ဆွေမျိုးတော်စပ်ပုံ

ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုရေးစနစ်မှာ ရှမ်း - မြန်မာ တို့နှင့် ဆင်တူသည်။ အိမ်ထောင်ဦးစီးမှာ ဖခင်ပင် ဖြစ်သော်လည်း မိခင်သည် အိမ်တွင်းမှုတွင် ပို၍သြဇာညောင်းသည်။ အခြား ပြည်ထောင်စု တိုင်းရင်းသားများ ကဲ့သို့ပင် လူမှုရေး၊ စီးပွားရေးများတွင် ယောက်ျားနှင့်မိန်းမ တန်းတူ အဆင့်အတန်း ရှိကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ထောင်စုတွင် ရှိသော သက်ကြီးရွယ်အိုများကို ရိုသေကိုင်းရှိုင်းကြ၏။ သက်ကြီးရွယ်အိုတို့ကို ဗဟုသုတ ပြည့်စုံကြွယ်ဝ သူများဟု သဘောထားပြီး အိမ်ထောင်သားတို့ နာခံကြသည်။ ဆွေသားမျိုးသား အသိုင်းအ၀ိုင်းနှင့် တစ်အိမ်ထောင်တည်းတွင် စုပေါင်းနေတတ်သည်။ အချို့မှာ အိမ်ထောင်ပြုပြီးသောအခါ သီးခြားခွဲနေကြ၏။ အမျိုးအနွယ်အလိုက် သီးခြားနေတတ်ကြသည်။

မိန်းမ၏ မောင်နှင့်အစ်ကိုအား “ မတ် ” ဟု ခေါ်သည်။ ညီမ၏ ယောက်ျားကိုလည်း “ မတ် ” ဟုပင်ခေါ်သည်။ ညီအစ်မနှစ်ယောက်၏ ယောက်ျားများတွင် အစ်မ၏ လင်ယောက်ျားအား ညီမ၏ လင်ယောက်ျားက “ ဘကြီး ” ဟုခေါ်သည်။ ညီမ၏ လင်ယောက်ျားကို အစ်မ၏ ယောက်ျားက “ ဦးလေး ” ဟုခေါ်သည်။

အဖေ၏ ညီကိုလည်း ဦးလေး ဟုခေါ်ပြီး၊ အဖေ၏အစ်ကိုကို ဘကြီးဟု ခေါ်သည်။ အမေ၏ မောင်နှင့် အစ်ကိုအား ယေက်ခမ ဟုခေါ်သည်။ အဖေ၏ ညီမနှင့် အစ်မကိုလည်း ယောက်ခမ ဟုခေါ်သည်။ အမေ၏ ညီမကို ဒွေးတော် ဟုခေါ်သည်။ အမေ၏ ညီမကို ဒွေးတော် ဟုခေါ်သည်။ အမေ၏ အမကို “ ကြီးတော် ” ဟုခေါ်သည်။ ထို့ပြင် ဇနီးသည်၏ ညီမကိုလည်း ဒွေးတော် ၊ ဇနီးသည်၏ အစ်မကို “ ကြီးတော် ” ဟုပင်ခေါ်ကြသည်။

<b>ဆွေမျိုးတော်စပ်ပုံ</b>

ပအိုဝ်း        မြန်မာ
မွိုး        အမေ
ဖာ        အဖေ
မွိုးဖာ        မိဘ
ပိုခို        သား
ပိုမူ        သမီး
ဖာဖြား(ဖာဖရား)    အဘိုး
မွိုးဖြား(မိုးဖရာ)    အဘွား
ဖာနန်        ဦးလေး
မွိုးနန်        ဒေါ်လေး

0 comments:

Post a Comment