ဒုံးလွတ်ပွဲ အနိုင်အရှုံး

ရှေးက ဘုရားကို ရှို့လွှတ်ပူဇော်သည့် ပွဲအဖြစ် အမြင့်ဆုံး ရောက်အောင် ရှို့လွှတ်ကြ၏။ ထိုသို့ ရှို့လွှတ်ရာတွင် အသံစုံ “ ၀ီ - ၀ီ ” ထွက်စေရန်အတွက် ၀ါးပြောင်းငယ် တိုရှည်များကို ထိပ်ပိုင်းတွင် တပ်ဆင်ကြ၏။ သို့သော် ယခုအခါတွင် အမြင့်သို့ မရှို့လွှတ်တော့သဖြင့် မတွေ့ရတော့ပေ။ မည်သူ့ဒုံး အဝေးရောက်သည်ကို ယှဉ်ပြိုင်ကြ၏။ အဝေးလွှတ်ကို ယှဉ်ပြိုင်သည့် ဒုံးသည် ဒုံးမလွှတ်ခင် ဆုကြေးငွေကို ထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီး ဒုံးသည် အခြားဒုံးများထက် ဆုကြေးပိုထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီးဒုံးများမှာ “ ရွိုင်၊ ဘုရားဗွာ၊ ကော်သာရွေး ” တို့ဖြစ်ကြ၏။

ယခင်က ဒုံး အနိုင်အရှုံးကို ဆုံးဖြတ်ရာတွင် ရှေ့ပိတ်ဟူသော စကာလုံးကို သုံးကြသည်။ ရှေ့ပိတ်ဟူသော အဓိပ္ပါယ်မှာ ဒုံးနှစ်လုံးကို တောင်အရပ်မှနေ၍ မြောက်အရပ်သို့ လွှတ်လိုက်ရာ ဒုံးတစ်လုံးသည် မြောက် စူးစူးသို့သွားပြီး ကျန်တစ်လုံးသည် အရှေ့မြောက်စူးစူးသို့ သွားသည်ဆိုပါစို့ ဒုံးနှစ်လုံးသည် တစ်တန်းတည်း ကျနေလျှင် အရှေ့မြောက်စူးစူးသို့ သွားသော ဒုံးသည် မြောက်စူးစူးသို့ သွားသော ဒုံးထက်ပို၍ ဝေး၏။ သို့သော်လည်း ရှေ့ပိတ်ဟူသော ဒုံးဥပဒေကြောင့် အရှေ့မြောက်စူးစူးသို့ သွားသောဒုံးသည် ဝေးပင်ဝေးသော်လည်း မြောက်စူးစူးသို့ သွားသောဒုံးကို မနိုင်ချေ။

အနိုင်အရှုံးအတွက် အုပ်စုတစ်စုနှင့်တစ်စု ဒုံးကျသည့်နေရာ အကွာအဝေးကို ပြိုင်ကြသည်။ ယခင်က ဒုံးအသံမြည် ပြိုင်ကြသည်ဟု မှတ်သားရသည်။ အများအားဖြင့် တွေ့ရသည်မှာ ပစ်မှတ်အတွင်း ၀င်မ၀င် ပြိုင်ကြသည်က များလေသည်။ တောင်ကြီးမြို့နယ်တွင် အကွာအဝေးချင်း တူနေလျှင် ဂိုး၏ဗဟိုနှင့် နီးသူက နိုင်၏။ ပင်လောင်းမြို့နယ်တွင် ဤသို့မဟုတ်ဘဲ အကွာအဝေးတူနေလျှင် အညီအမျှ ခွဲဝေယူကြသည်။ ဒုံးအနိုင်အရှုံးကို ဆုံးဖြတ်နိုင်ရန်အတွက် အဝေးမှနေ၍ စောင့်ကြပ်ရသည်။ ဂိုးထား၍ အနိုင်အရှုံး ဆုံးဖြတ်ပါက ဂိုးအပြင်ဘက်တွင် ကျရောက်သော ဒုံးကို အရှုံးဟု သတ်မှတ်သည်။ ဒုံးလွှတ်ပြီးပါက ဒုံးကိုတူးယူပြီး အကွာအဝေး တိုင်းထွာကာ အနိုင်အရှုံး ဆုံးဖြတ်ကြသည်။ ယခုအခါ ဒုံးကြီးများသည် ဂိုးမထားတော့ဘဲ ဗဟိုပစ်မှတ်ကိုထားကာ အကွာအဝေး ဆုံးဖြတ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးတက်ပြီဆုသည်နှင့် ညာသံပေးကာ ပျော်ကြ၏။ မိမိတို့ဒုံးသည် အခြားသူများ ဒုံးထက်သာကြောင်း လင်္ကာဖြင့် စောင်းမြောင်း၍ ရွတ်ဆိုကြ၏။ ရှေးက မိမိတို့ဒုံးတက်လျှင် ခေါင်းပေါင်း၊ အင်္ကျီများကိုပင် ချွတ်၍ ပျော်ကြသည်။ ရွှံ့တွေ့ပါကလည်း လူးလိမ့်ကာ ပျော်ကြ၏။ တစ်ဘက်လူကိုလည်း မခံချင်အောင် လက်ညှိုးထိုး၍စ၏။ ဒုံးမတက်သူများ ဒုံးတက်သူ၏ ကျီစယ်သမျှကို ခေါင်းငုံ့၍ ခံရရှာသည်။ အချို့က အိုးမဲဖြင့် တစ်ဘက်လူ၏ မျက်နှာကို သုတ်လိမ်းသည်အထိ ကျီစယ်ကြလေသည်။ တစ်ဘက်နှင့်တစ်ဘက်၊ တစ်ယောက်နှင့်တစ်ယောက် မည်မျှပင် လှောင်ပြောင် ကျီစယ်ကြသော်လည်း ခိုက်ရန်ဖြစ်ခြင်း၊ စိတ်ဆိုးခြင်း လုံးဝမရှိပေ။ လှောင်ပြောင် ကျီစယ်ခံရသူသည် နောင်နှစ်တွင် မိမိတို့ဒုံး သူတို့ထက် သာသွားပါက သူတို့ကို ပြန်၍ တုံ့ပြန်လှောင်ပြောင်ကြလေသည်။

