ကလေးချော့ကဗျာများ

 ပအိုဝ်းတိုင်းရင်းသားတို့တွင် ကလေးချော့ ကဗျာများရှိ၏ ကလေးချော့ကဗျာကို  မိဘနှင့် ညီအစ် ကို မောင် ဘွားများ က မိမိတို့ ညီလေးနှမထွေးများကို ချော့သိပ် သောအခါတွင် ရွတ်ဆိုတတ်ကြသည်။ အထူးသဖြင့် မိခင်က ကလေးကို ရင်ဝယ်ပိုက်၍ ကဗျာရွတ်ဆိုကာ ချော့သိပ်ကြသည်။

ပအိုဝ်းကလေးချော့ ကဗျာများကို ကျေးလက်တောရွာဒေသများ၌သာ တွေ့ရတော့၏ အချို့ကျေးရွာများ တွင်
ပျောက်ကွယ်လုနီးပါး ရှိနေသည်ကို ၀မ်းနည်းဖွယ် တွေ့ရပေသည်။ ပအိုဝ်းကလေးချော့ကဗျာများနောင် တွင်
ပျောက်ကွယ်သွားမည်ကိုစိုးရိမ်နေမိ၏ ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားကလေးချော့ကဗျာများကို  အခြားတိုင်း
ရင်းသားမရွတ်ဖတ်နိုင်သည့်တိုင် ပအိုဝ်းကလေးငယ်တိုင်းကိုရွတ်ဖတ်စေချင်သည်။ ရွတ်ဖတ်နိုင်လျှင်ကောင်း
သည်။ မရွတ်ဖတ်နိုင်သည်ဘဲထားဦး မပျော်ကွယ် မတိမ်ကောစေရန် အတွက် ထိန်းသိမ်းကြရ     မည်သာဖြစ်
ပေသည်။

ပအိုဝ်းကလေးချော့ကဗျာများသည်  ပအိုဝ်းသရုပ်ကိုဆောင်၏ ပအိုဝ်းတို့ပတ်ဝန်းကျင်     ကို ဖွင့်လှစ်ပြဘိသို့ရှိ
၏ ကဗျာ၏အသွင်မှာလည်း ပအိုဝ်းတို့၏ အသွင်ပင်ဖြစ်လေသည်။   ဤကလေးချော့  ကဗျာများကို မည်သည့်
စာဆိုကမျှရေးသားပြုစုခြင်းမဟုတ်။ ပအိုဝ်းတိုင်းရင်းသားမိခင်များက နှုတ်ဖြင့်လက်တန်း  ရွတ်ဆိုကာကလေး
ကိုချော့သိပ်ရာမှပေါ်ပေါက်လာခဲ့သည်။ ကလေးချော့      ကဗျာဟုဆိုရသော်လည်း ပအိုဝ်းတိုင်းရင်းသားတို့၏
လူနေမှုဘ၀ တစ်စိတ်တစ်ဒေသကိုလည်း သိမြင်ခွင့်ရလေသည်။ ကလေးချော့ ကဗျာများအနက် လက်လှမ်းမီ
သမျှကို  မြန်မာ လို တင်ပြ လိုပါသည် -----------

