သနပ်ဖက်များကို လှော်ပြီးသောအခါ အမျိုးအစားခွဲ၍ ရောင်းချကြ၏။ သနပ်ဖက်ကို အရွယ်အစားနှင့် အမျိုးအစား ခွဲခြားရခြင်းမှာ အချို့ဆေးလိပ်ခုံ များသည် သနပ်ဖက်အကြီးစားကို အလိုရှိကြပြီး၊ အချို့က အသေးစားကိုသာ အလိုရှိကြသောကြောင့် ဖြစ်၏။ အမျိုးအစားနှင့် အရွယ်အစားကို ရွေးချယ်ရာတွင်လည်း စည်းမျဉ်းများရှိ၏။

ယနေ့အထိ သတ်မှတ်ထားသော သနပ်ဖက် သင်္ကေတ အမှတ်အသားများမှ ခ(ခေါင်)၊ က(အကြီး)၊ လ(အလတ်)၊ စ(စက)၊ ၀(၀လုံး)၊ သ၀၊ သပြာ၊ သနီ၊ သကြက်ခြေ၊ သနှစ်ချောင်း၊ သသုံးချောင်းပထီး၊ အစုတ်ကြီး၊ အစုတ်သေး၊ ပယ် စသည်တို့ဖြစ်ကြသည်။

0 comments:

Post a Comment