 တိုင်းရင်းသားလူမျိုးများဖြစ်ကြသည့်ရှမ်း၊ကချင်၊အင်းသား၊တောင်ရိုး၊ကယား၊၀နှင့်ပအိုဝ်းတိုင်းရင်းသားတို့၏
ဝတ်စုံမှာနည်းနည်းဆီစီးဆင်းလာသည်။အောက်မြန်မာပြည်ရှိပအိုဝ်းတိုင်းရင်းသားတို့သည်မြန်မာကဲ့သို့ပင်ဝတ်
ဆင်ကြလေသည်။ရှမ်းပြည်နယ်ရှိပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ဝတ်စုံကိုအများဆုံးဝတ်ဆင်ကြ
လေသည်။အနက်ရောင်ကိုဝတ်ဆင်ကြခြင်းမှာအနက်ရောင်သည် အပူကိုစုပ်ယူနိုင်ခြင်း၊အေးမြသောရာသီဥ
တုဒဏ်ကိုကာကွယ်နိုင်ခြင်း၊ပေရေစွန်းထင်းမှုသက်သာခြင်း စသည်တို့ကြောင့်ဖြစ်မည်ဟုယူဆရပေသည်။
 ရာသီဥတုဒဏ်ကိုခံနိုင်သည်ဟုဆိုသဖြင့်ပအိုဝ်းတိုင်းရင်းသားတို့သာမက အခြားတိုင်းရင်းသားများပါအနက်
ရောင်းကိုမ၀တ်ဆင်ကြသလောဟုမေးစရာရှိပေသည်။ပအိုဝ်းတိုင်းရင်းသားတို့သည် ပိုမိုမြင့်မားသောတောင်
ထိပ်များတွင်နေထိုင်ကြသောကြောင့် တောင်ပေါ်ဒေသသည်မြေနိမ့်အရပ်ထက် နွေးဓာတ်နည်းပါး၏
ထို့ကြောင့်အနက်ရောင်ရှိသောအ၀တ်စားများကို ၀တ်ဆင်ကြခြင်းဖြစ်မည်ဟု ယူဆရပေသည်။ရှမ်းပြည်နယ်
တွင်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကြသူများမှာပအိုဝ်း၊တောင်ရိုး၊လီရှောစသည်တိုင်းရင်းသားများပင် ဖြစ် သည်။  အရောင်တူသော်လည်း ၀တ်စားဆင်ယင်ပုံချင်းကွာလေသည်။
     ပအိုဝ်းတိုင်းရင်းသားတို့သည်ခြံလုပ်ငန်းလယ်ယာလုပ်ငန်း တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြ
သဖြင့်အေးမြသောတောင်ပေါ်ဒေသတွင်နေ့စဉ်ရွံ့များပေကျံမှုကို တွေ့ကြုံကြရ၏ အနက်ရောင်ကို
ဝတ်ဆင်ထားခြင်းဖြင့် ပေရေမှုကိုသက်သာစေသည်။အနက်ရောင်သည်ပအိုဝ်းတိုင်းရင်းသားတို့၏မူပိုင်
အရောင်သဖွယ်ဖြစ်နေပေသည်။
  ပွဲနေပွဲထိုင်ဝတ်စုံများကိုလည်း အနက်ရောင်ဖြင့်သာချုပ်လုပ်ဝတ်ဆင်ကြ၏ ၀တ်ဆင်ရာတွင်လည်းအဖိုး
ထိုက်တန်သော အမျိုးအစားများကိုသာချုပ်သာ ၀တ်ဆင်ကြသည်။အထူးသဖြင့်သက္ကလပ်အမဲများကိုဝတ်
ဆင်ကြ၏ ရှေးက အနက်ရောင်ရှိသောပိုး၊ဖဲများကိုပင် ၀တ်ဆင်ခဲ့ကြ၏ အမျိုးသားဝတ်စုံသည်ကာလတန်ဖိုး
အားဖြင့် ကျပ် တစ်သိန်း ၊အမျိုးသမီးဝတ်စုံသည် ကာလတန်ဖိုးအားဖြင့်ကျပ် တစ်သိန်း ကျော်ကျော် လောက်ရှိ၏ ဤမျှတန်ဖိုးရှိသောပွဲနေပွဲထိုင်ဝတ်စုံမျိုးကို ဆင်းရဲနွမ်းပါးသူများပင် တစ်စုံစီရှိအောင်ဝယ်ထား
ကြ၏ အမျိုးသားရောအမျိုးသမီးဝတ်စုံးများကိုပါ မိမိတို့ကိုယ်တိုင်မချုပ်လုပ်တတ်သဖြင့်ဝယ်ူကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ကိုညီညာစွာဝတ်ဆင်ကြသဖြင့်ဂုဏ်တုဂုဏ်ပြိုင်များ ကင်းသည်
ကိုတွေ့ရပေသည်။ ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဝတ်ဆင်သော အ၀တ်အစားအနက်ကို
ကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ခဲ့ကြသည်။ဝါကိုကိုယ်တိုင်စိုက်၍၊ကိုယ်တိုင်ဖန်ကာ ကိုယ်တိုင်ဗိုင်းငင်ရသည်။ဝါ
ချည်ဖြင့်ပင်အထည်ရက်လုပ်ကြသည်။ဝါချည်ဖြင့်ရက်လုပ်ထားသော အဖြူရောင်ချည်ထည်ကို အနက်
ရောင်ဆိုးယူကြသည်။
      အနက်ရောင်ဆိုးပုံမှာ မဲနယ်ပင်၏အရွက်များကိုခူးယူ၍ပုံးသို့မဟုတ် အိုးထဲတွင်ထည့်ကာ လေးငါးည
