သနပ်ဖက် အရွက်ခူးခြင်း

မိုးစ၍ ရွာသည့် နှစ်ပတ်မှ သုံးပတ်လောက် အကြာတွင် သနပ်ဖက်ရွက်များကို စတင်ခူးယူနိုင်၏။ သနပ်ဖက်ရွက်များကို အများအားဖြင့် ကဆုန်လဆန်း လောက်တွင် စ၍ခူးယူကြသည်။ သို့သော်လည်း သနပ်ဖက်ပင်ကို ခုတ်ဖြတ်ချိန်နှင့် မိုးစရွာသည့် အချိန်စောခြင်း၊ နောက်ကျခြင်းပေါ်တွင် မူတည်လေသည်။ သနပ်ဖက်ရွက်ကို ခူးရာတွင် တစ်ပင်လုံးကို တစ်ခါတည်းခူးခြင်းမျိုး မဟုတ်ဘဲ ရွေး၍ခူးရသည်။ ခူးရာတွင်လည်း မနုလွန်း မကြမ်းလွန်းသော အရွက်များကိုသာ ခူးရ၏။

0 comments:

Post a Comment