အိုးစည်ပုံပြင်
ပအိုဝ်းသမိုင်းရှေးကတောင်ကြီးခရိုင် ဆီဆိုင်မြို့တွင် ပါဝင်သည့် ဆန်းယဉ်နယ်တွင် ဘယကုမ္မာ မင်းသား စိုးစံ လျက်ရှိသည်။ ထိုအချိန်၌ တောင်ကြီးမြို့မြောက်ဘက် ခြောက်မိုင်အကွာ အုံအား ဒေသတွင် ပျားကြီး များမင်းမူလျက်ရှိသည် ဟုဆိုကြ၏ ထိုပျားကြီးတို့သည် ဆန်းယဉ်နယ်သို့ တစ်လတစ်ခါပျံသွား၍ လူတို့ကိုကိုက်ချီ စားလေ့ရှိသည် ပထမ လတွင် ယောင်္ကျားကိုစားပါက ဒုတိယ လတွင် မိန်းမကိုစား၏ ဘယကုမ္မာ မင်းသားသည် ပြည်သူတို့အား အိုး စည်တစ်လုံးကိုလုပ်ခိုင်း၏ အိုစည်တစ်နေရာတွင်မြားတစ်စင်း ၀င်သာထွက်သာသည့် အပေါက်ကိုဖေါက်ထား၏ထို့နောက် အိုးစည်အတွင်းသို့ လေထက်မြန်သည့် သူတစ်ယောက် ၊ ရေထက်အေးသည့် သူတစ်ယောက် မီးထက်ပူသည့် သူတစ်ယောက် ဆားထက်ငန်သည့်သူတစ်ယောက် စုစုပေါင်း လူလေးယောက်ကိုခိုအောင်းစေ သည်။
ဘယကုမ္မာမင်းသားသည် အမဲသတ်သမားတို့ထံမှ အမဲသွေးကို ယူစေ၍ ယင်းအမဲသွေးဖြင့် အိုးစည်ကိုသုတ် လိမ်းစေ၏ တစ်နေ့သောအခါတွင် ပျားကြီးတို့သည်လူကိုကိုက်ချီရန်ပျံဝဲလာကြ၏ထိုအခါသွေးဖြင့် နီရဲနေ
သော အိုးစည်ကိုမြင်လေရာ လူဟုထင်မှတ်၍ ကိုက်ချီသွားလေ၏ အုံအား ဒေသတို့ ရောက်သောအခါ ပျားကြီးတို့သည် အိုးစည်ကို လှည့်ပတ်၍ အမဲသွေးကို စားကြ၏ ဤသို့အမဲသွေးကိုလှည့်ပတ်စားရင်းဖြင့် အပေါက်နားသို့ရောက်သောအခါ အိုးစည်အတွင်း၌ ရှိနေသောလူတစ်ယောက်က မြားဖြင့်ပျား၏ ရင်ဝ ကို ပစ်လေရာ ပျားကြီးသေသွား၏ ထိုဒေသတွင် ပျားကြီး လိမ့်ကျသည့် နေရာ ယနေ့တိုင် ရှိနေသေးသည်ဟုဆို
၏
ပျားကြီးသေသွားသောအခါ အိုးစည်တွင်းမှ လူလေးယောက်တို့သည် အိုးစည်ကို ဖောက်၍ ထွက်လာကြ၏
လေထက်မြန်သည့်သူသည် အိုးကိုယူပြီး ထိုအိုးကို ရေထက်သည့်သူက ကိုင်သောအခါ ရေရရှိလာ၏ ထို့ နောက် ဆားထက် ငန်သည့်သူက အိုးတွင်းသို့ လက်ဖြင့်နှုက်သောအခါ ဆားဓာတ်ကို ရလေသည်။ မီး ထက်ပူသည့်သူက အိုးထဲသို့ လက်ဖြင့်နှိုက်သောအခါ ရေပွတ်လာ၏ ထို့နောက် ပျား၏အသားကို ထည့်၍
ပြုတ်ကာ ပျား၏ အသားကိုစားကြသည် ဟူ၏ ဤသို့ပျားကြီး၏ ရန်ကို နှိမ်နှင်းရာမှ အိုးစည်ပေါ်ပေါက်ခဲ့သည်
ဟု ပအိုဝ်းတိုင်းရင်းသားတို့ ပြောစမှတ်ပြုကြသည်။
Labels: ယဉ်ကျေးမှုနှင့်စာပေ
0 comments: