သနပ်ဖက်ပင်ကို ဖြတ်လိုက်သောအခါ တန်ခူး၊ ကဆုန်လများတွင် အကိုင်းသစ်ထွက်လာ၏။ မိုးတစ်ပြိုက်နှစ်ပြိုက် ရွာသည်နှင့် ထွက်လာသော ကိုင်းသစ်သည် လျင်မြန်စွာ ကြီးထွားလာလေသည်။ သနပ်ဖက်ပင်ပို၍ ရှင်သန်လာစေရန်နှင့် အရွက်များ ကြီးမား ကျယ်ပြန့်လာစေရန်အတွက် အညွန့် အတက်များကို ချိုးပေးရသည်။ သနပ်ဖက် ခူးခြင်းနှင့် လှော်ခြင်း မပြီးမီကာလအတွင်း အညွန့်နှင့် အတက်များကို ချိုးပေးရ၏။ သနပ်ဖက်အတက်နှင့် အညွန့်များကို တစ်နှစ်လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိ ချိုးပေးလေ့ရှိကြသည်။

0 comments:

Post a Comment