ပေါင်းမြက်ရှင်းခြင်း

သနပ်ဖက်ပင်များ စိုက်ပျိုးပြီးသောအခါ ပေါင်းမြက်များကို တစ်နှစ်လျှင် နှစ်ကြိမ်အထိ ရှင်းလင်းကြသည်။ သနပ်ဖက်ခြံမှ မိုးဦးဖက်များကိုခူး၍ လှော်ပြီးနောက် တော်သလင်းလောက်တွင် ပေါင်းမြက်များကို ရှင်းလင်းရ၏။ တန်ဆောင်မုန်း၊ နတ်တော်လသို့ ရောက်သောအခါ တစ်ကြိမ် ရှင်းလင်းရပြန်၏။ ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်းအားဖြင့် သဘာဝမြေသြဇာစိမ်း ရရှိသည့်အပြင် ရာသီဖက်များ ခူးရာတွင်လည်း လွယ်ကူစေသည်။

0 comments:

Post a Comment