တောင်သူမှပအိုဝ်းသို့
ပအိုဝ်းသမိုင်း ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှနေ၍ ထွက်ခွါလာရာတွင် တောင်အရပ်မှ မြောက်အရပ်သို့
ထွက်ခွာလာခြင်းဖြစ်၍အခြားတိုင်းရင်းသားများပအိုဝ်းတိုင်းရင်းသားတို့ကိုတောင်သူ ပအိုဝ်းဘာသာစကား
ဖြင့်တောင်စုအသံထွက်၏အဓိပ္ပါယ်မှာ ရိုးသားခြင်းလူရိုးလူဖြောင့် ရိုးသားဖြောင့်မှန်သူဟူ၍ဖြစ်သည်။ယင်းကို
မြန်မာကတောင်သူ ဟု သ နှင့် အသံထွက်လိုက်သောကြောင့် တောင်သူ၊ယာခုတ်၊တောသား၊တောင်သူဆို
သည့်အဓိပ္ပါယ်မျိုးဖြစ်လာသည်။ပအိုဝ်းဘာသာနှင့် ပပေးယို တောင်စူမှတောင်စူ ဟုပြောလိုက်သောအခါ
ဒီကလေးရိုးမှရိုး ဟူသောအဓိပ္ပါယ်မျိုးဖြင့် ရှေးမြန်မာများက ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်စူ (လူရိုး) ရိုးသားဖြောင့်မတ်သူဟုဆိုလိုသော်လည်း သ သံကြောင့်အဓိပ္ပါယ်တစ်မျိုးဖြစ်သွားလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ပအိုဝ်းဟုခေါ်ဝေါ်ကြခြင်းမှာ ယခုမှသာမဟုတ်ဘဲ လူမျိုးပေါ်
ပေါက်လာစကတည်းကခေါ်ဆိုခဲ့ကြဟန်တူပေသည်။ပအိုဝ်းဘာသာဖြင့်ရေးသားထားသောသုဝဏ္ဏပကာသနီ
ကျမ်းတွင် ပအိုဝ်းကို ပအူ၊ပအို၊တောင်သူ ဟူ၍ဖော်ပြထားလေသည်။
ဦးဘသန်း မြန်မာရာဇ၀င် (စာမျက်နှာ ၂၃) တွင် ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြ
တည်ထောင်ရန်အတွက်ရှိနှင့်ပြီးသားတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်။ သထုံမြို့ကားယခုအခါ
တောင်သူလူမျိုးတို့၏အချက်အချာဖြစ်သည်။ သထုံရွှေစာရံဘုရားကြီးသမိုင်းတွင် သထုံ၌ တောင်သူပအူ
လူမျိုးများ စိုးစံကြောင်းနှင့်ဆိုသည် ဟုရေးသားဖော်ပြထားသည်။
မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်း ပေါင်းချုပ်တွင်လည်းသထုံတွင်ခြင်း၏ အကြောင်းကား
ယခင်သုဝဏ္ဏဘုမ္မိပြည်ဘွဲ့အမည်မဖြစ်မည်ကပြည်စောင့်နတ်၊မြို့စောင့်နတ်ဟု ရှိ၏တန်ခိုးက္ကဒ္ဓိပါတ်မကြီး
ကျယ်သေး၊သာမညသာရှိသေးသည်။၎င်းနောက်သုဝဏ္ဏဘုမ္မိပြည် တည်ထောင်ဖြစ်ပွားစည်ကားသာယာရှိပြီး မှရှေးကထက် သာလွန်၍ ပြည်စောင့်နတ် မြို့စောင့်နတ်ဟု ပြည်သူ ပြည်သားမွန်လူမျိုး ပအူလူမျိုးတို့အလွန်
လိုလား အားစိုက်ကြကုန်၏ ဟုဖော်ပြထားလေသည်
သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရား
ကျောက်စာခေါ် မင်းနန္ဒသူ ကျောက်စာ ကြောင်းရေ ၄၃ တွင်လည်း ပအိုဝ်း ဟူသော စကားကိုတွေ့ရှိရ၏
ဦးဘန်း၏မြန်မာရာဇ၀င်နှင့်မွန်ရာဇ၀င်နှင့် စေတီတော်သမိုင်းပေါင်းချုပ်တွင်လည်း ပူ၊ပအို၊တောင်သူ ဟူ၍
