အိုးစည်အမျိုးမျိုး

ရှမ်းပြည်နယ်တွင် အိုးစည်ကို ယမနေသားဖြင့် ပြုလုပ်ကြသည်။ ယမနေသစ်သားဖြင့် ပြုလုပ်ရခြင်းမှာ ယမနေ သစ်သားသည် ပျော့သဖြင့် ထွင်းရလွယ်ကူသောကြောင့်ဖြစ်၏ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတို့ တီးကြသော အိုးစည်များမှာရှမ်းအိုးစည် ၊ဓနုအိုးစည်၊ထုံထိန်းအိုးစည်၊ အိုးစည်ကူး(အိုးစည်ကြီး) စသည် တို့ဖြစ်ကြသည်။  ရှမ်းအိုးစည်ကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတိုင်းလိုလို တီးလေ့ ရှိကြ သည်။  တောင်ကြီးမြို့ရှိ ရပ်ကွက် တိုင်းလိုလို၌ ရှိကြသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်မြဲဖြစ်သည်။ မီးပုံးပျံပြိုင်ပွဲ များ၌ဓနု အိုးစည်သံများဖြင့် တစ်မြို့လုံး ဖုံးလွှမ်းလျက်ရှိသည်။

ရှမ်းအိုးစည်မှာ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားတို့ အတီများကြ၏ ရှမ်းအိုးစည်ကို ပအိုဝ်းတိုင်းရင်းသားတို့က
“ထုံကွန်းယောက်” ဟုခေါ်သည်။ “ထုံကွန်းယောင်” မှာ ရှမ်းဘာသာစကားဖြစ်ပြီး  “ဗုံဖင်ရှည်” ဟုအဓိပ္ပာယ်ရပြီး  ဆီလျော်အောင်မူ “ကိုယ်ထည်ရှည်သောဗုံဟုပြန်ဆိုရပေမည်” ပအိုဝ်းတိုင်းရင်းသားတို့ သည်ရှမ်းအိုးစည်ကိုသာမက ထုံပတ်၊ထုံထိန်းကိုလည်း တီးကြသည်။ထုံပတ်မှာ နှစ်ဖက်ပိတ် အိုးစည်ဖြစ်၍
ရှေးအခါက မောင်းဆိုင်းဖြင့် တွဲ၍ တီးလေ့ရှိကြသည်။ ထုံပတ်အိုးစည်သည် အလျား ၅ ပေနှင့် လုံးပတ် ၁၅ ပေခန့်ရှိသည်။ တစ်ဘက်မှာ နည်းနည်းကြီးပြီး တစ်ဘက်မှာ နည်းနည်းငယ်၏

ထုံပတ်ကိုမောင်းဆိုင်းနှင့် တွဲ၍တီးရာတွင် ထုံပတ်တီးသူ၏ အချက်ပေးအိုးစည်သံကိုလိုက်၍ မောင်းများကို
တီးကြရသည်။ထုံထိန်းအတီးမှာ တတ်တတ်ကြွကြွရှိလှသည်။ထုံထိန်းအိုးစည်တီးသံသည် ဓနုအိုးစည်တီးသံ
နှင့် ဆင်လေသည်။

ဓနုအိုးစည်မှာ ဓနု တိုင်းရင်းသားတို့တီးသော ရိုးရာအိုးစည်ဖြစ်၏ ဓနုအိုးစည်သည်  ပအိုဝ်းတိုင်းရင်းသားတို့
၏ထုံထိန်းအိုးစည်နှင့် ဆင်လေသည်။ အိုးစည်ကူး  (အိုးစည်ကြီး)သည် အမည်နှင့် လိုက်အောင်ပင် ကြီး၏
ယင်းအိုးစည်၏ မျက်နှာပြင်သည် နှစ်ပေခန့်ကျယ်၏ အင်းသားတို့ တီးလေ့ရှိသော အိုးစည်ဖြစ်၏

0 comments:

Post a Comment