လိမ္မော်သီး

ပအိုဝ်းတိုင်းရင်းသားတို့သည် လိမ္မော်သီးကိုလည်း စိုက်ပျိုးကြသေး၏။ လိမ္မော်သီးကို အောင်ပန်းမြို့ပတ်ဝန်းကျင်နှင့် ဆီဆိုင်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ကျေးသီးစံမန်းနယ်တို့တွင် အနည်းငယ်စီ စိုက်ပျိုးကြသည်။

လိမ္မော်ပင်နှင့် သစ်တော့ပင်တို့ကို စိုက်ပျိုးရာတွင် တစ်ဧကအတွင် တစ်ပင်နှင့်တစ်ပင် ၁၅ ပေခန့်ခွာ၍ စိုက်ပျိုးလျှင် အပင်ပေါင်း ၇၂၀ ခန့်စိုက်နိုင်၏။ တစ်ပင်လျှင် အနည်းဆုံး ၁၀ ပိဿာခန့်ထွက်၏။ အချို့အပင်မှာ ပိဿာ ၈၀ အထိ ထွက်လေသည်။

0 comments:

Post a Comment