ရှင်ဝတ်တန်ဆာ

ပအိုဝ်း တိုင်းရင်းသားတို့၏ ရှင်လောင်းဆင်ယင် ထုံးဖွဲ့မှုသည် မြန်မာတို့၏ ရှင်လောင်းထုံးဖွဲ့မှုနှင့် တစ်စိတ်တစ်ဒေသအား တူညီမှုရှိသည်ကို တွေ့ရသည်။ လိုအပ်သော ပစ္စည်းများမှာ ရွှေထီးနှစ်လက်၊ ရေမျှောအိုးတစ်လုံး၊ ကွမ်းအစ်တစ်လုံး၊ မှန်ကြီးတစ်ချပ်၊ ကောဇောသုံးထည်နှင့် မြင်းတစ်ကောင် စသည်တို့ ဖြစ်သည်။

ရှင်လောင်းတစ်ပါးအတွက် အထက်ပါပစ္စည်းများကို ထိန်းသိမ်းရန် လူဆယ့်သုံးယောက် အနည်းဆုံးလိုသည်။ ၄င်းတို့မှာ မြင်းဇက်ကြိုးဆွဲရန် ကာလသား နှစ်ယောက်၊ ရှင်လောင်းကို မြင်းပေါ်မှ မကျစေရန် ထိန်းပြီး၊ လင်္ကာအဆိုပိုင်သူ ကာလသားနှစ်ယောက်၊ မြင်း၏ တစ်ဖက်တစ်ချက်စီတွင် ရွှေထီးဆောင်းရန် ကာလသားနှစ်ယောက်၊ မှန်ထောင်သူ ကာလသားတစ်ယောက်၊ ကွမ်းအစ်ကိုင် အမျိုးသမီး တစ်ယောက်၊ ရေမျှောအိုးကိုင် အမျိုးသမီး တစ်ယောက်နှင့် ပေါက်ပေါက်ဆုပ် ကြဲဖြန့်ရန် အမျိုးသမီး တစ်ယောက် စသည်တို့ ဖြစ်သည်။ အချို့စက်ဘီးများရာ ဒေသတွင် ရှင်လောင်းကို စက်ဘီးပေါ်တွင် တင်၍ တွန်းကြ၏။ မြင်းရော၊ စက်ဘီးရော မရပါက ကာလသားတစ်ဦးဦးက ရှင်လောင်းကို ပခုံးပေါ်တွင် ခွထိုင်စေပြီး ထမ်းလေသည်။

0 comments:

Post a Comment