ဖော်ပြထားလေသည်။ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားကိုရှေးကပင် ပအူဟူ၍လည်းကောင်း ၊ပအိုဝ်း ဟူ၍
လည်းကောင်းခေါ်ခဲ့ကြပေသည်။
အချို့ကလည်းတောင်သူဆိုသည်မှာ တောင်ယာလုပ်ကိုင်စားသောက်သူများကိုခေါ်ကြောင်းဖြင့်လည်း
ဆိုကြပါသည်။ပညာရှင်များနှင့်သုတေသနများက တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍ တောင်သူ
ခေါ်ကြောင်းဖြင့်ထက်မြင်ချက်ပေးကြသည်။ ဥပမာအားဖြင့်ကရင်နီတို့သည်ကရင်တစ်မျိုးဖြစ်သော်လည်း
ကယားဟုခေါ်သကဲ့သို့ တောင်သူမှာလည်း တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍ တောင်သူဟုခေါ်
ကြောင်းဖြင့်ဆိုကြသည်။
အခြားတိုင်းရင်းသားများကလည်းပအိုဝ်းတိုင်းရင်းသားများကို တောင်သူ ဟူ၍ခေါ်ကြလေသည်။တောင်
သူအခေါ်အဝေါ်နှင့်ပက်သက်၍ မြန်မာတို့သည် မိမိတို့ထက် တောင်ဘက်ကျသော သထုံနယ် ကုန်းမြေမြင့်
ရှမ်းပြည်ဆီသို့တတ်ခဲ့ကြရာ တောင်လူ ဟုခေါ်ရာမှ ကာလရွေ့လျောလာသည်နှင့်အမျှ တောင်သူ ဟူ၍
ပြောင်းလဲလာသည် ဟုလည်း ဆိုကြပေသည်။ သုတေသနသရုပ်ပြ အဘိဓါန်ကလည်း လူမျိုးတစ်ရာ့တစ်ပါး
တွင်တစ်မျိုးအပါအ၀င်ဖြစ်ကြောင်းဖော်ပြနေ၏ဇဗ္ဗူဆံဆိပ်ကျမ်းကလည်းမြန်မာခုနှစ်မျိုးထဲတွင်သက်နှင့်ရခိုင်
နှိုင်းပြိုင်တောင်သူ၊ပျူကမ်းယံလည်း တောင်သူလူမျိုးဟူ၍တွေ့ရ၏
ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့ကိုပုဂံခေတ်ကပင် ပအူ ဟူ၍လည်းကောင်း ၊ တောင်သူဟူ၍လည်းကောင်း
ပအိုဝ်းဟူ၍လည်းကောင်း ခေါ်ခဲ့ကြကြောင်းထင်ရှားသည်။
သတင်းထောက်ချစ်လွင်၏တို့ပြည်ထောင်စုဆောင်းပါးတွင်တိုင်းရင်းသားလူမျိုးစုများအနက် ပအိုဝ်းတိုင်းရင်းသားကို အမှတ်စဉ် ၂၂ တွင် ပအိုဝ် (တောင်သူ)ဟု ဖော်ပြထား၏ စ၀်ခွန်ကြည်၏ မှတ်တမ်း
အရလည်း အောက်မြန်မာပြည်သထုံပျက်၍ ရှမ်းပြည်သို့ပြောင်းရွေ့လာစဉ်ကပင်တောင်သူ ဟုခေါ်ခဲ့ကြောင်း
ထင်ရှား၏ရှေးစာဟောင်းပေဟောင်းတွင်လည်းတောင်သူဟုသာအခေါ်များခဲ့ကြ၏စ၀်ခွန်ကြည်၏ ရှမ်းပြည်နယ်အမှားတော်ပုံတွင် တလိုင်း၊ကရင်၊တောင်သူ၊ရခိုင်၊ချင်း၊ကချင်၊အစရှိသည့်နယ်ပယ်လူမျိုးများကို
ဟုရေးသားဖော်ပြထားသည်ကိုလည်းကောင်း၊သုဝဏ္ဏသျှံသူဌေးခန်းပျို့(စာ၅၆)တွင်ကုန်သည်တရုတ်၊ လယ်လုပ်မရော၊စကြောမပွမ်း၊ဂျွမ်းနှင့်တောင်သူ၊လူကားတရိုး၊သူမြတ်မျိုးကားဟုတွေ့ရပြန်သေး၏
တောင်သူမှာပအိုဝ်းတိုင်းရင်းသားကိုပင်ဆိုလိုပေသည်။
ဤသည်ကိုထောက်လျှင်ပအိုဝ်းတိုင်းရင်းသားတို့သည်ရှေးနှစ်ပေါင်းများစွာကတည်းကပင် မြန်မာပြည်တွင်
တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် နေထိုင်ခဲ့သည်။ယနေ့တိုင်ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ကိုယ်ပိုင်ဘာသာစကား
သီးခြားရှိနေပေသည်။ ယခုအခါတောင်သူဟူသော အမညနာမ တဖြည်းဖြည်းပပျောက်ပြီး ပအိုဝ်း ဟူ၍ အသိများကလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ၄င်းတို့အား တောင်သူဟုခေါ်ခြင်းထက် ပအိုဝ်းဟုခေါ်ခြင်းက
ပို၍နှစ်သက်ကြသည်။အဘယ်ကြောင့်ဆိုသော် -----------------------------
( ၁) တောင်သူဟူသောစကားမှာတောင်ယာလုပ်ငန်းဖြင့်အသက်မွေးသူဟုအဓိပ္ပါယ်ရ၍တောင်သူ
လယ်သမားနှင့် တောင်သူလူမျိုးကို မရောယှက်လိုခြင်း။
(၂) ပအိုဝ်းဘာသာစကားဖြင့်မိမိလူမျိုးအခေါ်အဝေါ်ကိုပိုမိုနှစ်ခြိုက်စွာ အသုံးပြုလိုခြင်း၊
(၃) ယခင်အချိန်က တောင်သူလယ်သမားများသည်စာပေမတတ်၊ဗဟုသုတခေါင်းပါးပြီးထုံထိုင်း ရိုးအသောသူဟု အယူရှိကြသဖြင့် တောင်သူဟု ခေါ်ခြင်းကို မနှစ်လိုခြင်းတို့ဖြစ်လေသည်။ထို့ပြင်
ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ်ထွန်းကားခင်က အလုပ်အကျွေးပြုရသောလူတန်းစားအဖြစ်
သတ်မှတ်ခံရသောကြောင့်ဖြစ်လေသည်။
အထက်ပါအကြောင်းအချက်များကြောင့်ပအိုဝ်းတိုင်းရင်းသားတို့သည်တောင်သူမှပအိုဝ်းဟူ၍ခေါ်ဝေါ်သုံးစွဲ ရန် ၁၉၄၈ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့မှ သထုံဦးလှဖေ ခေါင်းဆောင်သော ပအိုဝ်းလူထုဆန္ဒပြပွဲ ကို သထုံမြို့မော်ကြော့ရပ် ရောကျော်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းတွင်ကျင်းပခဲ့သည်။ယင်းဆန္ဒပြပွဲ မှ ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်သူဟူ၍ ခေါ်ဆိုရာမှ ပအိုဝ်း ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ဤဆုံးဖြတ်ချက်ကို သက်ဆိုင်ရာတို့က အသိအမှတ်ပြုခဲ့လေသည်။
လွပ်လပ်ရေးရပြီးသည့်နောက်တွင်ပအိုဝ်းတိုင်းရင်းသားတို့ကိုအခြားတိုင်းရင်းသားများက တဖြည်းဖြည်းအသိအမှတ်များလာ၏ပအိုးဟူ၍သိလာကြသော်လည်းပအူ၊ပအို၊ပအို့၊ပအိုဝ့်၊ပအိုဝ်း၊စသည်ဖြင့် အမျိုးမျိုးရေးသားခေါ်ဝေါ်နေကြပေသည်။သို့ရာတွင်ပအိုနှင့်ပအိုးအသံနှစ်မျိုး၏ကြားအသံသည်တိကျမှန်ကန် ဌာန်ကရိုဏ်းကျပေသည်။တိကျမှန်ကန်သေချာသောပအိုဝ်းအရေးအသားမှာမရေမရာမသေမချာဖြစ်နေ ပေ
သေး ၏ ထို့ကြောင့် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းယဉ်ကျေးမှုမြင့် တင်ရေးအဖွဲ့ကပအိုဝ်း ဟူသောဝေါဟာရကိုသာရေးသားခေါ်ဝေါ်ကြရန်အသိမှတ်ပြု၍သဘောတူဆုံးဖြတ်ကြလေသည်။