စိမ်ထားရသည်။မဲနယ်ရွက်များပုပ်လာသောအခါထုံးဖြင့်ရော၍ချေရသည်။ချေပြီးသောမဲနယ်ရွကိုမူပစ်လိုက်
သည်။ထုံးနှင့်မဲနယ်ရွက်တို့ရောနယ်ထားသောအရည်ကို အဖြူရောင်အမြုပ်ထွက်သည်အထိ မွှေပေးရသည်
ထိုင်နောက်အနည်ထိုင်အောင်ထားပြီး၊ အပေါ်မှအရည်ကြည်ကိုသွန်ထုတ်လိုက်သည်။ကျန်ရှိသောအနည်မှာ
အနက်ရောင်ရှိလေသည်။
   တစ်ဖန်ပအိုဝ်းအခေါ်မုန်းရွက်(အမွေးရှိသောအရွက်တစ်မျိုး)ကိုပြာဖြင့်ရောပြီး သုံးညခန့်ရေစိမ်ရသည်။
သုံးညခန့်စိမ်ပြီးနောက်မုံးရွက်များကိုအရည်ရအောင်ညစ်ယူ၏ ထိုအရည်ကို စောစောကပြုလုပ်ထားသော
အနည်းဖြင့်သုံးညခန့်ပြန်စိမ်ရသည်။
   ထိုအရည်ကို တုတ်ချေုာင်းဖြင့်မွှေ၍အ၀ါရောင်အရည်ဖြစ်လာပါက ဆေးဆိုးနိုင်လေသည်။ထိုသို့တုတ်
ချောင်းဖြင့်မွှေရာတွင် အရည်မှာ အ၀ါရောင်ရှိသော်လည်းအမြုပ်မှာအပြာရောင်ရှိလေသည်။တုတ်ချောင်း
ဖြင့်မွေရာတွင အမြုပ်မထွက်ပါက အရောင်ဆိုး၍မရသေးပေ။ဤအရည်ကိုရသောအခါ ရက်လုပ်ထားသော
အဖြူရောင်အထည်ကို ရေဖြင့်လျှော်ပြီး အနက်ရောင်ဆေးဆိုးနိုင်သည်။တစ်ကြိမ်ဆိုးပြီးတိုင်း ရေဖြင့်လျှော်
ရ၏ ထိုနောက်နေလှန်းရ၏ ခြောက်လာသောအခါညတွင်တစ်ခါပြန်ဆိုးပြီး၊ရေဖြင့်လျှော်ကာတစ်ဖန်ပြန်
နေပြန် လှန်းရသည်။ ဤသို့ဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ဖြင့် လေးရက်ရှစ်ကြိမ်ဆိုးရပေသည်။
     အနက်ရောင်အထည်ကိုရပြီးဖြစ်သော်လည်း ဆေးဆိုးသည့်လုပ်ငန်းကို မပြီးသေးချေ။ ပအိုဝ်းအခေါ်စွံ
ပင်၏အခေါက်ကိုယူ၍၊ သုံးရေတစ်ရေ ရအောင်ကျိုသည်။ ထိုအရည်ကိုအအေးခံပြီး အနက်ရောင်ဆိုးပြီး
သောအထည်ကိုဆိုးရသည်။အခြောက်လှန်းပြီးနောက် ကျွဲသားရေကိုအရည်ကျိုပြီး၊ထိုကျွဲသားရေဖြင့်ဆိုးရ
ပြန်သည်။ကျွဲသားရေရည်ဖြင့်မစိမ်ခင်၊ သဲမပါသောအရောင်မွဲသည့်ရွံ့ထဲတွင် နစ်ပြီးမှ ကျွဲသားရေရည်ဖြင့်
ဆိုးပါက ပို၍နက်သောအရောင်ရရှိသည်။
   အနက်ရောင်အထည်ကိုရပြီးသည့်နောက် ထိုအထည်ကို ရေနွေးငွေ့ဖြင့် ပေါင်းခံရသည်။ရေနွေးငွေ့ဖြင့်
ပေါင်းခံပြီးအခြောက်လှန်းရ၏ ခြောက်လာသောအခါ ပထမဆုံး အနက်ရောင်စဆိုးသည့် အရည်ဖြင့်သုံး
ကြိမ်ဆိုးရသေးသည်။တစ်ခါဆိုးပြီးတိုင်းအခြောက်လှန်းကာ သုံးကြိမ်ဆိုးရသည်။ဤအကြိမ်မှာနောက်ဆုံး
အကြိမ်ဖြစ်၏ဤအကြိမ်ဆိုးပြီးသောအခါ ပိတုန်းရောင်ကဲ့သို့သော အနက်ရောင်အထည်ကိုရရှိလေသည်။
   ရှေးအခါက မိမိတို့ဝတ်ဆင်ရန် အထည်များကို လက်ဖြင့်ချုပ်လုပ်ဝတ်ဆင်ကြ၏ အထည်ချုပ်ရန်ချည်များ
ကိုလည်းကိုယ်တိုငင်ယူကြသည်။ပအိုဝ်းအမျိုးသမီးတို့ဗိုင်းငင်ထားသောချည်များကို ယခုခေတ်အက်ချုပ်
စက်ဖြင့်ပင်ချုပ်နိုင်သည်။ထို့ကြောင့်ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင် အထည်များကို
ဝတ်ဆင်နိုင်ရေးအတွက်ပင်ပန်းစွာ အဆင့်ဆင့်ဆေးဆိုးယူရပေသည်။ယခုအခါတွင်မူရှေးကကဲ့သို့ ပင်ပန်း
စွာဆေးဆိုးမယူရတော့ဘဲအနက်ရောင်အထည်များကိုအလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။

0 comments:

Post a Comment