အိုးစည်အင်္ဂါ

ရှမ်းအိုးစည်၏ မျက်နှာပြင်သည်တစ်ပေခန့်ရှိပြီး အရှည်မှာ လူတစ်ရပ်သာသာရှိ၏ ရှမ်းအိုးစည် တီးဝိုင်းတွင် အိုးစည်းတစ်လုံး ၊လင်းကွင်းတစ်စုံနှင့် မောင်းခုနှစ်လုံးမှ ကိုးလုံး အထိပါလေ့ရှိ၏ ဤ ပစ္စည်းများပါမှ ရှမ်းအိုး
စည်ဝိုင်း၏ အင်္ဂါပြည့်စုံသည်။ အိုးစည် အကြီး အငယ်ပေါ်တွင် မူတည်၍ မောင်းကိုထည့်ကြ၏ အိုးစည်ကြီးပါက
အိုးစည်သံနှင့်လိုက်ဖက်အောင်  မောင်းကိုးလုံးအထိပါတတ်၏ ပအိုဝ်းတိုင်းရင်းသာတို့ တီးသောအိုးစည်သည်
အခြားတိုင်းရင်းသားတို့တီးသောအိုးစည်ထက် ပို၍ကြီး၏ ပအိုဝ်းတိုင်းရင်းသားတို့ အိုးစည်တီးရာတွင် အခြားတိုင်းရင်းသားတို့ကဲ့သို့  မမြန်ဘဲ နှေးနှေးတီးသည်ကို တွေ့ရ၏ ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် လင်းကွင်းငယ်ကိုလည်း မောင်းသံနှင့်အညီထည့်၍ တီးသည်ကိုတွေ့ရသည်။

ရှမ်းအိုးစည်သည် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးတို့၏ အဓိကအတီးအမှုတ်အဖြစ် ယနေ့တိုင်တည်ရှိနေဆဲ
ဖြစ်သည်။ နောင်တွင်လည်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအကများ နှင့်တွဲဖက် “ထုံဗေ ထုံဗေ” ဖြင့်တီးနေကြဦးမည်သာ ဖြစ်ပေသည်။

0 comments:

Post a Comment