ကဗျာလင်္ကာရွတ်ဆိုခြင်း

ကဗျာလင်္ကာရွတ်ဆိုသောအလေ့အထသည် တိုင်းရင်းသားတိုင်းတွင် ရှိသော ရှေးကျသည့် အလေ့အထ တစ်ခုဟု ဆိုနိုင်သည်။ မောတောင်တန်းပျော်တိုင်းရင်းသားတို့ဖြစ်ကြသောရှမ်း၊ပအိုဝ်း၊ဓနု ၊တောင်ရိုး၊ အင်းသား အစရှိသည့် တိုင်းရင်းသားများတွင်လည်း ကဗျာ၊လင်္ကာ ရွတ်ဆိုပွဲများ ကျင်းပလေ့ရှိကြသည်။  ရွတ်ဆိုကြသည့်အခါ တွင်အမျိုးသားများကတစ်ဖက် အမျိုးသမီးများက တစ်ဖက် အနိုင်လုသည့်သဘောနှင့် ရွတ်ဆိုကြသည်။ကဗျာလင်္ကာများကို  မရွတ်ဆိုမီ  ဥာဏ်သွက်၊စကားသွက်စေရန် သူရဿသီ နတ်သမီးကို တိုင်တည်တတ်ကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း ရှင်ပြုပွဲများ ဆွမ်းလောင်းပွဲများတွင် လူပျို အပျိုများသည် တစ်ဘက်နှင့် တစ်ဘက် အပြိုင်အဆိုင် စကားပြောကြသည့်သဘောဖြင့် ကဗျာလင်္ကာများကို ရွတ်ဆိုကြသည်။ တစ်ယောက်ကတိုင်ပေးလျှင် အများက “နယ်ဟွေး  ဟွေ” ဟူ၍  တညီတညာတည်း လိုက်ဆိုကြသည်။ လူပျိုလှည့်သောအခါတွင်လည်း တစ်ဦးနှင့် တစ်ဦး စကားရည်သာအောင် မေတ္တာရှိပုံအစုံ အလင်ကို
ချစ်သာဓကပုံတင်၍ ကဗျာလင်္ကာသွားဖြင့် ရွတ်ဆိုကြသည် ပြောဆိုကြသည်။

0 comments:

Post a Comment