လယ်နတ်ကျွေးခြင်း

စိုက်ပျိုးလုပ်ကိုင်သည့်မြေကို မထွန်ယက်မီ မြေကို ပေါက်ပြားဖြင့် သုံးချက်ပေါက်ရသည်။ ထို့နောက် ထမင်း၊ ငါးပိဖုတ်၊ ကြက်သွန်ဥ၊ ငရုတ်သီးတောင့်ကို ထမင်းနှင့်ထုပ်၍ ပေါက်ထားသည့် မြေကျင်းတွင်ထည့်ကာ အပေါ်တွင် မြေဖြင့်ပြန်ဖုံးရသည်။ ထို့နောက်ထိုထမင်း ကြက်သွန်တို့ကို နှစ်ပုံ ပုံကာ လယ်နတ်အပေါင်းအသင်းများအား ကျွေးလေသည်။ ဤသို့ လယ်နတ်တို့အား မိမိတို့လယ်ကို စောင့်ရှောက်ရန် ပူဇော်ပသခြင်းကို “ လယ်နတ် ကျွေးခြင်း ” ဟုခေါ်သည်။

0 comments:

Post a Comment