အခြားစီးပွားရေးလုပ်ငန်းမှာ အိမ်မှုလုပ်ငန်း ဖြစ်၏။ အိမ်တွင်းမှုလုပ်ငန်းအဖြစ် တောင်း၊ ပလုံး၊ ပလိုင်း၊ ထရံ၊ ဆန်ခါ၊ ဆန်ကော၊ ဖျာ နှင့် လက်ရက် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ၀ါးကို အထူးနိုင်နင်းသူများ ဖြစ်ကြ၏။ ၀ါးမှနေ၍ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် တောင်း၊ ပလိုင်း၊ ခြင်း စသည်များကို ရက်လုပ်ကြသည်။ ထွက်ကုန်များဖြစ်သည့် သစ်သီး၊ သနပ်ဖက် စသည်တို့ကို ထည့်ရန်အတွက် ၀ါးမှထွက်သော ပစ္စည်းများဖြင့်သာ အသုံးပြုကြသည်။

ထို့ပြင် ဓား၊ ပေါက်ပြား၊ တူးရွင်း၊ ထယ် စသည့် ပန်းပဲလုပ်ငန်းများ၊ လက်သမား လုပ်ငန်းများ၊ ပန်းထိမ်လုပ်ငန်းများဖြင့်လည်း အသက်မွေးသူများ ရှိကြ၏။ ပအိုဝ်း ပန်းထိမ်ဆရာများသည် ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်များဖြစ်သော ဆံထိုး။ လက်စွပ်၊ နားတောင်း၊ လက်ကောက်၊ ခြေကျင်း၊ ဆွဲကြိုး စသည်များကို ပြုလုပ်ကြလေသည်။

0 comments:

Post a Comment