ဒုံးလွတ်ပွဲ

ရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ရာသီဥတု ကောင်းမွန်သာယာရေး၊ တောင်ယာထွက် သီးနှံများ အောင်မြင်ရေး၊ ပိုးမွှားဖျက်ဆီးမှု ကင်းဝေးစေရေး၊ စီးပွားရေး ဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ ဒါန အောင်မြင်မှု အထိမ်းအမှတ် အဖြစ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ဆုတောင်းသည့် ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲ ဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုးမိသင်္ဂဟများကိုလည်း ပြန်လည်ဆုံတွေ့ ကြရလေသည်။

ဒုံးလွှတ်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်ကြ၏။ ရှမ်းပြည်နယ် ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် ကျင်းပကြ၏။ ဒုံးလွှတ်ပွဲကို နှစ်စဉ် နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများတွင် ကျင်းပကြသည်။ ၀ါဆိုလပြည့်ကျော်လျှင် ဒုံးလွှတ်ပွဲများ ကုန်လေသည်။ သို့သော် ယခုအခါတွင် တော်သလင်းလ အထိ ကျင်းပနေကြသည်ကို တွေ့ရ၏။ တောင်ငူခရိုင် ဇရပ်ကြီးမြို့တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် သင်္ကြံန် အခါတွင် ကျင်းပလေ့ရှိကြသည်။ ဒုံးလွှတ်ပွဲကို စေတီပုထိုးအနီးတွင် ကျင်းပကြပြီး၊ ရဟန်းသံဃာများကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ လှူဖွယ် ၀တ္ထုများ လှူဒါန်းပြီး တရားတော်ကို နာယူကြသည်။ လူထုပရိသတ်ကိုမူ ထမင်းကျွေးခြင်း၊ ထမင်းထုပ်ကမ်းခြင်း၊ ယာဂုထုပ် ကမ်းခြင်းဖြင့် ဧည့်ခံကြလေသည်။

ရှေးက ပအိုဝ်း တိုင်းရင်းသားတို့သည် ဒုံးကို ၀ါးကျည်ထောက်များဖြင့် ပြုလုပ်ကြ၏။ နောင်တွင် သွပ်ပြားဖြင့် ပြုလုပ်လာကြ၏။ ယခုအခါ မော်တောကား “ ဂွိုင်း ” သံပိုက်များဖြင့် ပြုလုပ်ကြသည်။ ဒုံးလွှတ်ပြီးပါက၊ သံပိုက်ကို ပြန်သိမ်းထားကြသည်။ အချို့ကလည်း ဒုံးပြုလုပ်သည့် ဒုံးဆရာ၏ အိမ်တွင်ထားကြ၏

1 comments:

  1. Hotels near Harrah's Casino, Reno, NV | Mapyro
    Hotels 1 - 12 of 67 — Harrah's Cherokee Casino and Hotel. 김해 출장샵 Nearby 이천 출장마사지 Attractions. Open 동두천 출장마사지 now. The 남양주 출장마사지 following are known hotels within: 영주 출장마사지 Harrah's Cherokee

Post a Comment