အကြောသင်ခြင်း

သနပ်ဖက်ရွက်များကို ခူးယူပြီးသောအခါ တစ်ရွက်စီ၏ အကြောများကို သင်ပေးရသည်။ အကြောသင်ရာတွင် ညှာတံနှင့်အကြောတို့ ထိစပ်နေသော နေရာမှစ၍ ဓားငယ်လေးဖြင့် သင်ရ၏။ ထိုကဲ့သို့ သနပ်ဖက်ရွက် အကြောများကို သင်ရာတွင် အကြောများစင်ကြယ်မှ သနပ်ဖက်ပို၍ ချောလေသည်။ သနပ်ဖက်များ ပိုချောပါမှလည်း အရောင်းသွက်သည့်ပြင် ဈေးလည်းပိုရလေသည်။ သနပ်ဖက်ကြောသင်ခြင်း အလုပ်ကို အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်ကြ၏။ သာမန်တောင်သူဦးကြီး တစ်ယောက်သည် တစ်နာရီလျှင် သနပ်ဖက်ရွက်စိမ်း ပိဿာချိန် ငါးပိဿာလောက်အထိ အကြောသင် ပြီးစီးနိုင်၏။

0 comments:

Post a Comment