မုဆိုးမအပေါ်သဘောထား

ရပ်ရွာထဲတွင် မုဆိုးမ ရှိပါက မျက်နှာမငယ်စေရန် စိတ်အားမငယ်စေရန် ရပ်ရွာက ၀ိုင်းဝန်းစောင့်ရှောက်ပေးကြသည်။ အလုပ်အကိုင် တောင်ယာ များကိုလည်း သားကြီး သမီးကြီးများက ဦးဆောင်လုပ်ကိုင်ပေးသည်။

ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် မရှိပါက ရပ်ရွာက ကူညီစောင့်ရှောက် ကျွေးမွေးထားသည်။ ရပ်ရွာကိစ္စ၊ မင်းမှုကိစ္စ၊ ငွေကြေးအလှူခံ ကိစ္စများတွင်လည်း မုဆိုးမများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေသည်။ မုဆိုးမကို လက်ထပ်သော အလေ့လည်း ရှိကြ၏။ သို့သော် လင်နှစ်ယောက်၊ သုံးယောက် သေပြီးသော မုဆိုးမကို လက်ထပ်ရန် ရှောင်ကြဉ်ကြ၏။

0 comments:

Post a Comment