လင်ယောင်္ကျားအပေါ်သဘောထား

ပအိုဝ်း မိသားစုတွင် လင်ယောက်ျားသည် အိမ်ထောင်စုအပေါ် သြဇာအညောင်းဆုံးသူဖြစ်၏။ သားသမီးများကလည်း ဖခင်ကို ရိုသေလေးစားကြသည်။ အိမ်ရှင်မများကလည်း လင်ယောက်ျားကို ရိုသေလေးစားကြ၏။

အိမ်ရှင်မများသည် လင်ယောက်ျားအတွက် သောက်ရေကို သီးသန့်ထားလေ့ရှိသည်။ ထမင်းပန်းကန်၊ ဟင်းပန်းကန် များကိုလည်း သီးသန့်ထားလေ့ ရှိသည်။ ထမင်းစားချိန်တွင် လင်ယောက်ျား မရှိပါက ထမင်းဦး ဟင်းဦးကို ခူးခပ်ထားတတ်ကြသည်။

လင်ယောက်ျား ခရီးထွက်ပါကလည်း လင်ယောက်ျား၏ အိပ်ရာကို သန့်သန့်ပြန့်ပြန့် ပြင်ဆင်ထား၏။ ဘုရားပန်းများ အသစ်လဲလှယ်ပြီး ဆုတောင်းခြင်း ပြုကြ၏။ နံနက်စာထမင်းကိုလည်း ခူးခပ်ထားတတ်ကြသည်။ လင်ယောက်ျား မပြန်လာပါကလည်း ညစာစားသောအခါ အိမ်သားများပင် စားကြသည်။ ဤသို့ ခူးခပ်ထားရခြင်းမှာ လင်ယောက်ျား ပြန်လာပါက အဆင်သင့် စားသောက်နိုင်ရန်ပင် ဖြစ်သည်။

0 comments:

Post a Comment