ထိုအချိန်မှစ၍ ယနေ့တိုင်ပအိုဝ်းဟုသာရေးကြလေသည်။ပအိုဝ်းတိုင်းရင်းသားတို့ကလည်းမိမိတို့အား ပအိုဝ်း
ဟုခေါ်ဝေါ်ရေးသားခြင်းကိုသာ နှစ်သက်ကြလေသည်။
Labels: နောက်ခံသမိုင်း
2 comments:
January 3, 2013 at 2:11 PM
ပအို့စကား နှင့် ပအို့စာ ကောင်းကောင်းဖတ်တတ် ရေးတတ်သူတစ်ယောက် သိလိုသည်။ ပအို့ဝေါဟာရတချို့ မေးစရာ ရှိသည်။ ကျောက်စာမှ ကျွန်တော်တွေ့ရှိသော စကားလုံးတချို့သည် ပအို့စကား ဖြစ်နိုင်သည်ဟု ယူဆလို့ပါ။ ပအို့စာဖတ်တတ်သူရှိလျှင် ကျနော်အီးမေးလ်နှင့် ဆက်သွယ်ပေးပါ။ htawmonzel@gmail.com
ကျနော်သုတေသနအတွက် အထူးလိုအပ်နေသည်။
လေးစားစွာဖြင့်
ထောမန်ဇြာ
March 19, 2014 at 5:19 PM
Dear All,
Please also study the history books written by Indian authors, such as below. And refer some notes.
Prakash, Col Ved, (2007) “Encyclopaedia of North-East India, Volume 1”
Burma. Their port capital was Thaton, and through this window to sea, they saw India in its full glory, united and peaceful under Asoka, the Great and a flourishing centre of Theravada Buddhism. Asoka sent a mission of Buddhist monks to Suvarbabhumi(=Golden Land) which no doubt was Mon region of Lower Burma. The ancient monastic settlement of Kelasa, a few miles from Thaton, and founded by Asoka’s missionaries, was mentioned in early Ceylonese records as being represented at a great religious ceremony held in 2nd century BC. This is one example of evidence about Asoka’s (273-232 BC) interaction with Burma in pre-Christian era.[31] Asoka also sent preachers, besides Burma, to Nepal, Ceylon, Egypt, Syria and Macedonia. Some historians in fact claim that the Buddhism reached Tibet via Assam. Does not this postulation tell a story? Assam was not only important in Indian consciousness, but also an important part of its physicality. Otherwise in an earlier period, why should Pragjyotisha find a mention in Mahabharata, and in latter period, why should reference to Kamarupa be found in an Allahabad inscription of Samudragupta in 4 AD?
Please also visit our blog below.
http://wunzinminraja.blogspot.sg/