သနပ်ဖက် လှော်ခြင်း

အကြောသင်ပြီးသား သနပ်ဖက်ရွက်စိမ်းများကို ဒယ်တွင်ထည့ှ်ု မီးဖြင့်ပေါင်းခံခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ သနပ်ဖက် လှော်သည် ” ဟုခေါ်၏။ သနပ်ဖက်များကို ခူးသည့်နေ့မှာပင် လှော်ရ၏။ အကြောသင်ပြီး သနပ်ဖက်များကို သနပ်ဖက် လှော်သည့်ဖိုတွင်ရှိသည့် ဒယ်ထဲတွင် ခရုပတ်စီ၍ ထည့်ပြီးနောက် သဲအိတ်ငယ် (၀ါ) သဲထည့်ထားသော ဂုန်နီအိတ်ဖြင့် ဒယ်တစ်ခုလုံးဖြန့်၍ ဖိထားပေးရ၏။ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ် ကြာသောအခါ ထုတ်ယူနိုင်၏။

သနပ်ဖက် လှော်သည့်ဖိုတွင် ဒယ်ပြား ဆယ့်ခြောက်ခုထိ ထားကြ၏။ အချို့လည်း ခုနစ်ခု၊ ရှစ်ခု စသည်ဖြင့် ထားကြသည်။ သနပ်ဖက်ရွက်စိမ်း တစ်ခါလှော်ပါက နှစ်ပိဿာမှ သုံးပိဿာအထိ လှော်နိုင်သည်။ လှော်နိုင်အားသည် ဒယ်အနည်းအများပေါ်တွင် မူ၏။

0 comments:

Post a Comment