ဒုံးလွတ်ခြင်းမှာ အန္တရာယ်များသဖြင့် လူနေအိမ်ခြေ မရှိသော ကွင်းပြင်သို့သာ ပစ်လွှတ်ကြသည်။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ)ကို ပအိုဝ်း တို့သာမက မြို့ပေါ်တွင် နေထိုင်ကြသည့် အခြားလူမျိုးများပါ စိတ်ဝင်စားကြသည်။ သူတို့သည် ပအိုဝ်းတို့နှင့်ရော၍ ပျော်ကြ၏။ ပအိုဝ်းတို့ “ ပွယ်လုဖိုင် ” သည် ကြီးသည်၊ ငယ်သည်၊ ချမ်းသာသည်၊ ဆင်းရဲသည် မခွဲခြားဘဲ၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေး ပျော်နိုင်သော၊ ပျော်ကြသော ပွဲပင်ဖြစ်၏။ ပအိုဝ်း “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ) သည် ပျော်ပွဲရွှင်ပွဲ အသွင်ကို ဆောင်ထားသော်လည်း စေတီကိုပူဇော်သည့် နှစ်သစ်ကူးပွဲတော်၊ ဘာသာရေးအသွင် သဏ္ဌာန်မှာ ပျောက်ပျက်မသွားပေ။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာနှင့် တစ်ရွာ ငြင်းခုံခိုက်ရန် ဖြစ်ပွားခြင်း မရှိပေ။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ)ကို လေ့လာလျှင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်း၊ စည်းလုံးသော အသွင်ကို ဆောင်ခြင်း၊ ဦးစီးခေါင်းဆောင်သူဖြစ်၏ စကားကိုနာခံခြင်း၊ ပွဲတော်ကော်မတီ၏ အဆုံးအဖြတ်ကို နာခံခြင်းများကို တွေ့ရပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ခြင်း)ကို ၀ါသနာပါ ကျွမ်းကျင်ရုံသာမက ဂုဏ်လည်းယူကြ၏။ ယခုခေတ်တွင် အာကာသသို့ ဒုံးပျံများ ပစ်လွတ်သည်ကို သိသောအခါ မိမိတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀ ကျော်ကတည်းက ဒုံးကိုလွှတ်လာတာ လုပ်လာတာ အဆန်းမဟုတ်ပါဘူးဟု ဂုဏ်ယူပြောဆိုကြ၏။ သို့သော် “ ပွယ်လုဖိုင် ” ခေါ် ဒုံးပြုလုပ်သည့် အတတ်မှာ ရှေ့ကအတိုင်းပင် ရှိ၏။ တိုးတက်မှုမရှိပေ။ အကယ်၍ ဒုံးလွတ်သည့် အတတ်ကို တိုးတက်ကြံဆ တီထွင်နိုင်လျှင် ---

0 comments:

Post a Comment