အုပ်ချုပ်ရေး

ယခင်ပဒေသရာဇ်တို့ အုပ်စိုးစဉ်က ပအိုဝ်းကျေးလက် တောရွာများတွင် “ ဟိန် ” ခေါ် တိုက်သူကြီး၊ “ မေတိုင် ” ခေါ် ရွာသူကြီးဟူ၍ အကြီးအကဲ အဆင့်ဆင့် ရှိလေသည်။ “ မေတိုင် ” ခေါ် ရွာသူကြီးကို အချို့က “ ကျော့ ” ဟူ၍လည်းကောင်း၊ “ ဖြားဒုံ ” ဟူ၍လည်းကောင်း ခေါ်ကြသေးကြောင်း မှတ်သားရသည်။ ယခုအခါ “ ဖြားဒုံ ” ခေါ် ရွာသူကြီးသည် ကျေးရွာ၏ ကိစ္စအ၀၀ကို ဦးစီးခေါင်းဆောင် ညွှန်ကြားရသည့်ပြင် လူမှုရေးအရှုပ်အထွေး များနှင့် တရားစီရင်ရေး တို့ကိုလည်း ဆုံးဖြတ်ပေးရသည်။ “ ဖြားဒုံ ” ခေါ် ရွာသူကြီးကို တစ်ရွာလျှင်တစ်ဦးကျ ရွေးချယ်တင်မြှောက်ကြသည်။ “ ဟိန် ” ခေါ် တိုက်သူကြီးသည် ကျေးရွာများနှင့် ကျေးရွာသူကြီးများကို ကွပ်ကဲရသည်။ “ ဟိန် ” ခေါ် တိုက်သူကြီးသည် သြဇာအာဏာရှိသူ ဖြစ်လေသည်။

ခေတ်စနစ်သည် ပြောင်းခဲ့လေပြီ။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်သည့် ဒေသများတွင် နိုင်ငံတော် ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား တို့သည် မိမိတို့ဒေသ၊ မိမိတို့ ကျေးရွာများကို သူတို့ကိုယ်တိုင် အုပ်ချုပ်နေကြလေပြီ။ နိုင်ငံတော်၏ အလံတော်အောက်တွင် ပအိုဝ်းတိုင်းရင်းသား လူထု တစ်ရပ်လုံးသည် ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်ကျေးရွာများကို ကိုယ်တိုင်အုပ်ချုပ်နေကြချေပြီ။ မိမိတို့ဒေသ၏ လူမှုရေး၊ တရားစီရင်ရေးတို့ကို သူတို့ကိုယ်တိုင် ဖြေရှင်းနေကြလေပြီ။

0 comments:

Post a Comment