ဘာသာစကား
ပအိုဝ်းသမိုင်း ပအိုဝ်းတိုင်းရင်းသားတို့သည်ကရင်ဘာသာစကားနှင့်နီးစပ်သောဘာသာစကားကိုပြောဆိုကြသည်။ ထို့ပြင်ပအိုဝ်းတိုင်းရင်းသားတို့ဘာသာစကားတွင်ပါဠိစကားများ
ပေါရာဏစကားများပါဝင်နေသည်ကိုတွေ့ရ၏ထို့ပြင်မြန်မာစကားနှင့်ဆင်တူအသံကွဲသော စကားများလည်းပါဝင်နေကြောင်း တွေ့ရှိရပေသည်။
စကားပြောရာတွင်ဖြစ်စေ စာဖတ်ရာတွင်ဖြစ်စေ ရ ကို(RA) သံပါအောင် ပြေကြဖတ်ကြသည်။ဂဏန်းအခေါ် အဝေါ်ကိုကြည့်လျှင် တစ်နေရာတွင် (တ)နှစ်နေရာတွင်(နီ)သုံးနေရာတွင်(စုံ) လေးနေရာတွင် (လစ်) ငါးနေရာတွင် (ငတ်) စသည်ဖြင့် အလေးအပေါ့လောက်သာကွာခြား၏
ဂဏန်းအခေါ်အဝေါ်များ
| ပအိုဝ်းအခေါ် | မြန်မာအခေါ် |
| ၁ တဗာ | တစ် |
| ၂ နီဗာ | နှစ် |
| ၃ စုံဗာ | သုံး |
| ၄ လစ်ဗာ | လေး |
| ၅ ငတ်ဗာ | ငါး |
| ၆ စူဗာ | ခြောက် |
| ၇ နွတ်ဗာ | ခုနှစ် |
| ၈ စွတ်ဗာ | ရှစ် |
| ၉ ကွတ်ဗာ | ကိုး |
| ၁၀ တရှီ | တစ်ဆယ် |
| ၁၀၀ တြာ | တစ်ရာ |
| ၁၀၀၀ တြိန် | တစ်ထောက် |
| ၁၀၀၀၀ တသောင် | တစ်သောင်း |
| ၁၀၀၀၀၀ တသိန် | တစ်သိန်း |
| ၁၀၀၀၀၀၀ တသန် | တစ်သန်း |
အောက်ဖော်ပြပါအခြားဝေါဟာရများကို လေ့လာကြည့်ပါကလည်း မြန်မာဘာသာစကားနှင့်ဆင်နေကြောင်း
တွေ့ရပေသည်။
| ပအိုဝ်းအခေါ် | မြန်မာအခေါ် |
| ထီ | ထီး |
| ဟန်အို | ဟင်း |
| လို | လူ |
| ဖ၀ါ | ပုဝါ |
| သတ်သာ | သက်သာ |
| တံခါ | တံခါး |
| မိုးဖာ | မိဘ |
| လာ | လူ |
| ကွိုက် | ကိုက် |
| ၀ါဆုံ | ၀ါးရုံ |
| နားရီ | နာရီ |
| ဗုံ | ပုံး |
| ရေရွယ် | ရည်ရွယ် |
| ဆေ | ဈေး |
| ယိုခါ | ယခုအခါ |
| ထိန်သိမ် | ထိန်းသိမ်း |
| စာက် | စက် |
| ပွယ် | ပွဲ |
| ကျောင် | ကျောင်း |
အခြားတူသောစကားများလည်းရှိသည်။
ပအိုဝ်းစကားတွင် မြန်မာပေါရာဏနှင့် ပါဠိစကားလုံးများလည်း များစွာပါဝင်နေကြောင်းတွေ့
ရသည်။ပြောသောစကားများတွင်ကျေးဇူး၊မေတ္တာ၊သစ္စာ၊ကရုဏာ၊ဒုက္ခ၊သုခ၊အနိစ္စ၊အကျိုးအကြောင်း၊ကံကြမ္မာ ကုသိုလ်စသည့်စကားလုံးများကိုအများဆုံးထည့်သွင်းပြောဆိုကြသည်ကိုလေ့ထာတွေ့ရှိနိုင်ပေသည်။
မြန်မာစကားများကိုလည်း ပြောဆိုကြသည်ကိုတွေ့ရ၏ ဥပမာအားဖြင့်ကန်တော့သည်၊လှူသည်၊ရိုသေ၊
ဘေးရန်၊ကင်းရှင်း၊အစိုးရ၊ဘာသာ၊သာသနာ၊အစည်းအဝေး၊ရေနံ၊ဆိုင် အစရှိသည့်ဝေါဟာရများပင်ဖြစ်၏
Labels: လူမျိုးနှင့်ဘာသာစကား




1 comments:
February 21, 2014 at 11:05 AM
Thank fri.