“ နှင်းရည်နဲ့တူတဲ့ မေမေ့သားရယ် တိတ်ပါတော့ မိုးပေါ်ကနေပြီး သိကြားမင်းရဲ့သြဇာသီးကျလာ
တယ်လို့ အမေအိမ်မက်တယ်၊ မျောက်ဥတွေကိုလည်းသိကြားမင်းက တာဝတိံသာနတ်ပြည်
ကနေယူဆင်းလာတယ်၊အရသာရှိပြီး ချိုမွှေးနေတဲ့ ဒီသစ်သီးတွေကို စားရတယ်လို့ အိမ်မက်
မက်တယ် တိတ်ပါတော့ ၊ရွှေပုခက်ပေါ်ကရှိတဲ့ ကတ္တီပါပေါ်မှာ အိပ်နေတဲ့ အမေ့သားရယ်
အမေပုခက်လွှဲပေးနေပါတယ် မိဘဆွေမျိုးများနဲ့ ဝေးကွာနေတဲ့ တောင်အထပ်ထပ်မှ ဒီလောက်
ကံဆိုးတာကို ဘယ်သူမြင်မှာလဲ ၊ ငိုရတမ်းတရတာတွေကိုလဲ ဘယ်သူကသိမှာလဲ အမေပဲချော့
နေရပါတယ် ၊ ဘယ်ဆွေမျိုးတွေက သားကိုလာချီမှာလဲ ၊ တောထဲမှာသစ်ပင် ၀ါးပင်တွေကထူထပ်
သမို့ မြို့နဲ့လုံးဝမတူဘူး ခုကြားနေရတဲ့ အော်သံမြည်သံတွေကတော့ ကြွက်တွေ၊ငှက်တွေရဲ့ အော်သံ
ပါ။ခဏလေးတိတ်ပါအုန်းသားရယ်၊ဘာဖြစ်နေတာလဲ၊ခဏလေးလောက်တောင် မအောင့်နိုင်တော့ဘူးလား
ကျောက်ဖျာပေါ်ကနေပြီး ငိုနေတာ သားကိုချော့ရတဲ့ အမေ့ကိုပဲ ပင်ပန်းနွမ်းနယ်စေတယ်၊တိတ်ပါအုန်းလား
သားတော်ရဲ့၊ဟိုး အပေါ် မှာ ကြည့်စမ်း ၊ သစ်ခွပန်းတွေ သစ်ပင်ပေါ်မှာ ပွင့်နေကြတယ်၊အပြာရောင်
အပွင့်တွေရော ၊အဖြူရောင်အပွင့်တွေရော စုံနေတော့တာပဲ ၊ အောက်ချင်းငှက်တို့ ဥဒေါင်းငှက်တို့ကလည်း
အော်မြည်တွန်ကျူးနေကြတယ်၊ မျောက်တွေကလည်းပျော်လွန်းလို့ ဟိုခုန် ဒီခုန်ကြလို့ ၊သစ်ပင်တွေ
လှုပ်နေတော့တာပဲ ၊ ခဏလောက်အငိုတိတ်ပြီး ၊ အိပ်ပါအုန်းလား လူလေးရယ်၊ အမေ့သားရယ် 
တိတ်ပါအုန်း မေမေ့သားရဲ့ ”

ဤကလေးချော့ ကဗျာသည် ပအိုဝ်းစာဖြင့်ရေးသားထားသော “အလောင်စောင်းသိင်ပွို” ပေစာမှာ ကောက်
နုတ်ထားသောကဗျာဖြစ်၏ ပအိုဝ်းစာဆိုတို့သည် ဘုရားဟောဇာတ်တော်များကို လင်္ကာသွားဖြင့်ရေးကြသည်
ကလေးချော့ခန်းပါလျှင် မိခင်က ကလေးကိုချော့သည် အခန်းကို လွမ်းစဖွယ်ကောင်းအောင် စာဆိုက သူ့
ဥာဏ်ဖြင့်ရေးကာ ထည့်သွင်းထား၏ ပေစာဖတ်ပြီး ကလေးချော့ကဗျာများကို အာဂုံဆောင်ထားကြသည်။
အချို့လည်းလက်တန်း ကဗျာများကို အချို့ဥာဏ်သွက်သူ အမျိုးသမီးများ ချက်ခြင်း အာဂုံဆောင်နိုင်လေ
သည်။
ပအိုဝ်းအမျိုးသမီးများသည် ပအိုဝ်းစာဟောဆရာများ က ဟောပြော၍ ကြားနာမှတ်သားခဲ့ရသည့် ကလေး
ချော့သီချင်းများဖြင့်လည်းကောင်း ၊မိမိတို့နှုတ်မှထွက်ပေါ်လာသည့် လက်တန်း သီချင်းများဖြင့်လည်းကောင်း
မိမိတို့ ကလေးများကို ချော့မြူနှစ်သိမ့်ကြသည်ကို လေ့လာ တွေ့ရှိရပေသည်။

0 comments:

Post a Comment